သဘာဝရဲ့ အဆုံးမဲ့ပေးဆပ်မှုကို တန်ဖိုးမထားမလေးစားရင် အဆမတန်အခွင့်ကောင်းယူကြရင် ဒီအလှတရား တွေဟာ ပျက်သုန်းအုန်းမှာပဲလေ။ ပျက်စီးတဲ့သူက ပျက်စီး တည်ဆောက်မဲ့သူက တည်ဆောက်ပေါ့။ သဘာဝရဲ့ ကျေးဇူးတရားကို သိတဲ့ အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲ ရဲ့ သဘာဝကိုကျေးဇူးဆပ်ခဲ့တာတွေဟာ အခုဆို မျက်ဝါထင်ထင် မြင်နေရပါပြီ။ သစ်တောလေးကို လူတစ်ယောက်တည်း လက်နှစ်ဘက်နဲ့စိုက် ခဲ့တာဆို ဘယ်သူမှ မယုံကြသလို ဒါတွေကို သူစိုက်ထားတာလို့လည်း ဘယ်သူကမှ မသိကြပါဘူး။သူကို သာမန်သိုးထိန်း တစ်ယောက်လိုသာ မြင်ကြတယ်။မသိတာလည်း တစ်မျိုးတော့ကောင်းတယ် သူကိုထားမြစ် ဝေဖန်မဲ့သူမရှိဘူးပေါ့။ တကယ်သိသွားလို့ ထားမြစ်ဝေဖန်လည်း သူလိုလူကတော့ သူအလုပ်သူလုပ်နေမှာပါပဲ။
၁၉၂၀ခုနှစ်မှာ ကျွန်တော်သူဆီနောက်တကြိမ် ထပ်ရောက်ခဲ့ပြန်တယ်။ သူတခါမှစိတ်ပျက်လက်ပျက် ဖြစ်နေတာကို ကျွန်တော်မတွေ့ဖူးသေးဖူး။ သူကိုလည်း ဘယ်အရာကမှ စိတ်ပျက်လက်ပျက်ဖြစ်အောင်မလုပ် နိုင်ဘူးထင်တယ်။ သူသဘာဝကို ကျေးဇူးဆပ်ပြီး စိတ်နဲ့ကိုယ်ကို ဆပ်ကပ်ထားသလိုပါပဲ။ အခက်အခဲတွေကို ကိုကျော်လွှားရင်း [ Read More ]
Archive for the ‘novels’ Category
သူဟာမြေနိမ့်ပိုင်း ဒေသမှာ မွေးမြူရေးခြံတစ်ခြံပိုင်ခဲ့ဖူးတယ်။ အဲဒီခြံဟာ သူရဲ့ဘ၀ဖြစ်ခဲ့ပါတယ်။ သူရဲ့ တစ်ဦးတည်းသောသားနဲ့ မိန်းမဆုံးရှုံးသွားပြီးတဲ့ အခါမှာ လူသူကင်းမဲ့တဲ့ ဒီနေရာမှာ သူရဲ့သိုးအုပ်နဲ့ ခွေးလေးကိုခေါ်ပြီး ဆိတ်ငြိမ်စွာ နေထိုင်လာခဲ့တယ်။ သူအမြင်အရ ဒီဒေသကြီးဟာ သစ်ပင်ကင်းမဲ့မှုကြောင့် သေခါနီးဖြစ်နေပြီ သူဆီမှာ ဒီဒေသကြီး ပြန်လည်ကောင်းမွန်လာအောင်လုပ်ဖို့ထက်ပိုပြီး အရေးကြီးတဲ့ အလုပ်မရှိတော့ဘူး။ ငယ်ရွယ်တဲ့ ကျွန်တော်က အနာဂတ်ကိုစဉ်စားရင် ကျွန်တော်နဲ့ တိုက်ရိုက်ပက်သတ်တဲ့ (သို့) ကျွန်တော်တစ်ကိုယ်စာပျော်ရွှင်မှု အတွက်ပဲစဉ်းစားတတ်တယ်။ သူကိုကျွန်တော်က နောင်နှစ်ပေါင်း ၃၀ လောက်ဆိုရင် ၀က်သစ်ချပင် တစ်သောင်းဟာ အရမ်းကိုလှပနေမှာပဲ လို့ပြောမိတယ်။ သူက ဘုရားသခင်သာ သူကိုနောက်ထပ် အနှစ် ၃၀ သာအသက်ရှင်ခွင့်ပေးမယ်ဆိုရင် နောက်ထပ်အပင်ပေါင်းများစွာ စိုက်အုံးမယ် အခုစိုက်ခဲ့တဲ့ သစ်ပင် ၁သန်းဟာ ပင်လယ်ထဲ ကျသွားတဲ့ ရေချိုတစ်စက်လောက်ပဲရှိမယ်တဲ့။
