28 Jan, 2010  |  Written by Mg Ogga  |  under joke

ကျွန်တော်မှာ ပုံပြင်တွေပြောတတ်တဲ့ မိတ်ဆွေကြီးတစ်ယောက်ရှိပါတယ်။ ဒီမိတ်ဆွေကြီးက မြန်မာရိုးရာပုံပြင် တွေစု တွေသမျှလူလိုက်ပြောလေရဲ့ ကျွန်တော်လည်း ဒီကောင်ကို ပြောစရာပုံပြင်တစ်ပုဒ်ရှိတယ်။ မြန်မာရိုးရာပုံပြင် တစ်ခုပါပဲ။ ကျွန်တော်ရဟန်းဘ၀မှာ နေတုန်းကကြားဖူးခဲ့တဲ့ပုံပြင်လေးပါ။

တခါကရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ၀ါဆိုတော်မှုတဲ့ ရဟန်းတစ်ပါးရှိလေရဲ့ ထိုရဟန်းက ရဟန်းတို့ နေစဉ်လုပ်ငန်းစဉ်တိုင်း အိမ်စဉ်လှည့် ဆွမ်းခံထွက်ရပါတယ်။ အိမ်တွေနဲ့က မရင်းနီုးသေးတော့ အိမ်ရှေ့မှာပဲ ရပ်ပြီးဆွမ်းခံရတာပေါ့ နောက်ကြာလာတော့ အိမ်ထဲမှာ ဆွမ်းပင့်တာခံရတာပေါ့။ ဒီရဟန်းတော်ကို ထူးထူးခြားခြား ကြည်ညိုတဲ့ ဒကာကြီးတစ်ယောက်ရှိလေရဲ့။ Continue Reading ->

ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တစ်သိုက် ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးထွက်တဲ့အခါကပေါ့။ ကမ်းခြေ မှာ ကျွန်တော့်သူငယ်ချင်တွေ ပျော်ပါးဆော့ကစားနေပေမဲ့ ကျွန်တော်မှတော့ အမျိုးအမည်မသိတဲ့ နှလုံးသားဝေဒနာကို ခံစားနေရတော့ သူငယ်ချင်းတွေကို မပျော်နိုင်မပါးနိုင် သူငယ်ချင်းတွေနဲ့ဝေးတဲ့ နေရာ ခပ်လှမ်းလှမ်း သဲသောင်ပြင်မှာ တကိုယ်တည်း ထိုင်ပြီး ပင်လယ်ကြီးနဲ့ ၀င်ဆဲနေလုံးကြီးကို ငေးနေကြည်နေမိတယ်။ Continue Reading ->

28 Jan, 2010  |  Written by Mg Ogga  |  under enviromental, novels

သူဟာမြေနိမ့်ပိုင်း ဒေသမှာ မွေးမြူရေးခြံတစ်ခြံပိုင်ခဲ့ဖူးတယ်။ အဲဒီခြံဟာ သူရဲ့ဘ၀ဖြစ်ခဲ့ပါတယ်။ သူရဲ့ တစ်ဦးတည်းသောသားနဲ့ မိန်းမဆုံးရှုံးသွားပြီးတဲ့ အခါမှာ လူသူကင်းမဲ့တဲ့ ဒီနေရာမှာ သူရဲ့သိုးအုပ်နဲ့ ခွေးလေးကိုခေါ်ပြီး ဆိတ်ငြိမ်စွာ နေထိုင်လာခဲ့တယ်။ သူအမြင်အရ ဒီဒေသကြီးဟာ သစ်ပင်ကင်းမဲ့မှုကြောင့် သေခါနီးဖြစ်နေပြီ သူဆီမှာ ဒီဒေသကြီး ပြန်လည်ကောင်းမွန်လာအောင်လုပ်ဖို့ထက်ပိုပြီး အရေးကြီးတဲ့ အလုပ်မရှိတော့ဘူး။ ငယ်ရွယ်တဲ့ ကျွန်တော်က အနာဂတ်ကိုစဉ်စားရင် ကျွန်တော်နဲ့ တိုက်ရိုက်ပက်သတ်တဲ့ (သို့) ကျွန်တော်တစ်ကိုယ်စာပျော်ရွှင်မှု အတွက်ပဲစဉ်းစားတတ်တယ်။ သူကိုကျွန်တော်က နောင်နှစ်ပေါင်း ၃၀ လောက်ဆိုရင် ၀က်သစ်ချပင် တစ်သောင်းဟာ အရမ်းကိုလှပနေမှာပဲ လို့ပြောမိတယ်။ သူက ဘုရားသခင်သာ သူကိုနောက်ထပ် အနှစ် ၃၀ သာအသက်ရှင်ခွင့်ပေးမယ်ဆိုရင် နောက်ထပ်အပင်ပေါင်းများစွာ စိုက်အုံးမယ် အခုစိုက်ခဲ့တဲ့ သစ်ပင် ၁သန်းဟာ ပင်လယ်ထဲ ကျသွားတဲ့ ရေချိုတစ်စက်လောက်ပဲရှိမယ်တဲ့။ Continue Reading ->

