လေပြင်းထန်တောလည်း

သစ်မြစ်တွေက

အလိုလိုသန်ခဲ့တယ်။

မုန်တိုင်းရဲ့ အဆုံးသတ်ကို

အပြုံးမပျက်ဖို့ကြိုးစားရင်း

နှလုံးသားကလည်း ရင်ကျက်လာတယ်

အပြုံးများလည်းအေးစက်လာတယ်

ကံကောင်းခြင်းသစ်သီးတွေ

မသီးခင်တော့

အရှုံးတွေ တပွေ့တစ်ပိုက်နဲ့

အိပ်ငိုက်တဲ့ ညတွေ များလှပေါ့

လောကဓံကို သိပ်မကြိုက်လို့တော့မရ

သစ်ပင်တစ်ပင်လို့

မြေကို ကုတ်ယူ

ဘ၀ကို အားဖြည့်

ခေါင်းကိုမော့

ယုံကြည်ရာအတွက်

ရှေ့သို့ဆက်………..

25 Sep, 2009  |  Written by Mg Ogga  |  under feeling, poem

ကမ္ဘာမြေရေ

မင်းအတွက်ပေးဆပ်ခဲ့တဲ့ကောင်

ခေါင်းခေါင်းမာမာနဲ့

ဘလော့ဂါဆိုတဲ့ ၀ိသေသလေးကို

ရွှေးချယ်ခဲ့တာပါ။

ငါဟာ နာကျင်ခြင်းတွေခပ်များများနဲ့

လည့်ကွက်ဆန်ဆန် ယန္တာရားအောက်မှာ

ဘယ်လို ထူထောင်ဆောက်တည်ရမှန်းမသိတဲ့

အမှောင်မှာ အိမ်ပြန်တော့မယ့်သူ

ကြယ်တွေမသိ လားရာမရှိ

အချိန်တွေတတိတိကုန်နေ

မင်းရဲ့မေတ္တာတရားကို တွေ့လိမ့်နိုးနိုးနဲ့

လွတ်မြောက်ရာလမ်းဆီဦးတည်နေပြီ

အညံစားအတ္တတွေထမ်းပိုးရင်း

အနတ္တချောက်ထဲ ခုန်ချ

ရှင်သန်နိုင်တဲ့အသက်ဓာတ်ဆိုတာ

ခပ်ယဲ့ယဲ့ပဲကျန်တယ်

အဝေးဆုံးလမ်းကို

ခရီးနှင်ချင်သူတစ်ယောက်ရဲ့

နောက်ဆုံးရလဒ်ကတော့

စိုက်ပျိုးပြီးလို့ရိတ်သိမ်းခဲ့တာတွေအားလုံး

ရိုးပြတ်တောတွေချည်းပဲကွယ်။

15 Sep, 2009  |  Written by Mg Ogga  |  under feeling, personal, thought

ကျနော် ၂၂နှစ် တိတိပြည့်ပါပြီ ဘာရေးရမလဲ စဉ်းစားမိတယ်။ ကျနော်မွေးနေ့မတိုင်မီတရက်က ကျနော်တို့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ အလှူသွားလုပ်ကြတယ်။ နောက် ကျနော်ွေးနေ့ နေလည်ရောက်မှ ရန်ကုန်ကို ရောက်ဖြစ်ပါတယ်။ ရန်ကုန်ရောက်ရောက်ချင်းပဲ အင်တာနက်ဆိုင်ကို ပြေးတယ် ဘယ်သူတွေငါဆီ မွေးနေ့ဆုတောင်းပေးမလဲပေါ့ မေမေက ကဗျာတပုဒ်ရေး ပြီးတင်ပေး ထားတယ်။ နောက်တွေ့ပါတယ် ကျနော်ဝင်ထားတဲ့ ဖိုရမ်တွေက စာတွေ နောက်ကိုသားဖြိုး က မွေးနေ့ပါဆိုပြီး ဂျီတော့က နှုတ်ဆက်တယ် ကျနော်စိတ်မချမ်းသာသွားဘူး ကျနော်မျှော်တဲ့သူဆီက စာတကြောင်းမှ မလာဘူး။ ညနေကတော့ ကျနော်တို့ BYSD မောင်နှမများနဲ့ပဲ အချိန်ကုန်စေ လိုက်ပါတယ်။ နောက် ကျနော်ဆရာတစ်ယာက်ကို တွေ့တယ် ဆရာဒီနေ့ ကျနော်မွေးနေ့သိလားလို့ ပြောလိုက်ပါတယ်။ ဆရာကလက်ဆွဲနှုတ်ဆက်ပြီး ဟုတ်လား Happy Birthday ပါ ကိုဥဂ္ဂါ Happy death day လို့ ပြောနိုင်အောင် ကြိုးစားပြီး ပြီလားတဲ့။ ကျနော်ကြောင်သွားတယ်။ ကျနော် အခုသေမယ်ဆို သေနိုင်ပြီလား။ ပျော်ပျော်ကြီးကို သေနိုင်ပြီလား မသေနိုင်သေးလိုထင်ပါတယ်။ နောက် အသက်ရှင်တာ ဘာအဓိပ္ပာယ်လဲ စဉ်းစားမိပြန်ပါတယ်။ ကျနော် ကြောင့်စိတ်ဆင်းရဲခဲ့ ရတဲ့သူတွေ ရှိခဲ့တယ်၊ ဒုက္ခရောက်သူတွေလည်း ရှိတယ်။ ကျနော် အသက်ရှင်သန်နေထိုင်မှုဟာ သန့်စင်လိုလား ကျနော်ကိုယ်ကျနော် သံသယရှိပါတယ်။ Continue Reading ->