ကျွန်တော် သတိထားမိတာကတော့ သူဟာ လောလောလတ်လတ် မုတ်ဆိတ်မွှေး တွေ ရိတ်ထားပြီး ၊ သူကျယ်သီးတွေလည်း ခိုင်မြဲစွာတပ်ဆင်ထားပါတယ်။
သူအင်္ကျီကို သေသေချာချာ သပ်သပ်ရပ်ရပ် ချုပ်ထားတာကြောင့် ချုပ်ရိုးတွေကို တောင်မမြင်ရပါဘူး။သူဟယ ကျွန်တော့်ကို စွတ်ပြုတ်ပေးသောက်ပါတယ်။ ကျွန်တော့က သူ့ကို ကျွန်တော့်ရဲ့ ဆေး တံဆေးတစ်ထုပ် ကိုပေးတဲ့အခါမှာ သူက ဆေးတံ၊ဆေးလိပ်မသောက်တတ်ဘူးလို့ ပြောပါတယ်။
သူနဲ့ခွေး ကအနားမှာ ရှိနေပြီး ၊သူ့သခင်ကို အရမ်းဖက်လှဲတကင်း မလုပ်ပေမဲ့ လဲ ခင်မင်စရာ ကောင်းပါတယ်။ ကျွတ်တော် အဲဒီမှာ ပဲ ညအိပ်ဘို့ သူကချက်ချင်းပဲသဘောတူခဲ့ပါတယ်။
အနီးဆုံး ရွာ က အနည်းဆုံး နောက်ထပ် နှစ်ရက်လောက် လျှောက်သွားရအုံးမယ် ။ ဒီဒေသမှာ ရွာတွေ အလွန်နည်းပါးပြီး တစ်ခုနဲ့ တစ်ခု အလှမ်းကွာဝေးတယ်။
ကျွန်တော်အရမ်းနှစ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ ကြိုက်လွန်း လို ကြည်တာ ၇ခါလောက်ရှိပါပြီ။ ကာတွန်းဇာတ်လမ်းလေးပါ အင်တာနက်မှာ ပြန်ရှာကြည်မှပဲ ဒါဝတ္ထုကို ပြန်ရိုက်ထားတာမှန်း သိရ တယ်ဗျာ။ အတော်လေးကို ကောင်းပြီး စိတ်နှလုံးကို ပြောင်းလဲစေပါတယ်။ ဒီဇာတ်လမ်းလေးကို ကျွန်တော်ကြည်ရတော့ သိုးဆောင်း အဆိုအမိန့်တစ်ခုကို သွားအမှတ်ရမိတယ်။
Theactivist is not the man who say “the river is dirty.” The activist is the man who ” clean up the river.”ဆိုတာကို ကောင်းကောင်းကြီးကို နားလည်သွားပါတယ်ဗျာ။ အရင်က ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို အော်ခဲ့တဲ့ ကျွန်တော်လိုအကောင်ကို စိတ်ထား ပြောင်းလဲအောင် လုပ်နိုင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းက [ Read More ]
သူငယ်ချင်း ငါတို့မှာဒီလောက်ဆင်းရဲတာ သူတို့အတွက် ပေးစရာဘာမှမရှိပါ လားကွာ ….
