ဖွံဖြိုးရေးလုပ်သားတွေ ရွာထဲဝင်ရင် ကျင်ကြံရမည့် စည်းကမ်းများစွာရှိပါတယ် ရွာသားတွေကို မျှော်လင့်ချက် မပေးရ၊ ရွာသားတွေ မျက်စီနောက်အောင်မနေရ၊ရွာသားတွေနဲ့ တစ်သားထဲ နေရမယ်၊လူထုဆီသွား၊ လူထုနဲ့ နေ၊ လူထုဆီက သင်ယူ၊ လူထုဆီက ရှိတာနဲ့ စ ပြီးတော့ လူထုမှာရှိတဲ့ အရာနဲ့ပဲ တည်ဆောက်ပါ စသဖြင့်ပေါ့ ဒါတွေဟာ လူမှုဖွံဖြိုးရေးလုပ်သားတိုင်း နားလည်ထားတဲ့ ကျင့်ဝတ်တွေပါ။ ဒါပေမယ့် ဒီအတိုင်ကျင့်ကြံတဲ့ သူရှားပါတယ်။ ဆရာကြီးလို့ ခေါ်ခံရတဲ့ ဖွံဖြိုးရေးဘိုးအေကြီးအချို့ တောင် ဒီလိုမလုပ်ကြပါဘူး ထားပါတော့လေ။
အရင်က ရွာတွေသွားရင် ရွာသားတွေ ကျွေးတာ ကျွန်တော်တို့တွေ စားခွင့်ရှိပါတယ်။ နောက်ပိုင်း ကျေးရွာကို အကူအညီလာပေးတဲ့ သူတွေကြောင့် ကျေးရွာမှာ ၀န်ထုတ်ဝန်ပိုးတွေ ဖြစ်လာလို့ ကျေးရွာက ကျွေးတဲ့ ဟာကို မစားရဘူးလို့ စည်းကမ်းလုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ [ Read More ]
Archive for the ‘eassy’ Category
ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တစ်သိုက် ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးထွက်တဲ့အခါကပေါ့။ ကမ်းခြေ မှာ ကျွန်တော့်သူငယ်ချင်တွေ ပျော်ပါးဆော့ကစားနေပေမဲ့ ကျွန်တော်မှတော့ အမျိုးအမည်မသိတဲ့ နှလုံးသားဝေဒနာကို ခံစားနေရတော့ သူငယ်ချင်းတွေကို မပျော်နိုင်မပါးနိုင် သူငယ်ချင်းတွေနဲ့ဝေးတဲ့ နေရာ ခပ်လှမ်းလှမ်း သဲသောင်ပြင်မှာ တကိုယ်တည်း ထိုင်ပြီး ပင်လယ်ကြီးနဲ့ ၀င်ဆဲနေလုံးကြီးကို ငေးနေကြည်နေမိတယ်။
ကျနော်ကို သူငယ်ချင်းရာဇာက ဟေ့ကောင်မင်းကယားပြည်အကြောင်းရေးမယ်ဆိုပြီး အခုတိဘာလို.မရေးတာ လဲ လို.ပြောပါတယ်။အမှန်မှာ ကျနော်အပျင်းကြီးနေတာကြောင့် မရေးဖြစ်တာပါ။ အခုရေးပါတော့မယ်။ ရေးမယ် ဆိုပြီး မရေးဖြစ်တဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်။
ကယားပြည်နယ်မှာ ကျနော် တစ်ကိုယ်ကောင်းဆန်မိဘူးတယ်ဗျ။
