ထားဆဲ မေတ္တာ

ရာဇ၀င်များရဲ့ သတို့သမီးတဲ့
အမိ အဖတို့ရဲ့ အသွေးအသားတို့
တသွင်သွင် စီးဆင်းနေတဲ့
ခေတ်အဆက်ဆက် တောက်ပခဲ့တဲ့
မီးအိမ်ရှင် သတို့သမီး။
တိုင်းသူပြည်သားတို့ရဲ့ ရင်နင့်သည်းချာ
ချစ်ခြင်းမေတ္တာ ဝေဆာခဲ့တဲ့
သတို့သမီး။
ဘယ်ဘက်က တစ်ဆုပ်ကြဲ
ညာဘက်က တစ်လှည်း မမျှော်လင့်ဘဲ
သုံးတန်စေတနာ ပြတ်သားခဲ့တဲ့
ဂရုဏာရှင် သတို့သမီး။
ကြွေးသစ်တို့ အတိုးချရင်း
ကြွေးဟောင်းကို ဆပ်နေတဲ့
သူကျေးဇူးကို အဖိုးမဖြတ်တန်ဖိုးတက်စေတဲ့
လမ်းပြရှေ့ဆောင် သတို့သမီး။
ရာဇ၀င်များရဲ့ ခမ်းနားတဲ့ သတို့သမီးရေ……
မိဘမေတ္တာငတ် အမွေဖြတ်ခံရတဲ့ အခါ
ထားဆဲ သစ္စာ တည်တံ့မှာလား
ထားဆဲ့ မေတ္တာ တည်ရှိအုန်းမလား
စိုးရိမ်လို့သားကွယ်။
အစိမ်းရောင် ဘက်တော်သား ကျွန်တော်သူငယ်ချင်း ကိုသိန်းစိုး(သိုးစိမ်း) မြစ်ဆုံ ရောက်ခဲ့ စဉ်က ခံစားရေးဖွဲ့ထားတာကို မျှဝေလိုက်ပါတယ် ခင်ဗျာ










အိမ် | February 6th, 2010 at 8:55 am #
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ.. ကဗျာဆရာတယောက်ရဲ့ ခံစားချက်လေးတွေကို ရိုးရိုးရှင်းရှင်း လေးဖော်ပြသွားတာကိုက အနှစ်ပဲ..။
ချော | February 7th, 2010 at 9:23 am #
ကဗျာလေး လာဖတ်ပါတယ်ရှင်.. ပုံလေးနဲ့ ကဗျာကိုမြင်တော့ မြစ်ဆုံကို လွမ်းသွားမိတယ်.. ကျွန်မလဲ တို့ဧရာဝတီခေါင်းစဉ်နဲ့ သူငယ်ချင်းတစ်ယောက်က တောင်းဆိုလို့ အက်ဆေးတစ်ပုဒ်ရေးနေပါတယ်.. မကြာခင်တော့ တင်ဖြစ်မယ်ထင်ပါတယ်.. လောကကြီးဟာ သဘာဝအတိုင်း စိမ်းလန်းနေမယ်ဆိုရင် သိပ်ကောင်းမှာပါ.. လူတွေရဲ့ ပရောဂကြောင့် အရောင်တွေ ပြောင်းလဲ သွားတာ ကြာပါပြီ…