2 Feb, 2010  |  Written by Mg Ogga  |  under enviromental, poem

ရာဇ၀င်များရဲ့ သတို့သမီးတဲ့

အမိ အဖတို့ရဲ့ အသွေးအသားတို့

တသွင်သွင် စီးဆင်းနေတဲ့

ခေတ်အဆက်ဆက် တောက်ပခဲ့တဲ့

မီးအိမ်ရှင် သတို့သမီး။

တိုင်းသူပြည်သားတို့ရဲ့ ရင်နင့်သည်းချာ

ချစ်ခြင်းမေတ္တာ ဝေဆာခဲ့တဲ့

သတို့သမီး။

ဘယ်ဘက်က တစ်ဆုပ်ကြဲ

ညာဘက်က တစ်လှည်း မမျှော်လင့်ဘဲ

သုံးတန်စေတနာ ပြတ်သားခဲ့တဲ့

ဂရုဏာရှင် သတို့သမီး။

ကြွေးသစ်တို့ အတိုးချရင်း

ကြွေးဟောင်းကို ဆပ်နေတဲ့

သူကျေးဇူးကို အဖိုးမဖြတ်တန်ဖိုးတက်စေတဲ့

လမ်းပြရှေ့ဆောင် သတို့သမီး။

ရာဇ၀င်များရဲ့ ခမ်းနားတဲ့ သတို့သမီးရေ……

မိဘမေတ္တာငတ် အမွေဖြတ်ခံရတဲ့ အခါ

ထားဆဲ သစ္စာ တည်တံ့မှာလား

ထားဆဲ့ မေတ္တာ တည်ရှိအုန်းမလား

စိုးရိမ်လို့သားကွယ်။

အစိမ်းရောင် ဘက်တော်သား ကျွန်တော်သူငယ်ချင်း ကိုသိန်းစိုး(သိုးစိမ်း) မြစ်ဆုံ ရောက်ခဲ့ စဉ်က ခံစားရေးဖွဲ့ထားတာကို မျှဝေလိုက်ပါတယ် ခင်ဗျာ

29 Jan, 2010  |  Written by Mg Ogga  |  under enviromental, novels

သဘာဝရဲ့ အဆုံးမဲ့ပေးဆပ်မှုကို တန်ဖိုးမထားမလေးစားရင် အဆမတန်အခွင့်ကောင်းယူကြရင် ဒီအလှတရား တွေဟာ ပျက်သုန်းအုန်းမှာပဲလေ။ ပျက်စီးတဲ့သူက ပျက်စီး တည်ဆောက်မဲ့သူက တည်ဆောက်ပေါ့။ သဘာဝရဲ့ ကျေးဇူးတရားကို သိတဲ့ အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲ ရဲ့ သဘာဝကိုကျေးဇူးဆပ်ခဲ့တာတွေဟာ အခုဆို မျက်ဝါထင်ထင် မြင်နေရပါပြီ။ သစ်တောလေးကို လူတစ်ယောက်တည်း လက်နှစ်ဘက်နဲ့စိုက် ခဲ့တာဆို ဘယ်သူမှ မယုံကြသလို ဒါတွေကို သူစိုက်ထားတာလို့လည်း ဘယ်သူကမှ မသိကြပါဘူး။သူကို သာမန်သိုးထိန်း တစ်ယောက်လိုသာ မြင်ကြတယ်။မသိတာလည်း တစ်မျိုးတော့ကောင်းတယ် သူကိုထားမြစ် ဝေဖန်မဲ့သူမရှိဘူးပေါ့။ တကယ်သိသွားလို့ ထားမြစ်ဝေဖန်လည်း သူလိုလူကတော့ သူအလုပ်သူလုပ်နေမှာပါပဲ။

၁၉၂၀ခုနှစ်မှာ ကျွန်တော်သူဆီနောက်တကြိမ် ထပ်ရောက်ခဲ့ပြန်တယ်။ သူတခါမှစိတ်ပျက်လက်ပျက် ဖြစ်နေတာကို ကျွန်တော်မတွေ့ဖူးသေးဖူး။ သူကိုလည်း ဘယ်အရာကမှ စိတ်ပျက်လက်ပျက်ဖြစ်အောင်မလုပ် နိုင်ဘူးထင်တယ်။ သူသဘာဝကို ကျေးဇူးဆပ်ပြီး စိတ်နဲ့ကိုယ်ကို ဆပ်ကပ်ထားသလိုပါပဲ။ အခက်အခဲတွေကို ကိုကျော်လွှားရင်း သူရဲ့စိတ်ရောကိုယ်ပါ ပင်ပန်းမှုတွေဟာ မှန်းဆလို့တောင်မရပါဘူး။ ဒါပေမယ့် အဆုံးသတ် ရလဒ်ကောင်းတွေကို ရရှိဖို့ သူဟာ အတားအဆီးအခက်ခဲပေါင်းများစွာကို Continue Reading ->