ကျနော်တို့ သွားတဲ့အချိန်က မေလလောက်ဆိုတော့ မိုးဦးကျလောက် တောင်သူတွေ စိုက်ပျီုးဖို့ မိုးမျှော်နေတဲ့ ကာလ ဒီနှစ်မှာ ဘာမှမစိုက်တဲ့ရန်ကုန်ကြတော့ မိုးတွေသဲသဲမဲမဲရွာပြီး စိုက်မဲ့ပျိုးမဲ့ နယ်ဒေသတွေကြတော့ မိုးနည်းနေတာ အားလုံးသိမှာပါ။ ကျနော် ဒီးမောဆို့မြို့နယ်ထဲက ၆မိုင်ဒေါကလိုခူ ရွာစဆင်းမဲ့နေပေါ့။ ကောင်းကင်မှာ မိုးတွေအုပ်မှိုင်းနေတယ်။ ကျနော်ရွာထဲဆင်းရင် တစ်အိမ်တက်တအိမ်ဆင်းသွားရမှာ ဆိုတော့ မိုးရွာရင်မဆင်မပြေလှဘူး နံနက်ထဲက မိုးမရွာပါစေနဲ့ဆုတောင်းနေတာ တကယ်လည်း ညနေအထိ မိုးမရွာဘူး ဒီလိုနဲ့ ညဖက် ကျေးရွာဥက္ကဌနဲ့ စကားလက်ဆုံကြတော့ ရွာမှာဘာစိုက်လဲ ဘယ်လိုစိုက်ကြလဲ မေးကြည့်တော့ သူက မိုးမရွာရင်တော့ ဒီနှစ်ပြောင်းဖူးတော့ပျက်ပြီ ဆရာလေးရယ်။ ဒီနှစ်မိုးအာကြီးခေါင်တယ် [ Read More ]
ကျနော်က တက္ကစီ စီးသောလူတန်းစားမဟုတ်ပါ။ ဒါကြောင့် ဘက်(စ်)ကားစီးပါတယ်။ ဘာကြောင့် ဘက်(စ်)ကားစီးလဲဆိုတော့ တက္ကစီစီးစရာငွေပို ငွေလျှံမရှိလို့ ဖြစ် ပါတယ်။ အခုတလောတော့ အထူးဆိုတဲ့ကားများ ပေါ်လာတော့ အတော်ကောင်းပါတယ်။ အဆင်ပြေလှတယ် နောက်ပိုင်းတော့ အထူးကောင်းသော အထူးကားများမှာ ထုံးစံအတိုင်း အထူးကျပ်လာပါတယ်။ အထူးကြာလှပါတယ်။ ကျနော်တို.ဆီမှာ ဒီလိုပါပဲ Air-Con ကားတွေပေါ်ခါစက အတော်ဟုတ်တယ် နောက်ပိုင်း တော့ Air-Con မလွှတ်တော့ပဲ ဒုံရင်း အတိုင်းပဲပြန်ဖြစ်သွားတာပေါ့ဗျာ။ အခုအထူးကားများသည်လည်း နန်းတွင်းဒုံရင်း ဇာတ်တော်ကြီးကို အဆင်အလာမပျက် ထိန်းသိမ်းကြလေသည်။ ဂုဏ်ယူစရာကောင်းလေစွ။
အခုလည်းကျနော် ဘက်(စ်)ကားစီး ရတာပေါ့။ သွားစရာ ရှိတယ် ပပတို့ သိန်းစိုးတို. နဲ့တွေစရာရှိတယ်။ ကားစီးသွားတယ် ကားက အထူးကား ဘာထူးသလဲတော့မမေးနဲ့ အထူးကျပ် အထူးကြာ စသော ဂုဏ်ရည် တွေ [ Read More ]
ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။
တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥသြစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် [ Read More ]
တခါ က ရွာနှစ်ရွာကြားထဲမှာ မေ့ပင်တပင်ပေါက်နေတယ် ဘယ်အချိန်ကစပေါက်သလဲဘယ်သူမှမသိကြဘူး။ မေ့ပင်ကြီးက အသီးသီးဖို.မေ့နေတယ်။ဒါပေမယ်
ရှင်သန်ကြီးထွားဖို.မမေ့ပဲ ရှင်သန်ကြီးထွားလာတယ်။ အနီးနားရွာနှစ်ရွာက လူတွေက မေ့ပင်ကြီးကို ဘာအပင်မှန်းမသိကြဘူး။ တရွာတစ်ရွာက ကောင်မလေးနဲ့
တစ်ဖက်ရွာကချစ်သူနှစ်ယောက်ဟာမေ့ပင်ကြီးအောက်မှာချိန်တွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကိုစောင့်နေရင်း ကောင်မလေးကိုသူချစ်သူဆိုတာမေ့သွားတယ်။တခါ