ရှိပါတယ်ကွာ -
ငါတို့ရဲ့ အပြုံး၊ အကူအညီ၊ အချိန်၊ အတွေးစိတ်ကူး၊ တွန်းအား
နားထောင်ပေးခြင်း၊ အကြံဥာဏ်၊ အကာအကွယ်၊ နေရာ
သတင်း၊ လက်ခံကြိုဆိုခြင်၊ အားပေးမှု၊ ကျွမ်းကျင်မှု၊ အလေးထားခြင်း၊ ချီးမွှန်းဂုဏ်ယူခြင်း၊
နှစ်သိမ့်ပေးခြင်း၊လို လားမှု ပြီးတော့ ကျေးဇူးစကားတွေပေါ့။
ဟာ … သူငယ်ချင်း ငါဒီလောက်ချမ်းသာမှန် မသိခဲ့ပါလားကွာ။ ကျေးဇူးပဲ သူငယ်ချင်း …။
တစ်ခါတုန်းက မောင်ဖြူနဲ့မောင်မဲအမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကန္တာရခရီး တစ်ခုကို အတူသွား ကြတယ်။ လမ်းတစ်နရာမှာ နှစ်ယောက်သားအငြင်းပွားပြီးရန်ဖြစ်ကြတော့ မောင်မဲက မောင်ဖြူပါးကို ရိုက်လိုက်သတဲ့။ မောင်ဖြူက သူအရိုက်ခံခဲ့ရလို့ နာကြင်ပေမဲ့ စကားတစ်ခွန်းမှမပြောပဲ သဲပေါ်မှာ စာတစ်ကြောင်းချရေးလိုက်တယ်။ စာက “ဒီနေ့ငါ့အချစ်ဆုံးသူငယ်ချင်းက ငါကိုပါးရိုက်တယ်”ပေါ့။
နောက်ခရီး ရှေ့ဆက်ထွက်ကြတယ်။ သူတို့နှစ်ဦး အိုအေစစ်တစ်ခုကိုရောက်ရင်တော့ ရေချီုးကြမယ်လို့ သဘောတူထားကြတယ်။ အိုအေစစ်မရောက် မချင်းခရီးဆက်မယ် ရောက်မှားကြမယ်ပေါ့။ အိုအေစစ်နားရောက်ခါနီးမှာ မောင်ဖြူက ခလုတ်တိုကပြီး အနီးမှာရှိတဲ့ နွံအိုင်ကြီးထဲကျသွားတယ်။ ဆုံးဆုံးမမြူပ်ခင်မှာပဲ မောင်မဲက မောင်ဖြူကို ကယ်လိုက်နိုင်တယ်။ မောင်ဖြူလွတ်ရာကျွတ်ရာရောက်တော့ ကျေက်တုံးကြီးတစ်ခုဆီ သွားပြီး သူတွင်ပါလာတဲ့ဓားနဲ့ စာတစ်ကြောင်းထွင်းလိုက်တယ်။ “မောင်မဲက မနေ့ကငါ့မျက်နှာကိုရိုက်ခဲ့သော်လဲ ဒီနေ့ ငါအသက်ကိုကယ်လိုက်တယ်” ဆိုပြီးထွင်းထားလိုက်တယ်။
နောက်အတော်ကြာမှာတော့ ကိုဦးက မသီတာကို ဖွင့်ပြောလိုက်တယ်။အဲ ဒီလိုဖွင့်လိုက်တာကို မသီတာက ကိုဦးပြောတဲ့ ရည်းစားစကားကို ရည်းစားစကားလို.မထင်ပဲ။သူကိုစာသင်နေ တယ်ထင်လို.တဲ။ ကိုဦးက အဲဒီလိုကြောင်တာ။ နောက်ဒီလို ဖွင့်ပြောဖြစ်တာကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောကြတယ်။ သူငယ်ချင်းတွေအားလုံးက မအံသြကြဘူး ဘာဖြစ်လို.လည်းဆိုတော့ ကျနော်က ပုလဲတို.ကို ကြိုပြောထားတာ ကိုး။ကျနော်၊ကိုဦးနဲ့မသီတာတို.က ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတော့ ခဏခဏနယ်ထွက်ရတယ်။ ကိုဦးနဲ့ ကျနော်အဖွဲ့အစည်းချင်း မတူပေမဲ့ တချို.နေရာတွေမှာတွေရတယ်.။