28 Jan, 2010  |  Written by Mg Ogga  |  under enviromental, novels

သူဟာမြေနိမ့်ပိုင်း ဒေသမှာ မွေးမြူရေးခြံတစ်ခြံပိုင်ခဲ့ဖူးတယ်။ အဲဒီခြံဟာ သူရဲ့ဘ၀ဖြစ်ခဲ့ပါတယ်။ သူရဲ့ တစ်ဦးတည်းသောသားနဲ့ မိန်းမဆုံးရှုံးသွားပြီးတဲ့ အခါမှာ လူသူကင်းမဲ့တဲ့ ဒီနေရာမှာ သူရဲ့သိုးအုပ်နဲ့ ခွေးလေးကိုခေါ်ပြီး ဆိတ်ငြိမ်စွာ နေထိုင်လာခဲ့တယ်။ သူအမြင်အရ ဒီဒေသကြီးဟာ သစ်ပင်ကင်းမဲ့မှုကြောင့် သေခါနီးဖြစ်နေပြီ သူဆီမှာ ဒီဒေသကြီး ပြန်လည်ကောင်းမွန်လာအောင်လုပ်ဖို့ထက်ပိုပြီး အရေးကြီးတဲ့ အလုပ်မရှိတော့ဘူး။ ငယ်ရွယ်တဲ့ ကျွန်တော်က အနာဂတ်ကိုစဉ်စားရင် ကျွန်တော်နဲ့ တိုက်ရိုက်ပက်သတ်တဲ့ (သို့) ကျွန်တော်တစ်ကိုယ်စာပျော်ရွှင်မှု အတွက်ပဲစဉ်းစားတတ်တယ်။ သူကိုကျွန်တော်က နောင်နှစ်ပေါင်း ၃၀ လောက်ဆိုရင် ၀က်သစ်ချပင် တစ်သောင်းဟာ အရမ်းကိုလှပနေမှာပဲ လို့ပြောမိတယ်။ သူက ဘုရားသခင်သာ သူကိုနောက်ထပ် အနှစ် ၃၀ သာအသက်ရှင်ခွင့်ပေးမယ်ဆိုရင် နောက်ထပ်အပင်ပေါင်းများစွာ စိုက်အုံးမယ် အခုစိုက်ခဲ့တဲ့ သစ်ပင် ၁သန်းဟာ ပင်လယ်ထဲ ကျသွားတဲ့ ရေချိုတစ်စက်လောက်ပဲရှိမယ်တဲ့။ Continue Reading ->

25 Jan, 2010  |  Written by Mg Ogga  |  under Uncategorized, enviromental, novels

ကျွန်တော် သတိထားမိတာကတော့ သူဟာ လောလောလတ်လတ် မုတ်ဆိတ်မွှေး တွေ ရိတ်ထားပြီး ၊ သူကျယ်သီးတွေလည်း ခိုင်မြဲစွာတပ်ဆင်ထားပါတယ်။

သူအင်္ကျီကို သေသေချာချာ သပ်သပ်ရပ်ရပ် ချုပ်ထားတာကြောင့် ချုပ်ရိုးတွေကို တောင်မမြင်ရပါဘူး။သူဟယ ကျွန်တော့်ကို စွတ်ပြုတ်ပေးသောက်ပါတယ်။ ကျွန်တော့က သူ့ကို ကျွန်တော့်ရဲ့ ဆေး တံဆေးတစ်ထုပ် ကိုပေးတဲ့အခါမှာ သူက ဆေးတံ၊ဆေးလိပ်မသောက်တတ်ဘူးလို့ ပြောပါတယ်။

သူနဲ့ခွေး ကအနားမှာ ရှိနေပြီး ၊သူ့သခင်ကို အရမ်းဖက်လှဲတကင်း မလုပ်ပေမဲ့ လဲ ခင်မင်စရာ ကောင်းပါတယ်။ ကျွတ်တော် အဲဒီမှာ ပဲ ညအိပ်ဘို့ သူကချက်ချင်းပဲသဘောတူခဲ့ပါတယ်။

