Archive for the ‘Uncategorized’ Category

Feb-19-2010

ကျောက်တုံးကြီးတစ်တုံး တွန်းတယ် မရွှေ့ဘူး
ကျွန်တော်တို့ တွန်းတယ်မရွှေ့ဘူး တွန်းတယ်
ဒါပေမယ့် မရွှေ့ဘူးဗျာ
ကျွန်တော်တို့တွေ သိပ်ကြီးတဲ့ ကျောက်တုံးကြီးတွေကို တွန်းနေပါတယ်
မရွှေ့ဘူးဗျ။
ရူပဗေဒသမားတွေက  ကျွန်တော်တို့ကို အလုပ်မဖြစ်ဘူးတဲ့
အလကားကောင်တွေတဲ့။
တရုပ်ပုံပြင်တစ်ခုကြားဖူးတယ် အဘိုးကြီးက တောင်ကြီးတစ်တောင်ကို ဖြိုဖို့ ပေါက်တူးတဲ့ တူးနေသတဲ့ အဘိုးကြီးကို လူတွေက ဟားတိုက်ကြတယ် မဖြစ်နိုင်တာကို လုပ်တယ်ပေါ့ဆိုပြီး ဟားတိုက်ရယ်မော ကြတယ်။ အဘိုးအိုက ပြန်ပြောလိုက်တာကို ကျွန်တော်သဘောကျမိတယ်။ ကျုပ် တောင်ကိုဖြိုမယ် မပြီးရင် ကျုပ်သား ဖြိုမယ် ကျုပ်သား ဖြိုတာမပြီးရင် ကျုပ် မြေးဖြိုမယ် ကျုပ်မြေးဖြိုတာ မပြီးရင် ကျုပ်မြစ်ဖြိုမယ်။ ဒီလိုပဲ သားစဉ်မြေဆက် လက်ဆင့်ကမ်း ဖြိုသွားရင် တနေ့တော့ ဖြိုပြီး မပေါ့ တဲ့ လေ။
ဒီလိုပဲ ကျွန်တော်တို့တွေ လူအဖွဲ့အစည်းကို ပြောင်းလဲဖို့ ကြိုးစားနေတယ်။ လူတွေကြားရင် ရီကြမပေါ့။ တကယ် ရူးမိုက်တဲ့  [ Read More ]

Jan-25-2010

ကျွန်တော် သတိထားမိတာကတော့ သူဟာ လောလောလတ်လတ် မုတ်ဆိတ်မွှေး တွေ ရိတ်ထားပြီး ၊ သူကျယ်သီးတွေလည်း ခိုင်မြဲစွာတပ်ဆင်ထားပါတယ်။
သူအင်္ကျီကို သေသေချာချာ သပ်သပ်ရပ်ရပ် ချုပ်ထားတာကြောင့် ချုပ်ရိုးတွေကို တောင်မမြင်ရပါဘူး။သူဟယ ကျွန်တော့်ကို စွတ်ပြုတ်ပေးသောက်ပါတယ်။ ကျွန်တော့က သူ့ကို ကျွန်တော့်ရဲ့ ဆေး တံဆေးတစ်ထုပ် ကိုပေးတဲ့အခါမှာ သူက ဆေးတံ၊ဆေးလိပ်မသောက်တတ်ဘူးလို့ ပြောပါတယ်။
သူနဲ့ခွေး ကအနားမှာ ရှိနေပြီး ၊သူ့သခင်ကို အရမ်းဖက်လှဲတကင်း မလုပ်ပေမဲ့ လဲ ခင်မင်စရာ ကောင်းပါတယ်။ ကျွတ်တော် အဲဒီမှာ ပဲ ညအိပ်ဘို့ သူကချက်ချင်းပဲသဘောတူခဲ့ပါတယ်။
အနီးဆုံး ရွာ က အနည်းဆုံး နောက်ထပ် နှစ်ရက်လောက် လျှောက်သွားရအုံးမယ် ။ ဒီဒေသမှာ ရွာတွေ အလွန်နည်းပါးပြီး တစ်ခုနဲ့ တစ်ခု အလှမ်းကွာဝေးတယ်။