ကုန်သည်တွေကရွာနှစ်ရွာဆီ ကုန်ရောင်းဖို.လာကြရာ မေ့ပင်ကြီးအောက်မှာ နားနေကြပြီး သူတို.ကုန်ပစ္စည်းတွေကိုဘယ်လို.အမြတ်ထုတ်ရမလဲဆိုတာမေ့သွားတယ်။
ပြီတော့ကုန်ပစ္စည်းတွေကိုရွာနှစ်ရွာက လူတွေကိုအလကားပေးလိုက်ကြတယ်။ နောက်တခါ ဓမြတွေကရွာနှစ်ရွာကို ဒမြတိုက်ဖို. မေ့ပင်ကြီးအောက်မှာ အစီအစဉ်ဆွဲ ကြတယ်
ဒါပေမယ့် သူတို.ရဲ့ လက်နက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာမေ့သွားတယ်။လက်နက် တွေကိုစွန်ပစ်ခဲ့ပြီး နေရပ်ကို ပြန်သွားကြတယ်။
ကျနော်လည်းမေ့ပင်ကြီဆီသွားချင်ပါတယ် အရာရာကိုမေ့ပစ်ချင်လို.မေ့ပင်ကြီးတည်ရှိရာကို မေ့ပင်ကြီးအောက်ရောက် ဖူးတဲ့သူတွေမေးကြည်ပါတယ်။ သူတို.လည်း မေံ့ ပင်ကြီး
တည်ရှိရာကို မေ့နေကြ တယ်။ ခင်ဗျာတို.လည်းမေ့ပင်ကြီးရှိရာနေရာကို သိရင်ပြေဲာပပါနော်။
p.s:စတိုင်သစ်လား စပယ်ဖြူလားမမျတ်မိတော့ပါ ဘယ်သူရေးလည်းမမှတ်မိတောပါ့။ ဒီအက်ဆေးလေးကို ကြိုက်လွန်းလို. မေ့မရလို.မျှသေလိုက်ပါတယ်။
ကျနော်အတွက် တိရ စ္ဆာန်ထဲမှာ ခွေး၊နွားပြီးရင် စတင်သိခဲ့တာ ပုရွတ်ဆိတ်ပါ
မူလတန်းအစ သူငယ်တန်းအင်္ဂလိပ်စာ ဖတ်စာအုပ်ရဲ့ ပထမစာမျက်နှာမှာ
Ant( အန်.)ပုရွတ်ဆိတ်ဟုအော်ကျက်ခဲ့ရဘူးသည်။ကျနော် နေမကောင်းလို.
ဆေးထိုးခံရတော့မယ် ဆိုရင် သားရယ်ပုရွတ်ဆိတ်ကိုက်သလောက်ပါ
ပဲဆိုပြီး အမေအားပေးတတ်တယ်။ နောက်မြန်မာစာမှာ ပုရွတ်ဆိတ်နဲ့
နှံကောင်ပုံပြင်အကြောင်းသင်တော့လည်း ဆရာမက ပုရွတ်ဆိတ်လို.အလုပ်ကြိုးစား
ဖို.ဆုံးမဖူးသည်။
ပုရွတ်ဆိတ်တွေ ကကျနော်အတွက်တော့စိတ်ဝင်စားစရာပါ။ သူတို့ဆီက နေပြီးကျနော်တို.တွေ အတူယူစရာတွေ အများကြီးပါ။သူတို.ဟာ ခန္ခာကိုယ်သေးငယ် သော်လည်း ကြံခိုင်မှုကမနိမ့်ပါဘူး။အမြင့်ကနေချ
ကြည့်ပါ သူတို. ဘာမှမဖြစ်ပဲနေလိမ့်မည်။ခန္ခာကိုယ်အလေးချိန် က ဧရိဟာထက်စာရင် အလွန်
ပေါ့ပါးတာကြောင့် စက္ကူတရွက်လို လေက ပင်တင်ပေးထားနိုင်ပါတယ်။ဒါကြောင့်ဘယ်အမြင့်
ကကျကျ သူတို.ကတော့အေးဆေးပဲ။
နေ.တစ်နေ.မွေးဖွားလာတယ်။သူအိပ်ယာကနေပုံမှန် အတိုင်းပဲနိုးလာတယ်။
တစ်အိမ်လုံးဘယ်သူမှမရှိ သူတစ်ယောက်တည်း ဒီနေ့ဘာနေလဲ့ပြက္ခဒိန်ကြည်.လိုက်တော့ တစ်နှစ်တာ
ဆယ်နှစ်လထဲ က တစ်ခုသောမြန်မာလပြည်နေ့……….
