Archive for the ‘exprience’ Category

Feb-17-2010

ဖွံဖြိုးရေးလုပ်သားတွေ ရွာထဲဝင်ရင် ကျင်ကြံရမည့် စည်းကမ်းများစွာရှိပါတယ် ရွာသားတွေကို မျှော်လင့်ချက် မပေးရ၊ ရွာသားတွေ မျက်စီနောက်အောင်မနေရ၊ရွာသားတွေနဲ့ တစ်သားထဲ နေရမယ်၊လူထုဆီသွား၊ လူထုနဲ့ နေ၊ လူထုဆီက သင်ယူ၊ လူထုဆီက ရှိတာနဲ့ စ ပြီးတော့ လူထုမှာရှိတဲ့ အရာနဲ့ပဲ တည်ဆောက်ပါ စသဖြင့်ပေါ့ ဒါတွေဟာ လူမှုဖွံဖြိုးရေးလုပ်သားတိုင်း နားလည်ထားတဲ့ ကျင့်ဝတ်တွေပါ။ ဒါပေမယ့် ဒီအတိုင်ကျင့်ကြံတဲ့ သူရှားပါတယ်။ ဆရာကြီးလို့ ခေါ်ခံရတဲ့ ဖွံဖြိုးရေးဘိုးအေကြီးအချို့ တောင် ဒီလိုမလုပ်ကြပါဘူး ထားပါတော့လေ။
အရင်က ရွာတွေသွားရင် ရွာသားတွေ ကျွေးတာ ကျွန်တော်တို့တွေ စားခွင့်ရှိပါတယ်။ နောက်ပိုင်း ကျေးရွာကို အကူအညီလာပေးတဲ့ သူတွေကြောင့် ကျေးရွာမှာ ၀န်ထုတ်ဝန်ပိုးတွေ ဖြစ်လာလို့ ကျေးရွာက ကျွေးတဲ့ ဟာကို မစားရဘူးလို့ စည်းကမ်းလုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ  [ Read More ]

Sep-15-2009

ကျနော်တို့ ဗုဒ္ဓဘာသာလူငယ်လေးတွေ စုပြီး ၁၂၊၉၊၂၀၀၉ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ မှာရှိတဲ့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ ရှိတဲ့ကလေးတွေကို နေလည့်စာကျွေးကြပါတယ်။ နောက်နေ့၁၃ရက်ကကျနော်မွေးနေ့ဆိုတာလဲ ပါတယ်။ ဒီဟာကိုလုပ်ရ အောင်ဆိုပြီး စဆော်သြတာကတော့ ကျနော်တို့ သူငယ်ချင်းကြီး သိန်းစိုး(အလင်းအိမ်စာပေ)။ ကျနော်တို့လူငယ်တွေ အားလုံးက ရှိစုမဲ့စု မုန့်ဖိုးလေး လစာလေးတွေစုပြီး ကလေးတွေ အတွက်လှူကြတာပါ။ နောက် ကလေးတွေကို ပညာရောစပ်ဖျော်ဖြေရေး(Edutainment)လုပ်ကြပါတယ်။ သဘာဝပတ်ဝန်ကျင်းကို ချစ်တတ်အောင်၊ ဗုဒ္ဓယဉ်ကျေးမှုတွေကို ကလေးတွေ ပိုသိလာအောင်၊လုပ်ကြ တာပါ။ ကလေးတွေနဲ့ အတူကျနော်တို့ ကစားကြတယ် သီချင်းတွေဆိုကြတယ်။ ကျနော်လည်း ကျနော့်မွေးနေ့အထိမ်းအမှတ်နဲ့ လုပ်ဖြစ်သွားတော့ပျော်ပါတယ်။
ဒီအစီအဏဉ်လေးကို ကျနော်တို့ BYSD ကလုပ်ပေမဲ့ တခြားလူငယ်ဖွံဖြိုးရေး အဖွဲ့တွေက သူငယ်ချင်းတွေ က လည်းကူညီကြပါတယ် ပါဝင်ကြတဲ့ သူတွေကတော့  [ Read More ]