အနီးဆုံး ရွာ က အနည်းဆုံး နောက်ထပ် နှစ်ရက်လောက် လျှောက်သွားရအုံးမယ် ။ ဒီဒေသမှာ ရွာတွေ အလွန်နည်းပါးပြီး တစ်ခုနဲ့ တစ်ခု အလှမ်းကွာဝေးတယ်။ Continue Reading ->

23 Jan, 2010  |  Written by Mg Ogga  |  under enviromental, novels

ကျွန်တော်အရမ်းနှစ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ ကြိုက်လွန်း လို ကြည်တာ ၇ခါလောက်ရှိပါပြီ။ ကာတွန်းဇာတ်လမ်းလေးပါ အင်တာနက်မှာ ပြန်ရှာကြည်မှပဲ ဒါဝတ္ထုကို ပြန်ရိုက်ထားတာမှန်း သိရ တယ်ဗျာ။ အတော်လေးကို ကောင်းပြီး စိတ်နှလုံးကို ပြောင်းလဲစေပါတယ်။ ဒီဇာတ်လမ်းလေးကို ကျွန်တော်ကြည်ရတော့ သိုးဆောင်း အဆိုအမိန့်တစ်ခုကို သွားအမှတ်ရမိတယ်။

Theactivist is not the man who say “the river is dirty.” The activist is the man who ” clean up the river.”ဆိုတာကို ကောင်းကောင်းကြီးကို နားလည်သွားပါတယ်ဗျာ။ အရင်က ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို အော်ခဲ့တဲ့ ကျွန်တော်လိုအကောင်ကို စိတ်ထား ပြောင်းလဲအောင် လုပ်နိုင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းက ပြင်သစ်ဇာတ်လမ်းလေးပါ နာမည်က L’homme qui plantait des arbresပါ မြန်မာလို ပြောရင်တော့ သစ်ပင်စိုက်တဲ့ သူတစ်ယောက်ပေါ့ဗျာ ကျွန်တော် ကတော့ သူကိုအားကျလွန်းလို့ သူ လိုပဲ ပေးလိုက်တယ်။

ကြိုက်လွန်းလို ပြန်မျှဝေချင်စိတ်တွေ ဖြစ်လာလို့ မျှဝေလိုက်ပါတယ်။ သိပ် မကောင်းဘူး မခံစားရဘူးဆိုရင် ကျွန်တော်ညံဖျင်းမှုပါ ဇာတ်ကား နဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူးခင်ဗျာ။ Continue Reading ->

17 Dec, 2009  |  Written by Mg Ogga  |  under enviromental, poem

သားရေ…..

သဘာဝဆိုတာ

လူသားတွေရဲ့ အသက်သခင်

သဘာဝထဲမှာ အသက်ရှင်ပြီး

ဘာလို့များ မချစ်ခင်ကြပါလိမ့်။

သားရေ…..

သဘာဝဆိုတာ

ညီဆိုးလေးတို့ရဲ့ ချစ်ကိုကို

သဘာဝထဲမှာ အကဲပိုပြီး

ဘာလို့များ မစိမ်းစိုချင်ကြပါလိမ့်။

သားရေ…..

သဘာဝဆိုတာ

သားသည်တို့ရဲ့ မိခင်

သဘာဝရဲ့ရင်ခွင်မှာ ရှင်သန်ပြီး

ဘာလို့များ စုန်ကန်ချင်ကြပါလိမ့်။

သားရေ…..

