ကျွန်တော် ဘလော့ရေးသားတာ တစ်နှစ်ဆိုတဲ့အချိန်ကိုကျော်လွန်ပြီးတော့ တစ်လပင် စွန်းချေပြီ။ ဘလော့ စတင်ရေးဖြစ်တာ မုံရွာက ဂျီးတော်လေး အေသင်(စိတ်ပညာ) မြောက်ပေးလို့ Multiply မှာ ကိုဂငယ်အမည်နဲ့ စတင်ရေးခဲ့ပါတယ်။ နောက် ကိုသင်္ကြန်တို့ ရဲ့ mmwordpress ကိုဝင်ကြည့်ပြီး wordpress နဲ့ ရေးချင်စိတ်တွေ ပေါ်လာတာကြောင့် အလကားရတဲ့ co.cc နဲ့ Mg Ogga’s Notes ဆိုပြီး ရေးခဲ့ပါတယ်။ဒီလိုရေးနေချိန်မှာပဲ co.cc က အလကားမရတော့ဘူး ဆိုတာသိရတော့ ကိုဘလက်တို့ ရဲ့ mmgenius ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာစကားမှာ သုံးကျောင်းပြောင်းတဲ့ရှင် သုံးလင်ပြောင်းတဲ့ မိန်းမ ကျော့ကွင်းက သုံးကြိမ်လွှတ်ဖူးတဲ့ ငှက် ဟာမယာများတက်တယ်လို့ ဆိုပြီးရှိတယ်။ ကျွန်တော်ကတော့ မယာများလို့မဟုတ် အခြေအနေ အကြောင်းတရား အမျိုးမျိုးကြောင် တစ်နှစ်ကျော်အတွင်း [ Read More ]
Archive for the ‘personal’ Category
ကျွန်တော် လူထွက်လာပါပြီ သုံးလ၀တ်မယ်လိုမျှော်လင့်ထားခဲ့ပေမဲ့ တစ်လပဲ ရဟန်းဝတ်နိုင်ခဲ့ ပါတယ် အကြောင်းမညီညွတ်၍ လူထွက်လာခဲ့ပါတယ်။ ကျွန်တော် တစ်လတာ ပြုလုပ်ခဲ့ သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို အမျှပေးဝေပါတယ် ခင်ဗျာ အားလုံး ကျွန်တော် နဲ့ ထပ်တူထပ်မျှရ ကြပါစေ နော်
ရဟန်းခံပေးခဲ့သော ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးနဲ့ ညောင်ကန်းအေး သာသနာ၇ိပ်သာမှ ဆရာတော်များ၊ သာသနာအမွေပေးခဲ့သော မေမေ သစ္စာအလင်း အားပေးကူညီ ပေးခဲတဲ့ သူငယ်ချင်းများ ဝေယျာဝစ္စ ပြုကြတဲ့ သူတော်ကောင်း အပေါင်းကို အထူးကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော် မနက်ဖြန်မှာ ရဟန်းဝတ်ပါတော့မယ်။ အနည်းဆုံး ၃လလောက်ကြာမှာ ဖြစ်ပါတယ်။ ရဟန်းဝတ်ဖြင့်ပင် ပိုစ့်များကိုတင်ကောင်းတင်နိုင်ပါမယ်။
မတင်နိုင်ရင်လည်း ခွင့်လွတ်ကြပါ။
To transform Society is to practice Dhamma လို့ဆိုတဲ့ အတိုင်း မြတ်ဗုဒ္ဓရဲ့တရားတော်များ ကိုအမှန်တကယ်ကျင့်သုံးနိုင်ဖို့ စတင်သင်ယူပါတော့မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်နော်။
မိစုမရေ…မနက်ဖြန်ဆိုရင် ညည်း(၁၇)နှစ်တောင် မှပြည့ှ်ပြီနော်။ လွန်ခဲ့တဲ့(၁၇)နှစ်တုန်းက ပေါ့ဟာ ငါ့သူငယ်ချင်းတွေက ညီမလေးတစ်ယောက် စရလာတော့ ယောက်ဖဆိုပြီး အခေါ်ခံရတယ်။ ငါကလည်း(၅)နှစ်ဘယ်သိအုန်းမလဲ။ ယောက်ဖလို့အခေါ်ခံရရင် စိတ်ဆိုးရမယ်ဆိုတာတော.သိသားဟ။ ယောက်ဖဆိုတဲ့အဓိပ္ပာယ်ကို သေချာမသိခဲ့ပေမယ့် ကိုယ့်သွေးသားကို ကာကွယ်ရမယ်ဆိုတဲ. အသိစိတ်လေး တစ်ခုတော့စရခဲ့တာပေါ့ဟာ။ အဲအချိန်ကတည်းက ညည်းကငါတို့ဘ၀ထဲ စ၀င်လာတာလေ။