သူဘာလုပ်ရမလဲ သူမသိအလုပ်ကလည်းပိတ်တယ်။သူချစ်နေ့ရတဲ့သူကလည်း နယ်ကိုပြန်သွားတယ်။
အိမ်က သူငယ်ချင်းတွေကလည်းသူကိစ္စနဲ့သူသွားကြတယ်။အိမ်မှာဘယ်သူမှမရှိ ပျင်းပျင်းရိရိရှိ လှ၏။
ဘာလုပ်လို.ဘာကိုင်ရမလဲမသိ နောက်ဗိုက်ဆာလာလို. အိမ်အောက်က ထမင်းဆိုင်မှာ ထမင်းကြော်
နဲ့ ကိစ္စပြီး အောင် စားလိုက်တယ် စားမကောင်းဘူး။ အိမ်ရှေ့မှာဘစ်(စ်)ကားတွေ အော်သွားတာ
ကြားလိုက်ရတယ် “မြေနီကုန်း၊လစ်လမ်း၊မြောက်ဘက်မုဒ် ရွှေတိဂုံ ရွှေတိဂုံ၊ဆောက်လုပ်ရေး ဆူးလေ”
ရွှေတိဂုံဆိုပါလား မြန်မာတို.ရဲ့သင်္ကေတ၊ ဗုဒ္ဓဘာသာတွေရဲ့နှလုံးသား၊ကမ္ဘာအံ့ဖွယ်တစ်ပါး ဒီရွှေတိဂုံ
ဘုရားကို သူမရောက်ဖြစ်တာ ၁နှစ်ကြာပြီ။သူရန်ကုန်မှာအခြေစ ချကတည်းက မရောက်ဖြစ်ခဲ့တာ
တစ်နှစ်ကြာပြီ။ အရင်နယ်မှာနေတုန်းက ရန်ကုန်ကို အလည်လာရင်တခါလာ တခါတော့ရွှေတိဂုံ
ဘုရားဖူးဖြစ်သေးတယ်။ အခုရန်ကုန်မှာလာနေမှပဲ ရွှေတိဂုံကိုမဖူးဖြစ်တော့တာတစ်နှစ်ကြာပြီ
နိုင်ငံခြားက သူသူငယ်ချင်းတွေက သူကိုခဏခဏ ပြောတယ်။ ရွှေတိဂုံဘုရားနဲ့မြန်မာပြည်ကို
အလွန်လွမ်းကြောင်း မြန်မာပြည်မှာနေတဲ့သူတွေ ရွှေတိဂုံကိုတန်ဖိုးထားသင့်ကြောင်း ပြောဖူးတာ
သူပြန်ကြားယောင်မိတယ်။အင်းအခု သူဘာလုပ်ရမလဲ သိပြီ သူရွှေတိဂုံသွားဖူးမယ်။
ဟုတ်ပြီ သူအိမ်ပြန်ပြီး ရေချိုး၊အ၀တ်လဲပြီး ဘုရားသွားရမယ်။
To love, in the context of Buddhism, is above all to be there. But
being there is not an easy thing. Some training is necessary, some
practice. If you are not there, how can you love? Being there is very
much an art, the art of meditation, because meditating is bringing
your true presence to the here and [ Read More ]
