ဆောင်းကပေးတဲ့ နှင်းလက်ဆောင်

30 Dec, 2009  |  Written by Mg Ogga  |  under acknowledgement, thought

ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ ကာလတွေ

ပူဆွေးလောင်မြိုက်မှုတွေ တဝဲလည်လည်နဲ့ ဖြတ် သန်းလွန်မြောက်ခဲ့တဲ့

နှစ်ဟောင်းတစ်ခုရဲ့ ကာလတိုရက် သတ္တပတ်ပေါင်းများစွာရဲ့ မနက်ဖြန်မှာ

ဒီနေ့ နှစ်သစ်တစ်ခုကို ဆိုက်ရောက်ပြီမို့

ခရီးဦးကြို ပြင်ဆင်ချိန် ရောက်လို့လာပါပြီ။

ဆောင်းရနံ့နှင့် လန်းဆန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်လေ့ရှိတဲ့

ဒီကာလကို ဝမ်းပန်းတသာ ကြိုဆိုဖို့  ပြင်ဆင်ကြပါစို့။

တို့ပခုံး ပေါ်မှာ ငိုဖို့ တို့ကိုယုံကြည်သူတွေ၊

တို့အရှုံးတွေကို အားပေး နှစ်သိမ့်ပေးမယ့် တို့ရဲ့ချစ်မိတ်ဆွေတွေ၊

တို့အောင်မြင်မှုတွေ ကို အားပေးဂုဏ်ယူကြမယ့် တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို

ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ နှလုံးသားထဲက လှိုက်လှိုက် လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

တို့ဘဝရာသီတွေ တလျှောက် ပြုံးဖို့အကြောင်း ဖန်တီးပေးမယ့်

တို့ရဲ့လုပ်ဆောင် မှုတွေဟာ ပူဆွေးလောင်မြိုက်နေတဲ့ န

ှလုံးသားပိုင်ရှင်တွေရဲ့  နှလုံးသည်းပွတ်ဆီက အပြီးအပိုင်ထုတ်ယူနိုင်ဖို့ သန္နိဋ္ဌာန်ပြုရင်း

နှစ်သစ်မင်္ဂလာ သည်ကာလရဲ့ ဆောင်းကပေးတဲ့ နှင်းလက်ဆောင်မှာ

အေးချမ်းမှုတွေ မျှဝေခံစားနိုင်ပါစေ ကြောင်း …..မေတ္တာပို့သ ပါတယ်။

အရှင်အဂ္ဂဓမ္မ

One Response so far | Have Your Say!

  1. ကျော်သက်  |  December 31st, 2009 at 4:57 am #

    သာဓု သာဓု သာဓုပါ အရှင်အဂ္ဂဓမ္မဘုရား။ မြင့်မြတ်တဲ့ ဘဝမှာ တရားထူးတွေ ကျင့်ကြံအားထုတ်ပိုင်ဆိုင်ပါစေ။

    ကျော်သက် - Gravatar

Leave a Feedback

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>