Sep-10-2009

ကျနော်ကို သူငယ်ချင်းရာဇာက ဟေ့ကောင်မင်းကယားပြည်အကြောင်းရေးမယ်ဆိုပြီး အခုတိဘာလို.မရေးတာ လဲ လို.ပြောပါတယ်။အမှန်မှာ ကျနော်အပျင်းကြီးနေတာကြောင့် မရေးဖြစ်တာပါ။ အခုရေးပါတော့မယ်။ ရေးမယ် ဆိုပြီး မရေးဖြစ်တဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်။
ကယားပြည်နယ်မှာ ကျနော် တစ်ကိုယ်ကောင်းဆန်မိဘူးတယ်ဗျ။
ကျနော်တို့ သွားတဲ့အချိန်က မေလလောက်ဆိုတော့ မိုးဦးကျလောက် တောင်သူတွေ စိုက်ပျီုးဖို့ မိုးမျှော်နေတဲ့ ကာလ ဒီနှစ်မှာ ဘာမှမစိုက်တဲ့ရန်ကုန်ကြတော့ မိုးတွေသဲသဲမဲမဲရွာပြီး စိုက်မဲ့ပျိုးမဲ့ နယ်ဒေသတွေကြတော့ မိုးနည်းနေတာ အားလုံးသိမှာပါ။ ကျနော် ဒီးမောဆို့မြို့နယ်ထဲက ၆မိုင်ဒေါကလိုခူ ရွာစဆင်းမဲ့နေပေါ့။ ကောင်းကင်မှာ မိုးတွေအုပ်မှိုင်းနေတယ်။ ကျနော်ရွာထဲဆင်းရင် တစ်အိမ်တက်တအိမ်ဆင်းသွားရမှာ ဆိုတော့ မိုးရွာရင်မဆင်မပြေလှဘူး နံနက်ထဲက မိုးမရွာပါစေနဲ့ဆုတောင်းနေတာ တကယ်လည်း ညနေအထိ မိုးမရွာဘူး ဒီလိုနဲ့ ညဖက် ကျေးရွာဥက္ကဌနဲ့ စကားလက်ဆုံကြတော့ ရွာမှာဘာစိုက်လဲ ဘယ်လိုစိုက်ကြလဲ မေးကြည့်တော့ သူက မိုးမရွာရင်တော့ ဒီနှစ်ပြောင်းဖူးတော့ပျက်ပြီ ဆရာလေးရယ်။ ဒီနှစ်မိုးအာကြီးခေါင်တယ်  [ Read More ]