8 Sep, 2009  |  Written by Mg Ogga  |  under feeling, poem

နှလုံသားကို နည်းနည်းစီ

ဖဲ့ဖဲ့ဆပ်နေရ

အများသူငါ မကြိုက်တဲ့စကားလုံးတွေ

ပေါင်းစပ်ထားတဲ့ငါ

အခုထိတော့

ခေါင်းမာမာနဲ့နေထိုင်နေတာ

အချစ်ဆိုတဲ့ဝိသေသတစ်ခုကြောင့်ပါ

မကြင်နာသူရေ။

မင်းထိုးစိုက်ခဲ့တဲ့ဒဏ်ရာနက်နက်

နာကျင်ခြင်းခပ်များများကနဲ့

ကံကြမ္မာကပါ အလိုတူအလိုပါ

ငါကိုပူပေါင်းလုပ်ကြံကြပြီ။

ဒီလိုလှည့်ကွက်ဆန်ဆန်ယန္တရားအောက်မှာ

ငါဘ၀ဆောက်တည်ရမရ

အမှောင်မှာအိမ်ပြန်မဲ့အကောင်တစ်ကောင်အတွက်

ဓာတ်မီးတိုင်တွေဖွင့်လိုက်ပါ။

မကြင်နာသူရေ

မင်းမေတ္တာတရားတွေကိုတွေလိမ့်နိုးနိုးနဲ့

ငါဝိညာဉ်ဟာ

လွတ်မြောက်ရာအရပ်တစ်ခုစီမျောပါပေါ့။

22 Aug, 2009  |  Written by Mg Ogga  |  under feeling, novels

နောက်အတော်ကြာမှာတော့ ကိုဦးက မသီတာကို ဖွင့်ပြောလိုက်တယ်။အဲ ဒီလိုဖွင့်လိုက်တာကို မသီတာက ကိုဦးပြောတဲ့ ရည်းစားစကားကို ရည်းစားစကားလို.မထင်ပဲ။သူကိုစာသင်နေ တယ်ထင်လို.တဲ။ ကိုဦးက အဲဒီလိုကြောင်တာ။ နောက်ဒီလို ဖွင့်ပြောဖြစ်တာကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောကြတယ်။ သူငယ်ချင်းတွေအားလုံးက မအံသြကြဘူး ဘာဖြစ်လို.လည်းဆိုတော့ ကျနော်က ပုလဲတို.ကို ကြိုပြောထားတာ ကိုး။ကျနော်၊ကိုဦးနဲ့မသီတာတို.က ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတော့ ခဏခဏနယ်ထွက်ရတယ်။ ကိုဦးနဲ့ ကျနော်အဖွဲ့အစည်းချင်း မတူပေမဲ့ တချို.နေရာတွေမှာတွေရတယ်.။

ကိုဦးကိုမသီတာနဲ့ဘယ်လို.အခြေအနေရှိလဲလို.မေးတိုင်း “ငါဘက်ကဖိတ်စာ တစ်ခြမ်းရိုက်ပြီး သွားပြီ သူဘက် ကတော့ ရဲတိုင်ထားတယ်” (ဒါမှမဟုတ်ရင်) “ငါကတော့ ကလေးတောင်ရနေပြီ သူကတော့ အခုထိ သူငယ်ချင်းပဲတဲ့” ငါကတစ်ဖတ်သတ်ကြီးပါကွာလို. နောက်နောက်ပြောင်ပြောင် ပြောတတ်တယ်။ မသီတာ ကိုမေးတဲ့အခါမှတော့ သူငယ်ချင်းပဲလေ ဘာဖြစ်လို.လဲတဲ့။ကျနော်ကလည်း သူတို.နှစ်ဦး ကြာရင်တော့ နှစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ချစ်ကြမှာပဲ လို.ထင်ခဲ့မိတယ်။ Continue Reading ->