သဘာဝဆိုတာ

အရည်အချင်းပြည့်တဲ့ ဆရာတစ်ဆူ

သဘာဝထဲမှာ သင်ယူပြီး

ဘာလို့များတွေးမပူတတ်ကြပါလိမ့်။ Continue Reading ->

8 Sep, 2009  |  Written by Mg Ogga  |  under enviromental, poem

မိုးရေငတ်တဲ့

ရွက်ပြက်တောတစ်ခု

တစ်တော့လုံးအရိုးတွေ

ပြိုင်းပြိုင်းကျမတတ်

အကိုင်းအခက်မရှိ

တုံးတိတိအပင်တွေ

တပေငွေ့ငွေ့နဲ့တရိရိဇာတ်သိမ်း

သုံရာသီပတ်လုံး

လောဘဒေါသမောဟတွေ

မီးခိုးမဆုံးမိုးမဆုံးနဲ့

လောကကြီးထဲပျော်ဝင်နေပြီ

အော်ဂလီဆန်ပြီအန်ချပေပွနေတဲ့

စိတ်မီးတောက်တွေလေ။

တော်လှန်သောဆိုတာနဲ့မလန့်ပါနဲ့ အများနဲ့မတူ တစ်မှုထူးတဲ့ဟာကိုဆိုလိုတာပါ။ကျနော်ငယ်ငယ်က ဖတ်ဖူးတဲ့ သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ ဖတ်ပြီးတော့ အရမ်းကြိုက်ပါတယ်။ ဒီစာအုပ်ထဲမှာ တော်လှန်သောဆိုတဲ့ စကားလုံးကိုတော်တော်လေးသုံးထားတယ်။ ဒီစကားလုံးကိုကြိုက်လိုပါ တမျိုး မထင် ပါနဲ့နော် :) :) :)

အရင်တစ်ပတ်က စိတ်ညစ်ညမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးကြပုံကို ပြောဖူးတယ်ဗျ။ အခု ဟာအဆက်ပေါ့။ စိတ်ညစ်ညမ်းတာတွေပျောက်သွားဖို. စိတ်ကျင်စဉ် တစ်ခုလိုအပ်ပါတယ် ဒါက ၀ိပဿနာပါ။ စိတ်ကျင့်စဉ် ဆိုပေမဲ့ အနောက်တိုင်းက နားလည်ထားတဲ့ ယောဂနဲ့ စိတ်ဖြေလျော့နည်းတွေ လို.မဟုတ်ပါဘူး။ ဒါကြောင့်လည်း တော်လှန်သောဝိပဿနာလို. ခေါ်တာပေါ့။ Continue Reading ->

စိတ္တေနနီယတိလောကော၊စိတ္တေန ပရိကဿိ။စိတ္တေဿ ဧကဓမ္မဿသဗ္ဗ၀ ၀သံအနွဂူတိ။ (သံယုတ္တနိကာယ် ၁၊၃၉)

ဒီိဂါထာ လေးကိုဗုဒ္ဓဘာသာဝင်တိုင်း နားယဉ်နေပြီးသား ဖြစ်မှာပါ။ စိတ်သည်လောကကိုဆောင်၏ စိတ်ဖြင့်လောကကိုဆွဲငင်၏။စိတ်၏အလိုသို. အရာအားလုံး အစဉ်လိုက်၏။ လူသမိုင်းတလျှောက်မှာ လူတွေရဲ့ကူးအကြံတွေ အသိမြင်တွေမြင်မားလာမှုနဲ့ အတူကမ္ဘာမြေ မျက်နှာပြင်ကို ဘယ်လိုဘယ်ပုံ ပြောင်းလဲပစ်တယ်ဆိုတာကို လူယဉ်ကျေးမှုထွန်သစ် ကာစကာလမှာ သဘာဝတရားဟာ အနှောင့်အယှက် ကင်းကင်းနဲ့ ရှိနေပါသေးတယ်။နေက်ပိုင်း စိုက်ပျိုးတတ်လာတဲ့ အခြေအနေရောက်တော့ ဆည်တွေဆောက် မြောင်းတွေဖောက် လုပ်ပြီးသဘာဝတရားဟာ ပြုပြင်စီရင် စခံရတာပါပဲ။နောက်စက်မှုတော်လှန်ရေး အပြီး မှာ အရင်းရှင်ဝါဒပေါ်ပေါက်လာပြီး သဘာဝသံယံဇာတအရင်းအမြစ်တွေကို အလွန်ကျွံထုတ်သုံးကျ တော့တယ်။ အဒမ်စမစ် ကလည်း များများထုတ်များများရောင်း မြန်မြန်စိပွားရေးတတ်ဆိုတဲ့ သီအိုရီတွေ ခေတ်စားတဲ့ကာလပေါ့။အင်္ဂလိပ်နဲ့တခြားနယ်ချဲ့နိုင်ငံတွေက ကိုလိုနီပြုထားတဲ့ နိုင်ငံတွေဆီက ကုန်ကြမ်း တွေယူပြီ ကုန်ချောထုတ်ပြီး ကိုလိုနီပြုခံရတဲ့နိုင်ငံတွေဆီပြန်ရောင်း တော့အရမ်းကို အဆင်ပြေကြတယ်။ စီပွားရေးကိန်းဂဏန်းအရ တိုးတတ်တယ်ပေါ့။ဆုပ်ယုတ်လာတတော့ သဘာဝပတ်ဝန်းကျင်ပါ။နောက်ပိုင်း နျူကလီးကာခေတ်၊အာကာသခေတ်၊IT ခေတ်ပေါ့ နည်းပညာတွေ ကုန်ပစ္စည်းတွေ တိုးတတ်လာပေမဲ့ လူသားတွေရဲ့ဦးနှောက်ဟာ လူစိတ်နှလုံးသားကို နဲ့ ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှုတွေ ကိုမျက်ကွယ်ပြုပြီး ဖွံဖြိုးကြီးထွားလာခဲ့တယ်။ အသိဥာဏ်အကြီးဆုံးသတ္တ၀ါ လူသားတွေဟာ ရုပ်ပိုင်းတိုးတတ်မှုမှာတော့ ဧရာမ တကယ်လူသန်ကြီးအသီးဖြစ်ပေမယ့် နာမ်ပိုင်းဆိုင်ရာမှာတော့ ပိန်လှီသေးကွေးတဲ့သတစ်ဦးဖြစ်နေပါပြီး။ ဒီလိုနမ်ပိုင်းဆိုင်ရာချွတ်ခြံမှုတွေ တွေကြောင့် ပြိုင်နှိုင်းလို.မရတဲ့ ညစ်ညမ်းမှုတွေ၊ဆင်းရဲမွဲတေမှုတွေ ဖြစ်ပေါ် လာအောင် လူရဲ့အလွဲသုံးစားလုပ်ဆောင်မှုတွေဟာ သဘာဝတရားရဲ့ သန့်စင်မှု၊အသစ်ဖြစ်ထွန်းမှုတွေကို ပိတ်ပင်တားစီးရာရောက်ပါတယ်။ Continue Reading ->