ကိုဦးကိုမသီတာနဲ့ဘယ်လို.အခြေအနေရှိလဲလို.မေးတိုင်း “ငါဘက်ကဖိတ်စာ တစ်ခြမ်းရိုက်ပြီး သွားပြီ သူဘက် ကတော့ ရဲတိုင်ထားတယ်” (ဒါမှမဟုတ်ရင်) “ငါကတော့ ကလေးတောင်ရနေပြီ သူကတော့ အခုထိ သူငယ်ချင်းပဲတဲ့” ငါကတစ်ဖတ်သတ်ကြီးပါကွာလို. နောက်နောက်ပြောင်ပြောင် ပြောတတ်တယ်။ မသီတာ ကိုမေးတဲ့အခါမှတော့ သူငယ်ချင်းပဲလေ ဘာဖြစ်လို.လဲတဲ့။ကျနော်ကလည်း သူတို.နှစ်ဦး ကြာရင်တော့ နှစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ချစ်ကြမှာပဲ လို.ထင်ခဲ့မိတယ်။
ကျနော်လေ ဒီအကြောင်းတွေ မေ့ထားပေမဲ့ မေ့မရဘူး။ အရမ်းချစ်ကြတဲ့ ကျနော်တို.သူငယ်ချင်း ၅ယောက် ထဲက သူတို.နှစ်ယောက် အကြောင်းပြောပြချင်လိုက်တာဗျာ။
ကျနော်မှာ အချစ်ဆုံးသူငယ်ချင်း ၄ယောက်ရှိတယ်။ကျနော်ပါ ပါရင် ငါးယောက်ပေါ့။ကျနော်တို.တွေ အားလုံးကျောင်းအသီးသီးဆီက ဘွဲ့ရပြီးထုံးစံအတိုင်း သင်တန်းတွေ လိမ့်တတ်ရတဲ့ အခါသူတို.ကိုတွေတာပေါ့ ဗျာ။ သုံးလအတွင်းမှာပဲ ကျနော်တို.တွေတကယ်ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။
ကျနော် သူတို.တွေထဲမှာစဦးဆုံး စခင်တာ ကိုဦးဗျ။ အဓိကပြောချင်တာလည်း သူအကြောင်းပဲ အခုတော့ သူလောကထဲမှာ မရှိတော့ပါဘူးဗျာ။ ဒါကြောင့်လည်း ဒီပို.လေးကိုစတင်တာပါ။ ကိုဦးက ကျနော်ထက် တစ်နှစ်ငယ်တယ် ဒါပေမယ်လေးစားသမှုနဲ့ ကိုဦးလို.ခေါ်တာပေါ့။ ဒီကောင်က အကုန်သိအကုန်တတ်တယ်။ ဒါပေမယ် ဘာကိုမှ သေသေချာချာမလုပ်ဘူးလို. ကျနော်တို. အတန်းဖော်အစ်မကြီးတစ်ယောက်က ပြောဖူး တယ်။ သူတကယ်လည်းတော်ပါတယ် သင်တန်းက အဆိုင်းမန့်တွေကို ကျနော်တို. အတွက် သူတစ်ယောက်ပဲ ဒိုင်ခံရေးပေးရတာ။သူက သူငယ်ချင်းတွေ [ Read More ]

