ကျွန်တော်မှာ ပုံပြင်တွေပြောတတ်တဲ့ မိတ်ဆွေကြီးတစ်ယောက်ရှိပါတယ်။ ဒီမိတ်ဆွေကြီးက မြန်မာရိုးရာပုံပြင် တွေစု တွေသမျှလူလိုက်ပြောလေရဲ့ ကျွန်တော်လည်း ဒီကောင်ကို ပြောစရာပုံပြင်တစ်ပုဒ်ရှိတယ်။ မြန်မာရိုးရာပုံပြင် တစ်ခုပါပဲ။ ကျွန်တော်ရဟန်းဘ၀မှာ နေတုန်းကကြားဖူးခဲ့တဲ့ပုံပြင်လေးပါ။
တခါကရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ၀ါဆိုတော်မှုတဲ့ ရဟန်းတစ်ပါးရှိလေရဲ့ ထိုရဟန်းက ရဟန်းတို့ နေစဉ်လုပ်ငန်းစဉ်တိုင်း အိမ်စဉ်လှည့် ဆွမ်းခံထွက်ရပါတယ်။ အိမ်တွေနဲ့က မရင်းနီုးသေးတော့ အိမ်ရှေ့မှာပဲ ရပ်ပြီးဆွမ်းခံရတာပေါ့ နောက်ကြာလာတော့ အိမ်ထဲမှာ ဆွမ်းပင့်တာခံရတာပေါ့။ ဒီရဟန်းတော်ကို ထူးထူးခြားခြား ကြည်ညိုတဲ့ ဒကာကြီးတစ်ယောက်ရှိလေရဲ့။
Archive for the ‘joke’ Category
ဂုဏ်ကြက်သရေ နဲ့နာမည်ကောင်းတွေကို
တရားမ၀င်မှောင်ခိုလုပ်ထား တဲ့
လူကြီးလူကောင်းလူသူတော်ကောင်းကြီးသည်
အမှားများကို အမှန်နေရာသို.ခိုးယူတင်ပို.နေကြသည်
ငွေရောင်အောက်မှာ အမှန်တရားအစစ် တိပ်ဆိပ်နေတတ်သည်
အမှန်တရားရဲ.ဘက်တော်သားများသည်
အဓမကိုပေရာလကန်ပြုပြီး
ဧကစာရီကျင့်ကြံနေထိုင်ကြသည်
သူတို.ယုံကြည်ရာတွေဟာ
စကားလုံးဖြစ်တည်မှုနဲ.လူဘောင်မှာ
မမောမပန်းကူးသန်းနေကြသည်
နိဗာန်ကို တံတားထိုးထားတဲ့
တရားကြိုးတန်းပေါ်မှာ
အဓမ္မကို မဖျက်နိုင်ပဲ
လှုပ်လီလှုပ်လဲနဲ. ငုတ်တုတ်မေ့နေရဲ့……………
ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။
တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥသြစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် [ Read More ]
ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တယ်ဗျာ။ အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။
“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန် လုပ်မယ်ကွာ”၊
“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊
“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊
“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။
“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊
“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊
“ဟ မင်းဟာက အမှုတွေ များလှချည်လား၊ [ Read More ]
ဒီဟာသလေးကတော. six faces ဆိုတဲ.ဘလော.တစ်ခုမှာတွေ.လို.
ကူးပြီးတင်ပေးလိုက်တာပါ။ရယ်မောပျော်ရွှင်နိုင်းပါစေ။
Today’s Equation!
Human = eat + sleep + work + enjoy
Donkey = eat + sleep
Therefore,
Human = Donkey + work + enjoy
If, Human – enjoy = Donkey + work
In other words,
Human that don’t know enjoy = Donkey that work
Men = eat + sleep + earn money
Donkeys = eat + sleep
Therefore, Men = Donkeys [ Read More ]
ဘလော့ဂ်နာကျ လေပွသောခါ။
ကီးဘုတ်ကိုဆွဲ၊ စိတ်အားကို ခဲကာ။
ရှည်ကြာထိုင်လစ်၊ ပို့စ်အသစ် ထွက်မလာ
မုဒ်ပျောက်စိတ်ထွေ၊ ဝေလေလေ.
ရေသာသောက်၍ အိပ်သည်နှင့်လေး။ ။
ဂူဂယ်လ်ရီဒါ၊ ပို့စ်သစ်တွေ တက်လာ
သူများတကာရေးပုံ၊ နည်းစုံကြည့်ကာ
ငါလည်း ဒီတစ်ခါ၊ အဟုတ်တကယ်ရေးမှာ
လုပ်မယ်တကယ်ဟ၊ အားမာန်ပြ
နွမ်းလျစိတ်လေ၊ ပို့စ်မရချေ
လိပ်ခွေနုံးလျက်၊ ဂျီတော့ခ်မှာချက်
လက်သာညောင်း၍ အိပ်သည်နှင့်လေး။ ။
စာရွက်ပေါ်ဝယ်၊ အသွယ်သွယ်ရေးခါ
သုတရသ၊ နည်းပညာခွဲရာ
ဝမ်းသာအားရ၊ ရေးပြမည်လေ
စိတ်မထွေတမ်း၊ မရမကဖမ်း
ပွဲကြမ်းသည်ကြောင့်၊ မုဒ်ပြန်ပျောက်
စားပွဲပေါ်မှောက်၍ အိပ်သည်နှင့်လေး။ ။
ယူကျူဘ်ဝင်ချက်၊ ပို့စ်သစ်တွက်ရှာ
ဆားချက်မည်ပေါ့၊ စိတ်ဖော့ထားခါ
နားထောင်လေရာ၊ သီချင်းထောင်တစ်ရာ
ခေါင်းတွင်တွင်ကုတ်၊ ပို့စ်ထုတ်မရပါ
စွေ့စွေ့ကယ်ခုန် လူတောင်တုန်
ရှိသမျှ ဘရောက်ဇာ၊ ပိတ်ခါသိမ်းတော့မည်…
ပြီးလျှင် စောင်ခြုံကာ၊ ထွေးခါအိပ်တော့မည်…
(မော်ဒန်တျာချင်း … ကန်ယို)
ကိုရန်အောင်ရဲ့ ဘလော့က ကူးယူပါသည် ရီရတယ်နော်။
တနေ.သောအခါ နိုင်ငံတကာပညာရှင်များ အစည်းအဝေးတွင် အင်္ဂလိပ်လူမျိုး
သမိုင်းပညာရှင်ကမြန်မာနိုင်ငံ၏ပုဂံအကြောင်းစာထမ်းဖတ်ကြား သွားသည်။အမေရိကန်
မနုဿဗေဒပညာရှင်ကလည်းပုံတောင် ပုံညာ ပရိုင်းမတ်များအကြောင်း
ပြောသွားသည်။ ဂျာမန် ဘောဂဗေဒပညာရှင်က မြန်မာစီပွားရေးကြောင်း ပြောသွားသည်။
ပြင်သစ် ပန်ချီပညာရှင်က မြန်မာရှေးပန်းချီကြောင်းပြောသွားသည်။
မြန်မာ ပညာရှင် က ထ၍ ထိုသူများကို လက်ဆွဲ နှုတ်ဆက်ကာ ကျေးဇူးဥပကာရတင်ရှိကြောင်းပြောသွားသည်
မြန်မာရေ သိတယ်မလား