အင်းဘာလိုလိုနဲ့ နာဂစ်မုန်တိုင်းတိုက်သွားတာ တစ်နှစ်ပြည့်ပြီ သေကျေအပျက်အဆီးကြားထဲမှာ ဧရာဝတီတိုင်းသားတွေအတွက်စိတ်ပျက်ခြောက်ခြားစရာတွေ ကြုံခဲ့ရပြီ။အခုလိုရာသီ ဥတုတွေဖောက်ပြန် နေအောင် လူတွေလုပ်နေကြတယ်။တချို.ကပြောတယ် ပိတောက်တွေတောင် သစ္စာမရှိတော့ဘူးတဲ့ တကယ်သစ္စာမရှိတာ လူတွေပါ။စည်းမဲ့ကမ်းမဲ့ သစ်ပင်တွေခုတ်ကြတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မုန်လုံအိမ်ဓာတ်ငွေ.တွေနင်းကန်ထုတ်နေကြတယ်။မြေကမ္ဘာကိုချစ်တယ် ချစ်တယ်နဲ့ ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေထုတ်ယူစားသုံးကြတာ ကမ္ဘာကြီးလည်း နာမကျန်းဖြစ်နေပြီ။စိမ်းမြရောင်မြေကမ္ဘာဟာ နီကျင်ကျင် အင်္ဂါဂြိုလ်လို.ဖြစ်တော့မှာ စိုးရမ်ရမယ်ထင်ပါရဲ့။ကမ္ဘာကြီးကိုအရိပ်ပေးတဲ့ထီးလိုကာကွယ် ပေးတဲ့စိမ်းစိုစိုသစ်တောတွေ ကောင်းကင်ပေါ်က တိမ်ပြာပြာ မိုးသားတိမ်တိုက်တွေအိုဇုန်းလို့ ခေါ်တဲ့ ကမ္ဘာကိုကာကွယ်တဲ့ ဓာတ်သားအလွှာပြင်ကြီးတွေ ဒါတွေဒါတွေ ပျက်စီးအောင်လူတွေလုပ်နေကြတယ်။ နာဂစ်မှာလဲကုန်တဲ့ သစ်ပင်တွေပြိုလဲအပင်တွေ အစား ပြန်အစားတိုးစိုက်နေတာ ပလတ်စတစ်တိုက် ဖျက်ရေးအစီအစဉ် တွေ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းတွေအရင် ထက်အများကြီး ပေါ်လာတာကြားတော့ Continue Reading ->