25 Jan, 2010  |  Written by Mg Ogga  |  under Uncategorized, enviromental, novels

ကျွန်တော် သတိထားမိတာကတော့ သူဟာ လောလောလတ်လတ် မုတ်ဆိတ်မွှေး တွေ ရိတ်ထားပြီး ၊ သူကျယ်သီးတွေလည်း ခိုင်မြဲစွာတပ်ဆင်ထားပါတယ်။

သူအင်္ကျီကို သေသေချာချာ သပ်သပ်ရပ်ရပ် ချုပ်ထားတာကြောင့် ချုပ်ရိုးတွေကို တောင်မမြင်ရပါဘူး။သူဟယ ကျွန်တော့်ကို စွတ်ပြုတ်ပေးသောက်ပါတယ်။ ကျွန်တော့က သူ့ကို ကျွန်တော့်ရဲ့ ဆေး တံဆေးတစ်ထုပ် ကိုပေးတဲ့အခါမှာ သူက ဆေးတံ၊ဆေးလိပ်မသောက်တတ်ဘူးလို့ ပြောပါတယ်။

သူနဲ့ခွေး ကအနားမှာ ရှိနေပြီး ၊သူ့သခင်ကို အရမ်းဖက်လှဲတကင်း မလုပ်ပေမဲ့ လဲ ခင်မင်စရာ ကောင်းပါတယ်။ ကျွတ်တော် အဲဒီမှာ ပဲ ညအိပ်ဘို့ သူကချက်ချင်းပဲသဘောတူခဲ့ပါတယ်။

အနီးဆုံး ရွာ က အနည်းဆုံး နောက်ထပ် နှစ်ရက်လောက် လျှောက်သွားရအုံးမယ် ။ ဒီဒေသမှာ ရွာတွေ အလွန်နည်းပါးပြီး တစ်ခုနဲ့ တစ်ခု အလှမ်းကွာဝေးတယ်။ Continue Reading ->

23 Jan, 2010  |  Written by Mg Ogga  |  under enviromental, novels

ကျွန်တော်အရမ်းနှစ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ ကြိုက်လွန်း လို ကြည်တာ ၇ခါလောက်ရှိပါပြီ။ ကာတွန်းဇာတ်လမ်းလေးပါ အင်တာနက်မှာ ပြန်ရှာကြည်မှပဲ ဒါဝတ္ထုကို ပြန်ရိုက်ထားတာမှန်း သိရ တယ်ဗျာ။ အတော်လေးကို ကောင်းပြီး စိတ်နှလုံးကို ပြောင်းလဲစေပါတယ်။ ဒီဇာတ်လမ်းလေးကို ကျွန်တော်ကြည်ရတော့ သိုးဆောင်း အဆိုအမိန့်တစ်ခုကို သွားအမှတ်ရမိတယ်။