ညည်းကိုမွေးမယ့်နေ့က တနင်္လာနေ့ဖြစ်နေတယ်။ ဒါပေမယ့် တနင်္လာနေ့အကျော်(၁၅)မိနစ်မှ မွေးတာသိလား။ ညည်းငယ်ငယ်တည်းက အရမ်းရုပ်ဆိုးတာ သိလား။ဒါပေမယ် အလှအပကလည်း အခုလိုအရမ်းကြိုက် လှချင်လိုက်တာမှ နင့်ထက်အပြင် နှစ်ယောက်မရှိဘူး။ ညည်းကို ငါက နဖူးမောက်တယ်လို့ပြောရင် ညည်းက ကြမ်းပြင်နဲ့ ဆောင့်ဆောင့်ပြီး နဖူးကိုမမောက်အောင်လုပ်တယ်။ နောက်ညည်းမူကြိုရောက်တော့ နေနံတွေအလိုက် ဘယ်လိုနာမည်ပေးလဲဆိုတကို စသင်ပေးတယ် ညည်းက ပညာကို လက်တည့်စမ်းချင်တော့ မူကြိုကျောင်းကို အသွား မူကြိုက နင်သူငယ်ချင်းကောင်လေးကို ဟဲ့ နင်ဘာနေ့သားလည်းမေးဖူးတာ သတိရရဲ့ [ Read More ]
ကျနော် ၂၂နှစ် တိတိပြည့်ပါပြီ ဘာရေးရမလဲ စဉ်းစားမိတယ်။ ကျနော်မွေးနေ့မတိုင်မီတရက်က ကျနော်တို့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ အလှူသွားလုပ်ကြတယ်။ နောက် ကျနော်ွေးနေ့ နေလည်ရောက်မှ ရန်ကုန်ကို ရောက်ဖြစ်ပါတယ်။ ရန်ကုန်ရောက်ရောက်ချင်းပဲ အင်တာနက်ဆိုင်ကို ပြေးတယ် ဘယ်သူတွေငါဆီ မွေးနေ့ဆုတောင်းပေးမလဲပေါ့ မေမေက ကဗျာတပုဒ်ရေး ပြီးတင်ပေး ထားတယ်။ နောက်တွေ့ပါတယ် ကျနော်ဝင်ထားတဲ့ ဖိုရမ်တွေက စာတွေ နောက်ကိုသားဖြိုး က မွေးနေ့ပါဆိုပြီး ဂျီတော့က နှုတ်ဆက်တယ် ကျနော်စိတ်မချမ်းသာသွားဘူး ကျနော်မျှော်တဲ့သူဆီက စာတကြောင်းမှ မလာဘူး။ ညနေကတော့ ကျနော်တို့ BYSD မောင်နှမများနဲ့ပဲ အချိန်ကုန်စေ လိုက်ပါတယ်။ နောက် ကျနော်ဆရာတစ်ယာက်ကို တွေ့တယ် ဆရာဒီနေ့ ကျနော်မွေးနေ့သိလားလို့ ပြောလိုက်ပါတယ်။ ဆရာကလက်ဆွဲနှုတ်ဆက်ပြီး ဟုတ်လား Happy Birthday ပါ ကိုဥဂ္ဂါ [ Read More ]
မိန်းမသားဆိုတာ—အားနွဲ့ပါသတဲ့—
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ…လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်…
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
ချွေးစက်တွေက —ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ…စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်—-မြင့်မြတ်ပါစေ။
ဒါဟာ တိုက်ပွဲ—-ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း—– မရိုင်းစေနဲ့။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ—-အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။
ဘာလေးလဲဟင်၊
အင်္ဂါစုံလား….ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။
သား—ဆိုပါ့လား၊
လျှပ်ပျက်သွားသလို….လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။
သား–တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ…ထိထိရှရှ–မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ…ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက—
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ [ Read More ]
ဘလော့ဒေးအထိမ်းအမှတ်အဖြစ်ရေးသည်။