Dec-17-2009

မနေ့ကပဲ ဓမ္မမိတ်ဆွေတစ်ယောက်ပေးတဲ့ စာအုပ်ငယ်လေးတစ်အုပ်ရလိုက်တယ်။ အရှင် ဓမ္မဘေရီ(တောင်စွန်း) ရေးတဲ့ စာအုပ်လေးပါ ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ ဘုန်းဘုန်း ရဝေနွယ်(အင်းမ)တို့ ဗောဓိတစ်ထောင်ဘုရား ဓာတ်လှေကားပေါ်ကနေပြုတ်ကျတဲ့  အကြောင်းကို အတွေးစချဲ့ပြီးရေး ထားတာ မာန်နတ်မင်းကိုအံတုသူများတဲ့ အတော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ဒီအထဲက အကြောင်းအရာ တော်တော်များများကို သဘောကျ မိတယ်။
ကျွန်တော်တို့ ပရဟိတလုပ်သားတွေဟာ အများကောင်းဖို့ သက်သက် အလုပ်လုပ်နေကြတာပါ။ အဲဒီ အချိန်မှာ အခက်ခဲတွေ တွေ့ကြုံရတယ်။ တခြားအခက်အခဲတွေကို ကျော်လွှားနိုင်ပေမဲ့  အပြစ်ပြောခံရတာ ကိုတော့ ပုထုစဉ်ပီပီ မခံနိုင်ဘူးဗျ။ အရင်က မန္တလေးမှာနေတော့ ဘာမှအလုပ်မရှိအကိုင်မရှိ ၁၀၉/၁၁၀ စားလိုက်သောက်လိုက်နဲ့နေတုန်းက ဘယ်သူမျလည်း အပြစ်မဆို ဘယ်သူမှလည်း အပြစ်မပြောကြဘူး။ အေးအေးဆေးဆေးပဲ။ နောက်ပိုင်း ဒေသဖွံဖြိုးရေးအလုပ်တွေလုပ်မယ် အများအကျိုးဆောင်မယ် ဆိုပြီး စိတ်ရူးပေါက်ပြီး  ရန်ကုန်ဆင်းခဲ့တယ်။ အဲဒီမှာစတွေတာပေါ့ ဟိုလူပြောဒီလူပြောနဲ့  [ Read More ]

Jul-14-2009

အခင်းအကျင်း
မြန်မာပြည်အလယ်ပိုင်း ရွာတစ်ရွာအစွန်မှာ ရှိတဲ့ အိမ်လေးနှစ်အိမ်ကြားအတွင်း မြေလွတ်လပ်လေးရှိ တယ်။ဒီမြေကွက်လပ်လေးမှာ ကလေးများ ဘောလုံးကန် ကြရာနေရာလေးလည်းရှိတယ်။
အိမ်၁
အင်း တိမ်တွေကြည်.ရတာ မိုးရွာတွေမဲ့ အရိပ်ရောင်ပဲ မနက်ဖြန်မိုးရွာရင်ကောင်းမှာပဲ မိုးရွာတာနဲ့ ပျိုးကြဲလို.               ရပြီ မိုးရွာမယ်ထင်ပါတယ်။မိုးရွာပါစေဗျာ။
အိမ်၂
မိုးသားတွေကြည်.ရတာရွာမဲ့ပုံမပေါ်ဘူး အင်း မိုးမရွာမှဖြစ်မယ် မိုးရွာရင် စပါးတွေရေစိုကုန်မှာ မိုးမရွာမှ စပါးလှန်းပြီးကြိတ်ရ မယ်။မိုးမရွာဘူးထင်ပါရဲ.။မိုးမရွာပါစေနဲ.ဗျာ။
အိမ်၂အိမ်ကလူနှစ်ယောက်ဟာ အိမ်ရှေ့  ကွပ်ပစ်လေးပေါ်ထိုင်ပြီး အတွေးကိုယ်စီနဲ.တစ်ယောက်ကကွမ်းဝါး တစ်ယောက်က ပြောင်းဖူးဖက်ဆေးလိပ်ကြီးဖွါ လို. ကိုယ်အတွေနဲ့ကိုယ်ရှိနေချိန်မှာ
ရှေ့ကွင်းပြင်တွင်
ကလေးတွေဘောလုံးကန်ရန်တာစူနေကြပြီ ရွာသားကလေးတွေဆိုပြီး အထင်မသေးနဲ့ဗျ နိုင်ငံတကာဘောလုံးပွဲတွေလို မြောက်ပန်းလှန်ပြီး ကွင်းနဲ့ဘောလုံး ဘယ်သူယူမလဲလုပ်နေကြတယ် အခုခေတ်ကြီး က အကြွေစေ့ရှားလာပြီ တောမှာဘိုးဘွားတွေစုထားတဲ့ အကြွေစေ့တွေကလည်း မြို.ကလူတွေ လာလာဝယ်ကြလို. အခုခေတ်ကလေးတွေမြင်တောင်မမြင်ဖူးကြတော့ဘူး ဒီတော ကျောက်ခဲအပြားလေးကို တံတွေးစွပ်လိုက် ပြီးမြောက်ပန်းလှန်ကြတယ် ခေါင်းနဲ.ပန်း နေရာမှာ အစိုနဲ့ အခြောက်ပေါ့ဗျာ  [ Read More ]