Theactivist is not the man who say “the river is dirty.” The activist is the man who ” clean up the river.”ဆိုတာကို ကောင်းကောင်းကြီးကို နားလည်သွားပါတယ်ဗျာ။ အရင်က ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို အော်ခဲ့တဲ့ ကျွန်တော်လိုအကောင်ကို စိတ်ထား ပြောင်းလဲအောင် လုပ်နိုင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းက ပြင်သစ်ဇာတ်လမ်းလေးပါ နာမည်က L’homme qui plantait des arbresပါ မြန်မာလို ပြောရင်တော့ သစ်ပင်စိုက်တဲ့ သူတစ်ယောက်ပေါ့ဗျာ ကျွန်တော် ကတော့ သူကိုအားကျလွန်းလို့ သူ လိုပဲ ပေးလိုက်တယ်။

ကြိုက်လွန်းလို ပြန်မျှဝေချင်စိတ်တွေ ဖြစ်လာလို့ မျှဝေလိုက်ပါတယ်။ သိပ် မကောင်းဘူး မခံစားရဘူးဆိုရင် ကျွန်တော်ညံဖျင်းမှုပါ ဇာတ်ကား နဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူးခင်ဗျာ။ Continue Reading ->

23 Jan, 2010  |  Written by Mg Ogga  |  under personal

ကျွန်တော် လူထွက်လာပါပြီ သုံးလ၀တ်မယ်လိုမျှော်လင့်ထားခဲ့ပေမဲ့ တစ်လပဲ ရဟန်းဝတ်နိုင်ခဲ့ ပါတယ် အကြောင်းမညီညွတ်၍ လူထွက်လာခဲ့ပါတယ်။ ကျွန်တော် တစ်လတာ ပြုလုပ်ခဲ့ သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို အမျှပေးဝေပါတယ် ခင်ဗျာ အားလုံး ကျွန်တော် နဲ့ ထပ်တူထပ်မျှရ ကြပါစေ နော်

ရဟန်းခံပေးခဲ့သော ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးနဲ့ ညောင်ကန်းအေး သာသနာ၇ိပ်သာမှ ဆရာတော်များ၊ သာသနာအမွေပေးခဲ့သော မေမေ သစ္စာအလင်း အားပေးကူညီ ပေးခဲတဲ့ သူငယ်ချင်းများ ဝေယျာဝစ္စ ပြုကြတဲ့ သူတော်ကောင်း အပေါင်းကို အထူးကျေးဇူးတင်ပါတယ်ဗျာ။

30 Dec, 2009  |  Written by Mg Ogga  |  under poem

၃၁ဘုံမှာ အမျိုးမျိုးဇာတ်ဆောင်

ပုပ်ဟောင်ဟောင် ကိုယ်အကောင်

ကလို့မ၀ ပြလို မောမှန်းမသိ

ပန်းမှန်းမသိ

အချိန်တွေ တတိတိကုန်

ဘ၀လိုက်ကာကျ စာတန်းထိုးမည်

ပြီးပါပြီ

ရှင်တစ်ထောင်နေ့ အမှတ်တရ

ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ ကာလတွေ

ပူဆွေးလောင်မြိုက်မှုတွေ တဝဲလည်လည်နဲ့ ဖြတ် သန်းလွန်မြောက်ခဲ့တဲ့

နှစ်ဟောင်းတစ်ခုရဲ့ ကာလတိုရက် သတ္တပတ်ပေါင်းများစွာရဲ့ မနက်ဖြန်မှာ

ဒီနေ့ နှစ်သစ်တစ်ခုကို ဆိုက်ရောက်ပြီမို့

ခရီးဦးကြို ပြင်ဆင်ချိန် ရောက်လို့လာပါပြီ။

ဆောင်းရနံ့နှင့် လန်းဆန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်လေ့ရှိတဲ့