21 Aug, 2009  |  Written by Mg Ogga  |  under feeling, novels

ကျနော်လေ ဒီအကြောင်းတွေ မေ့ထားပေမဲ့ မေ့မရဘူး။ အရမ်းချစ်ကြတဲ့ ကျနော်တို.သူငယ်ချင်း ၅ယောက် ထဲက သူတို.နှစ်ယောက် အကြောင်းပြောပြချင်လိုက်တာဗျာ။

ကျနော်မှာ အချစ်ဆုံးသူငယ်ချင်း ၄ယောက်ရှိတယ်။ကျနော်ပါ ပါရင် ငါးယောက်ပေါ့။ကျနော်တို.တွေ အားလုံးကျောင်းအသီးသီးဆီက ဘွဲ့ရပြီးထုံးစံအတိုင်း သင်တန်းတွေ လိမ့်တတ်ရတဲ့ အခါသူတို.ကိုတွေတာပေါ့ ဗျာ။ သုံးလအတွင်းမှာပဲ ကျနော်တို.တွေတကယ်ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။

ကျနော် သူတို.တွေထဲမှာစဦးဆုံး စခင်တာ ကိုဦးဗျ။ အဓိကပြောချင်တာလည်း သူအကြောင်းပဲ အခုတော့ သူလောကထဲမှာ မရှိတော့ပါဘူးဗျာ။ ဒါကြောင့်လည်း ဒီပို.လေးကိုစတင်တာပါ။ ကိုဦးက ကျနော်ထက် တစ်နှစ်ငယ်တယ် ဒါပေမယ်လေးစားသမှုနဲ့ ကိုဦးလို.ခေါ်တာပေါ့။ ဒီကောင်က အကုန်သိအကုန်တတ်တယ်။ ဒါပေမယ် ဘာကိုမှ သေသေချာချာမလုပ်ဘူးလို. ကျနော်တို. အတန်းဖော်အစ်မကြီးတစ်ယောက်က ပြောဖူး တယ်။ သူတကယ်လည်းတော်ပါတယ် သင်တန်းက အဆိုင်းမန့်တွေကို ကျနော်တို. အတွက် သူတစ်ယောက်ပဲ ဒိုင်ခံရေးပေးရတာ။သူက သူငယ်ချင်းတွေ အတွက်ဆို ဘယ်တော့မဆိုလုပ်ပေးတယ်။အခြား မိန်းကလေး သူငယ်ချင်း၃ယောက်ကိုလည်း သူနဲ့ခင်ပြီးမှကျနော်နဲ့ခင်တာ။နောက်တစ်ခုက သူက ဘယ်တော့မှ ကောင်း ကောင်းမွန်မွန် သတ်သတ်ရပ်ရပ် မနေတတ်ဘူး။ ရှမ်းလွယ်အိပ် ပြဲကြီးကို မြတ်မြတ်နိုးနိုး လွယ်တတ်တယ်။ သူလွယ်အိပ်ထဲမှာ အမြဲထမ်းဖတ်စရာ စာအုပ်တစ်အုပ်ရှိတယ်။ ဒီစာအုပ်ကို သူပျင်းတိုင်းထုတ်ထုတ်ဖတ်တယ်။ စာအုပ်နာမည်က Giver တဲ့။အခုသူ လူလောကမှာမရှိတော့တာ တနှစ်ပြည့်ပါပြီ။ မင်းကို ငါတို.မမေ့သေးပါဘူး ကိုဦးရာ။ Continue Reading ->