ကျနော်ဘလော့စရေးတာ ဘယ်တုန်းကလဲ ပြန်စဉ်းစားမိတယ်။အင်တာနက်စသုံးတာ ကိုစပြောရ မယ် ထင်တယ်။၂၀၀၃ခုနှစ်လောက်ကပေါ့ ကျနော်၁၀တန်း ဖြေအပြီးမှာ တောင်မရောက်မြောက်မရောက် ဖြစ်နေတုန်း ကွန်ပြုတာသင်တန်းစတက်ဖြစ်တယ်။ နောက်သင်တန်းဆင်းတော့ သူငယ်ချင်းတွေက အင်တာနက်သုံးကြတယ်။နောက်သူတို.တွေဆီက ပြန်သင်ရတယ်။အဲဒီတုန်းက အင်တာနက်ဆိုင်ဆိုလို့ မနလေး မှာနှစ်ဆိုင်ပဲရှိတယ်။တစ်ခုက ဂျပန်အင်တာနက် နောက်တစ်ခုက ဆိုင်ဘာဝါး ရတနာပုံဈေးအပေါ်က လေ။နောက် အဖေကဂျီမေးအကောင်ဖွင့်ပေးတယ်။ကျနော်ဘယ်လောက် တုံးလဲဆိုတော့ ဂျီမေးအကောင့်ရှိရင် ဂျီတော့ပြောလို.ရတယ်ဆိုတာမသိဘူးလေ။အဲဒီလောက် ပိန်းတာ။
မေမေချစ်သောသားကြီးကိုဥဂ္ဂါ
သားကြီး ကိုမေမေ စတင်မွေးဖွားခဲ့တဲ့ ကာလလေး ဟာ မေမေ့ဘဝရဲ့ အမှတ်တရ–ဖြစ်သောအမှတ်တရ–များစွာ တွေထဲမှာ အမှတ်တရ အဖြစ်ရဆုံး ပါပဲသားကြီးရေ..။
မေမေ ဟာအဲဒီတုံးက ရန်ကင်းတောင်အရှေ့ဘက် မှာတည်ရှိတဲ့ စိုက်ပျိုးရေးသိပ္ပံ ပုသိမ်ကြီးမှာ ဆရာမ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာပေါ့..။ရန်ကုန်ကနေ မွေးဖွားခွင့် ယူဘို့ ပုသိမ်ကြီးကိုလာခဲ့တယ်။ ၁၉၈၇ စက်တင်ဘာလ ၃ရက်နေ့မှာပါ…။
ခွင့်တင်ပြီးတာနဲ့ မေမေ ဟာ ၅ရက်နေ့ ညရထားနဲ့ ညမှာ ရန်ကုန်ပြန်မယ်ပေါ့။စက်တင်ဘာလအတွက်လစာငွေ ၄၅၀ကျပ် ကို ထုတ်ယူပြီးမေမေ ဟာ မကြာခင် မှာလူ့လောကထဲရောက်လာမဲ့ သားကြီးတွက် ပြင်ဆင်ပါတယ်..။ရန်ကုန် မန္တလေး အထက်တန်းတွဲလက်မှတ် မှာပါတယ်..။မေမေ့အတွက် ဆွယ်တာတစ်ထည်၊သားကြီးအတွက် တရုတ်နို့မှုန့်၊ သူငယ်နာပေါင်းချုပ်ဆေး၊ လေနှင်ဆေး စသည်ဖြင့် မန္တလေးက နာမည်ကျော်မြန်မာဆေးတွေ ဝယ်ယူပြီး ၅ရက်နေ့ မနက်မှာ မေမေ့လက်ထဲ အစိတ်တန် ၄ရွက်သာကျန်ပါတော့တယ်..။
အဲဒီနေ့မနက် [ Read More ]
မေမေချစ်သော–သားကြီးကိုဥဂ္ဂါ
မသန်စွမ်းတဲ့သူများ စာရင်းSurvey ဆင်းဘို့ ကယားပြည်နယ်၊လွိုင်ကော်၊ဒီမောဆိုးမြို့တွေမှာ တစ်အိမ်တက် ဆင်း လူထုကြားမှာ တိုးဝင်လှုပ်ရှား နေပုံလေးတွေ မေမေ မြင်ယောင် နေမိတယ်..။ဟိုးအခါတုံး ကရုပ်ရှင်မင်း သားရဲအောင် မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ ဘူးတဲ့ မေတ္တာအိမ်-ဆိုတဲ့ ဇာတ်လမ်း မှာ ဆရာဝန်လုပ်တဲ့ ရဲအောင် ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွေ အထိ ကွင်းဆင်းကုသပေးတဲ့ဆရာဝန် အဖြစ်သရုပ် ဆောင် ခဲ့တာမေမေ မှတ်မိနေခဲ့တယ်..။
သားလည်း အဲလိုနေမှာပဲလို့မေမေ ထင်တယ်။မေမေ ဂုဏ်ယူပါတယ်သား။ ကယား ဆိုတာကလည်း–ရိုးသားဖြောင့်မတ်ကြတဲ့ မေမေတို့ရဲ့သွေးသားတွေပဲပေါ့။မတော်ဘူးတဲ့ဆွေမျိုးမှ မရှိတာ..။
သားကောက်ယူခဲ့တဲ့ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ ဟာ မသန်စွမ်းတဲ့လူတွေအတွက် ဘဝတစ်ဆစ် ချိုး စေနိုင်ပါလိမ့်မယ်လို့မေမေ ယုံကြည်နေတယ်လေ..။ ဒါ့အပြင် ကျေးလက်နေလူထုနဲ့ တွေ့ထိဘူးတဲ့ အတွေ့အကြုံ ဟာ အလွန်အဘိုးတန်ပါတယ်….။ထဲထဲဝင်ဝင်သိလေ…ကိုယ့်ရဲ့ ဂရုဏာတရား ဟာ လေးနက်ပီပြင် လေပဲ။
အယူသမားတွေဟာ–ကွေ့ကောက်တယ်တဲ့၊ [ Read More ]