Jul-16-2009

တောင်တန်းပြာပြာလေးတွေကိုနောက်ခံထားထားပြီးလှချင်တိုင်းလှပနေတဲ.ထိုင်းနိုင်ငံချင်းမိုင်မြို.လေးကနေ တစ်နာရီကျော်ကျော်လောက်ကားလေးမောင်းပြီးတောင်ကုန်းပေါ်က မန်ကျည်းတောအုပ်သေးသေးလေးကိုဖြတ်သန်ကာလှပသေသပ်ပြီးချစ်စရာကောင်းတဲ.ရွှံအိမ်လေးများရှိရာခြံကလေးဆီသို.ကျွန်မတို.ရောက်လာကြတယ်။
ခြံထဲ ကိုဝင်လိုက်တာနဲ.ရင်ထဲအေးပြီး အမောအပန်းတွေဘယ်ပျောက်သွားလဲ မသိတော့ပါဘူး။ပထမဆုံးတွေတဲ့ ရွှံအိမ်လေးထဲ မှာခဏနားနေတုန်းမှာပဲ အင်္ကျီနွမ်းနွမ်းဝတ်ထားတဲ့ ထိုင်းအမျိုးသားကြီးတစ်ယောက်ဟာ လတ်ဆတ်တဲ့ အပြုံးကိုဆင်ယင်ပြီး ကျမတို.ဆီ ခပ်ခပ်သွက်သွက်လျှောက်လာခဲ့တယ်။ပြီးတော့ ရွှံ့ခုံလေးမှာ သူလွယ်အိပ်ဟောင်းလေးကိုတင်ပြီး ရယ်မောဖော်ရွှေစွာ နှုတ်ဆက်စကားပြောကြတယ်။နောက်တောင်ကုန်း လေးပေါ်က သူ့အိမ်လေးဆီသွားဖို.ဖိတ်ခေါ်တယ်။
မနေ့ကထဲက ဒီ ဖန်ဖန်ဆိုတဲ့ ခြံလေးအကြောင်းစကြာြးဲပီး သွားရမယ်ဆိုကတည်းက စိတ်ဝင်စားနေတာ အခုတော့တကယ်ဆုတောင်းပြည်.သွားတာပေါ။့ဒီခြံကလေးက တကယ်ကိုအေးချမ်းပြီး စိတ်ချမ်းမြေ.စရာနေရာ လေးတစ်ခုပါ။
အိမ်ရှင်ခေါ်လာလမ်းအတိုင်းတောင်းကုန်းလေးပေါ်တတ်လာရင်း ဘေးဘီကိုကြည်တော့ သီးပင်စားပင်တွေခြံရံ ခြံရံထားပြီး ချစ်စရာကောင်းလှတဲ့ နေချင်စရာရွှံ.အိမ်လေးတွေ ကိုကျမတို.အဖွဲ.ကလူတွေက ဓာတ်ပုံ           တဖျတ်ဖျတ်နဲ့ အိမ်သာပါမကျန် အားရပါရကို မှတ်တမ်းတင်ကြတာပေါ့။ကျမနဲ့အတူပါလာတဲ့ ဆရာမတစ် ယောက်ရဲ. ၄နှစ်အရွယ်မြေးမလေးက “အဘွားဘာလို.အိမ်လေးတွေကဒီလောက်လှနေတာလဲ”မေးလိုက်တော့ အိမ်ရှင်အဖိုးကြီးရဲ.မျက်နှာကပီတီအပြုံးတွေဖြာလိုပေါ့။
နောက်အိမ်လေးဆီရောက်တော့ ဒီခြံလေးအကြောင်းနဲ့သူရဲ့ဘ၀အကြောင်းတွေကို ကျမတို.ကိုပြောပြလို. စိတ်ဝင်စားဖို.ကောင်းတဲ့ ဒီဖန်ဖန်ခြံလေးနဲ. ဦးလေးကြီးအကြောင်း တစွန်းတစသိခွင့်ရခဲ့ပါတယ်။
“ကျနော်နာမည်ကဖိလှိုးပါ ထိုင်းနိုင်ငမြောက်ပိုင်းကတောရွာလေးတစ်ရွာကပါ ဟိုတုန်းထဲက ကျနော်တို.ဒေသ  [ Read More ]

Jul-11-2009

ကျေးဇူးရှိသူတွေကို ကျေးဇူးတင်တာ မင်္ဂလာတစ်ပါးပါ။
အခုကျနော်တို.ရဲ.ခရီးစဉ်မှာကျေးဇူးရှိသောပုဂ္ဂိုလ်များကတော့—–
TLMI မှ မစ္စတာမိုက်၊
ခရီးလိုက်ပါဖို့စီစဉ်ပေးတဲ့ ဖေဖေ၊
အဝေးကနေအမြဲ မေတ္တာပို့နေတဲ့မေမေ၊
ဘလော့ရေးဖို့ အမြဲတိုက်တွန်းတဲ့ ဘုန်းဘုန်းဦးလောကနာထ၊ကိုဂျေ၊ကိုလင်းရမ္မာ
အတူတူခရီးထွက်ကြတဲ့ ရဲဘော်ပဲလှော်၊
ချစ်ရတဲ့ သမ္ဗူလ၊
ကယားပြည်နယ်ဒီမောဆို လွိုင်ကော်မှ အပင်ပန်းခံလိုက်ကူညီပေးတဲ့ ဆရာဦးမြင့်ဇော်(လူမှုဝန်ထမ်းပြည်နယ်ဦးစီး)၊
အိပ်စရာနေရာပေးတဲ့ဆရာမဒေါ်စိန်စိန်မော်(နေကလေးထိန်းကျောင်းအုပ်)၊
ဆိုင်ကယ်နဲ.မအားတဲ့ကြားကကူညီပေးတဲ့ ညီလေးမျိုးမြတ်(မဇ္ဈိမနှလုံးသား BY)၊
ရွာတွေမှာ အကူညီးပေးတဲ့ ဆရာမဒဲမြာ(ကယာဖူးနှစ်ခြင်းအသင်းတော် ဓမ္မတာဝန်ခံ)၊
ကယားစကားသင်ပေးတဲ့ ဆရာမ အိုင်းရစ်(စေတမန် ရိုမန်ကသလစ်)၊
ကယားပြည်နယ်အကြောင်း တွေရှင်းပြတဲ့ ဦးအိုက်ဆဲ (ဗိုလ်ပျန်သား)၊
ဗြဟ္မာစိုရ်ဘာသာအကြောင်းရှင်းပြတဲ့ ဦးကျော်ဝင်းနဲဗြဟ္မာစိုရ်မိသားစု
ကယားမှာ နာမည်ယူသုံးပြီးအကူအညီးတောင်းရတဲ့ ဆရာဘိုဘိုလွင်၊
ပြန်တဲ့အထိအကူအညီပေးတဲ့ ကိုစော်ရယ်။
နောက်အစစအရာရာ ကူညီကြတဲ့ ခရစ်ယာန်ညီအကိုများ၊ရွာသူရွာသားများ၊ကျေးရွာခေါင်းဆောင်များ၊ရယက၊
မယက၊ပယက တာဝန်ရှိသူများ၊
ရပ်ရွာအဖွဲအစည်းများ၊လူမှုရေးအဖွဲ.အစည်း ဘာသာရေးအစည်းများအားလုံးကယားပြည်နယ်ဒေသခံများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ကဗွီးတထလေး၊တရီဘာနမ်း၊