13 Aug, 2009  |  Written by Mg Ogga  |  under feeling, poem

6480_1193502044456_1435564019_529191_3666901_n
ငါတယောက်တည်းလား

မျှော်လင့်ခြင်းစပါးကျီထဲမှာမနက်ဖြန်အတွက်

လက်ကျန်တောင်မရှိတော့ပါလား

နာကျင်မှုအခေါင်းတလားထဲသေနေတဲ့

မျှော်လင့်ခြင်းတွေ ရှင်သန်လာအောင်

ဆုတောင်းလို.မရဘူးရေဆန်ဖြတ်ပြီးရေငတ်နေသူပါ။

ဘ၀ဟောင်းကိုရှင်သန်အောင် စိုက်ပျိုးဖို.အချိန်မရှိ

လောဘဒေါသတွေနဲ့ပြည့်လျှံနေတဲ့ ငါခန္ဓာ

တွန့်တိုတဲ့မစ္စရိယကိုလည်းလူရာသွင်းမိရင်ထဲမှာမချိဘူး

မချိပြုံးပြတာကိုလှောင်တယ်လို့ထင်သူကရှိသေး။

အမယ်မင်း

မင်းဒုက္ခမသေးပါလား

စိတ်ကူးယဉ်မှုထဲတွင် အနှစ်သာရမဲ့စွာအထီးကျန်ဆန်နေတယ်

လှေလေးကိုလှော်ပြီး ဘေးမသန်းပဲ အေးချမ်းချင်တာပေါ့

မသေခင်တော့နေမ၀င်ခင်နေကိုမြင်ချင်သေးတယ်။

ရှင်နေရင်တော့ဝန်းဝန်းပပ လပြည့်အလှကိုလည်းမြင်ချင်သေးတာပေါ့

ဘ၀ကလှရင်တော့ တရားဓမ္မနဲ့လည်းပျော်မွေ့ချင်တာပေါ့။

အခုတော့

မိုးလိုက်ရွာတာ ငါတယောက်ထည်းလား

အထီးကျန်ဆန်တာ ငါတယောက်ထည်းလား

အမုန်းခံရတာ ငါတယောက်တည်းလား

မတရားခံရတာ ငါတယောက်တည်းလား…………………………..။

25 Jul, 2009  |  Written by Mg Ogga  |  under feeling, poem

မိုးကောင်းကင် တိမ်များထဲ ချိတ်ဆွဲထားတဲ့

ငါ့နှလုံးသားမီးထောက်

ဘယ်သူလက်လှမ်းမှီမလဲ

လူသူမရောက်တဲ့နက္ခတ်တစ်စင်း

မင်းကိုလမ်းပြမဲ့ အတ္တမဲ့အလင်း

အစွန်းထင်းကင်းမဲ့လှ

ဟိုးကအမှောင်ထုကိုဖြိုချလိုက်တော့…………

မင်းအတွက် ပေးဆပ်ခဲ့တဲ့ငါနှလုံးသွေးစက်တွေ

မြေပြင်ပေါ်ကျလာတိုင်း ပန်းတစ်ပွင့်ပွင်ခဲ့ပေါ့

ဟိုရှေ့ကမိုးကုတ်စက်ဝိုင်း

မြေလွာကိုနင်း နေမင်းရှိရာ

ငါဦးတည်လာပြီ မင်းဆီ

နှလုံးသွေးက စိမ့်ထွက်လာတဲ့

ယောကျာင်္းတစ်ယောက်ရဲ.ခြင်ဆီ

အချစ်တွက်ပူဇော်သည်။

29 Apr, 2009  |  Written by Mg Ogga  |  under feeling, poem

အလင်းပေးတဲ့ မီးရောင်ကိုသာ

ကျေးဇူးတင်နေသူ

အမှောင်ထဲကမီအိမ်ရှင်ကို မေ့နေပြီလား

အသဲနှလုံးတွေညှိုးနွမ်းနေရဲ့

အနင်းခံမြေကြီး အတွက် ပန်းပွင်တွေ

ကြွေကျပေးဆပ်ခဲ့

အမည်မဖော်နိုင်တဲ့နေရက်တွေကို

စိတ်နဲ.ရေတွက်

ဘ၀ရဲ့ ခါးခါးသီးသီးအတွေ.အထိက

ပင်အိုကြီးတွေလို

ခိုင်ခိုင်မြဲမြဲ ရင်မှာခိုဝင်

တခါတလေ ပဲတင်သံက

မူလအသံကိုပြက်ရယ်ပြုနေတာမျိုး

ဖြစ်တတ်ရဲ့

လူအဖွဲ့အစည်းနဲ့

ပျင်းရိစွာငြင်းဆိုပြီး

စိတ်ရှည်စွာအသက်ရှင်နေထိုင်တော့မယ်သူ။

သူကသူရဲကောင်းတောသူရဲကောင်းပဲ

ဒါပေမယ်

သူရဲကြောက်တယ်။

6 Apr, 2009  |  Written by Mg Ogga  |  under feeling, poem

သခင်လာတယ်

အစာကျွေးတယ်

ကျနော်သရေကျတယ်

နောက်သခင်

ခေါင်းလောင်းတီးတယ်။

ခေါင်းလောင်းတီးတယ်

အစာကျွေးတယ်

ကျနော်သရေကျတယ်။

နောက်တောသခင်

ခေါင်းလောင်းသာတီး

အစားမကျွေးတော့

ဒါပေမယ်ကျနော်

သ….ရေ….ကျ…..တယ်။