ဒီကာလကို ဝမ်းပန်းတသာ ကြိုဆိုဖို့  ပြင်ဆင်ကြပါစို့။

တို့ပခုံး ပေါ်မှာ ငိုဖို့ တို့ကိုယုံကြည်သူတွေ၊

တို့အရှုံးတွေကို အားပေး နှစ်သိမ့်ပေးမယ့် တို့ရဲ့ချစ်မိတ်ဆွေတွေ၊

တို့အောင်မြင်မှုတွေ ကို အားပေးဂုဏ်ယူကြမယ့် တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို

ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ နှလုံးသားထဲက လှိုက်လှိုက် လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

တို့ဘဝရာသီတွေ တလျှောက် ပြုံးဖို့အကြောင်း ဖန်တီးပေးမယ့်

တို့ရဲ့လုပ်ဆောင် မှုတွေဟာ ပူဆွေးလောင်မြိုက်နေတဲ့ န

ှလုံးသားပိုင်ရှင်တွေရဲ့  နှလုံးသည်းပွတ်ဆီက အပြီးအပိုင်ထုတ်ယူနိုင်ဖို့ သန္နိဋ္ဌာန်ပြုရင်း

နှစ်သစ်မင်္ဂလာ သည်ကာလရဲ့ ဆောင်းကပေးတဲ့ နှင်းလက်ဆောင်မှာ

အေးချမ်းမှုတွေ မျှဝေခံစားနိုင်ပါစေ ကြောင်း …..မေတ္တာပို့သ ပါတယ်။

အရှင်အဂ္ဂဓမ္မ

22 Dec, 2009  |  Written by Mg Ogga  |  under personal

ကျွန်တော် မနက်ဖြန်မှာ ရဟန်းဝတ်ပါတော့မယ်။ အနည်းဆုံး ၃လလောက်ကြာမှာ ဖြစ်ပါတယ်။ ရဟန်းဝတ်ဖြင့်ပင် ပိုစ့်များကိုတင်ကောင်းတင်နိုင်ပါမယ်။

မတင်နိုင်ရင်လည်း ခွင့်လွတ်ကြပါ။

To transform Society is to practice Dhamma လို့ဆိုတဲ့ အတိုင်း မြတ်ဗုဒ္ဓရဲ့တရားတော်များ ကိုအမှန်တကယ်ကျင့်သုံးနိုင်ဖို့ စတင်သင်ယူပါတော့မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်နော်။
21 Dec, 2009  |  Written by Mg Ogga  |  under thought

ပေါတယ်ဆိုတဲ့ စကားလုံးဟာ ကောင်းတာလည်းယူလိုရသလို မကောင်းတာလည်းယူလို့ရပါတယ်။ ပေါများတယ် ပေါကြွယ်တယ် ဆိုပြီးကောင်းတာရှိသလို ပေါတောတောနဲ့ ငပေါ သောက်ပေါ ဆိုပြီး မကောင်းတဲ့ အသုံးနှုန်းလည်းရှိပါတယ်။ ပေါတယ်ဆိုတာဘာလဲဆိုတော့ မရှားတာပေါ့ လွယ်လွယ်ကူကူရတဲ့ အရာပေါ့ဗျာ။ လူတွေသိပ်တန်ဖိုးမထား မလေးစားကြဘူးပေါ့ဗျာ။ အဲဒီလိုပဲ လူတွေက တန်ဖိုးရှိအောင် အထာကိုင်ကြတယ် မိန်းကလေးတွေက မှုကြတယ် ဒီနေ့ရတဲ့ အရာကိုမနက်ဖြန်ပေးကြတယ်။ တန်ဖိုးထား တတ်အောင်လို့တဲ့ လွယ်လွယ်ကူကူ ရရင် တန်ဖိုးမထားတတ်ကြဘူးတဲ့ ဒါကြောင့် လွယ်နေတာကို မလွယ်အောင် ခက်အောင်တမင်ကို လုပ်ကြရပါသတဲ့ဗျာ။ Continue Reading ->