Jun-21-2009

မေမေချစ်သောသားကြီးကိုဥဂ္ဂါ
(အများအကျိုးဆောင်၊ကိုယ့်အကျိုးအောင်-ဆိုပေမဲ့-ကိုယ့်အကျိုးအောင်-ချင်တာနဲ့တော့ အများအကျိုးမဆောင် ပါနဲ့) ဆိုတဲ့ သားကြီး ရေးခိုင်း အတိုင်းမေမေ ရေးဘို့ စဉ်းစားနေခဲ့ပါတယ် သားကြီးရေ…။ မေမေရောက်နေတဲ့ရောမမြို့ ဟာအရင်က မေမေနေခဲ့တဲ့တောင်ပေါ်မြို့လေးနဲ့ခြားနားစွာ ပူနွေးစွတ်စို လှပါတယ်..။
ပင်လယ်နဲ့နီးတဲ့အပြင် ဥရောပရဲ့ နွေရာသီကိုရောက်ခဲ့ပြီမို့ နွေးထွေးလာပါတယ်၊သည်နေ့တော့ ထူးခြားစွာ လေရောမိုးပါ ပြင်းထန်နေ ခဲ့တယ်။အိမ်တွင်းအောင်းရင်း သားပြောတဲ့ ခေါင်းစဉ်ကိုစဉ်းစားတော့ မေမေ့ခေါင်းထဲကို (အရီးတောင်းကြက် ခြေနီလဘက် သုပ်) ပေါ်လာခဲ့ပါတယ်သားရေ..။ မိုးအေးအေးနဲ့ ချဉ်ချဉ်စပ်စပ် လဘက်သုပ်ကလေး ကို စားချင်လာတာလည်း ပါတာပေါ့ လေ။ စေတနာ ဆိုတာ ဆန်းကြယ် တတ်လို့ပါ။
မေမေတို့မြန်မာ ပြည်မှာ လက်မလည်အောင်ရောင်းရတဲ့ အရီးတောင်းကြက်ခြေနီ လဘက်သုပ်ဟာ ရောင်းကောင်းအောင်ဆိုပြီး ကြိုတင်ကြံစည်စိတ်နဲ့ ဖေါ်စပ်တီထွင်ခဲ့တာမဟုတ်ပါဘူးသားရေ။
မန္တလေးမြို့ရဲ့ ဆေးရုံတစ်ခုအတွင်း လုပ်အားပေးကြတဲ့ ကြက်ခြေနီလူငယ်လေးတွေကို အရီးတောင်းလဘက်ဆိုင်က လဘက်သုပ် ဧည့်ခံကျွေးမွေး မယ် စီစဉ်ပါတယ်သား။
အခုလိုမိုးအေးအေး  [ Read More ]

Sponsors