Jun-17-2009

 

 

မေမေချစ်သော–သားကြီးကိုဥဂ္ဂါ
မသန်စွမ်းတဲ့သူများ စာရင်းSurvey ဆင်းဘို့ ကယားပြည်နယ်၊လွိုင်ကော်၊ဒီမောဆိုးမြို့တွေမှာ တစ်အိမ်တက် ဆင်း လူထုကြားမှာ တိုးဝင်လှုပ်ရှား နေပုံလေးတွေ မေမေ မြင်ယောင် နေမိတယ်..။ဟိုးအခါတုံး ကရုပ်ရှင်မင်း သားရဲအောင် မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ ဘူးတဲ့ မေတ္တာအိမ်-ဆိုတဲ့ ဇာတ်လမ်း မှာ ဆရာဝန်လုပ်တဲ့ ရဲအောင် ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွေ အထိ ကွင်းဆင်းကုသပေးတဲ့ဆရာဝန် အဖြစ်သရုပ် ဆောင် ခဲ့တာမေမေ မှတ်မိနေခဲ့တယ်..။
သားလည်း အဲလိုနေမှာပဲလို့မေမေ ထင်တယ်။မေမေ ဂုဏ်ယူပါတယ်သား။ ကယား ဆိုတာကလည်း–ရိုးသားဖြောင့်မတ်ကြတဲ့ မေမေတို့ရဲ့သွေးသားတွေပဲပေါ့။မတော်ဘူးတဲ့ဆွေမျိုးမှ မရှိတာ..။
သားကောက်ယူခဲ့တဲ့ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ ဟာ မသန်စွမ်းတဲ့လူတွေအတွက် ဘဝတစ်ဆစ် ချိုး စေနိုင်ပါလိမ့်မယ်လို့မေမေ ယုံကြည်နေတယ်လေ..။ ဒါ့အပြင် ကျေးလက်နေလူထုနဲ့ တွေ့ထိဘူးတဲ့ အတွေ့အကြုံ ဟာ အလွန်အဘိုးတန်ပါတယ်….။ထဲထဲဝင်ဝင်သိလေ…ကိုယ့်ရဲ့ ဂရုဏာတရား ဟာ လေးနက်ပီပြင် လေပဲ။
အယူသမားတွေဟာ–ကွေ့ကောက်တယ်တဲ့၊  [ Read More ]

May-15-2009

There are moments in my life I do not feel like doing anything,
but just to be still,
not even writing something like this (but it comes).
You see someone
and feel how wonderful that person is, going about his business.
May his pains and wishes not blur out the joy that is his life,
May he see the beauty of  [ Read More ]

Feb-9-2009

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ တို့အား အမှတ်ရ၊ ဂုဏ်ပြုသောအနေဖြင့် Myanmar Genius Forum တွင် ကဗျာနှင့် Essay ပြိုင်ပွဲအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ပြိုင်ပွဲတွင် ဆုရရှိမှုအား မည်သည့် Admin, Moderator တို့ကမှ ရွေးချယ်ခြင်းပြုလုပ်မည်မဟုတ်ပဲ Vote ပေးခြင်း စနစ်ဖြင့်သာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Vote ပေးရာတွင် မည်သည့် နည်းပညာပိုင်း၊ နည်းစနစ်ပိုင်းကိုမှ တင်းကြပ်ထားခြင်းမရှိပဲ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်နားလည်မှု၊ လေးစားမှုတို့ကို အလေးထားသောအားဖြင့် လွတ်လပ်စွာ ခွင့်ပြုထားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွင် ဆုရရှိသူများအတွက် ငွေကြေး၊ လက်ဆောင်များ ပေးအပ်သွားမည်မဟုတ်ပဲ  [ Read More ]

Sponsors