Archive for the ‘dhamma’ Category

Mar-18-2010

လောကကြီးရဲ့မောင်းနှင်အား
ဘာသားရေး စာပေတွေနဲ့ ပတ်သက်ရင် ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး ဦးရွှေအောင်ပဲ ဖြစ်ပါတယ် တစ်နေ့ ကိုဌက်(ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား) သီချင်းနားထောင်ရင် သတိရ စဉ်စား မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဆရာကြီးပြောဖူးတဲ့ ကတညုတ မျက်စီနဲ့ လောကကြီးကို ကျေးဇူး တင်ရမယ် ကျေးဇူးရှိတယ်လို့ မြင်ရမယ်ဆိုတာလေးပါ။ ဆရာကြီးက လောကအပေါ် တကယ်တမ်း အနစ်နာခံချင်စိတ်ကို မွေးမြူချင်တယ်ဆိုရင် ပထမဦးစွာ လောကကြီးကို ချစ်တတ်တဲ့စိတ်မွေးဖို့ လိုပါတယ် ချစ်တဲ့ စိတ်မွေးပြီးတာနဲ့ လောကကြီးအတွက် အနစ်နာခံချင်စိတ်ဆိုတာ အသင်္ခါရိက အနေဖြင့် သူအလိုလို ပေါ်လာလိမ်မယ်လို့် ဘ၀မြင်သစ် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ထူးအိမ်သင်ရဲ့ လောကကြီရဲ့မောင်းနှင်အား ဆိုတဲ့ သူချင်းလေးက လောကကြီးကို ချစ်တတ်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ ဒါကြောင့်လည်း  [ Read More ]

Jan-28-2010

ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တစ်သိုက် ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးထွက်တဲ့အခါကပေါ့။ ကမ်းခြေ မှာ ကျွန်တော့်သူငယ်ချင်တွေ ပျော်ပါးဆော့ကစားနေပေမဲ့ ကျွန်တော်မှတော့ အမျိုးအမည်မသိတဲ့ နှလုံးသားဝေဒနာကို ခံစားနေရတော့ သူငယ်ချင်းတွေကို မပျော်နိုင်မပါးနိုင် သူငယ်ချင်းတွေနဲ့ဝေးတဲ့ နေရာ ခပ်လှမ်းလှမ်း သဲသောင်ပြင်မှာ တကိုယ်တည်း ထိုင်ပြီး ပင်လယ်ကြီးနဲ့ ၀င်ဆဲနေလုံးကြီးကို ငေးနေကြည်နေမိတယ်။

Dec-20-2009

ဗုဒ္ဓဘာသာနဲ့ တိုင်းရင်းသားဓလေ့ ထုံးစံတွေကို ကွဲကွဲပြားပြားသိသင်ပါ့တယ်။ ကျွန်တေတ်ာတို့ မြန်မာဓလေ့ ထုံးလမ်းအစဉ်လာ အတော်အများက ဗုဒ္ဓရဲ့အဆုံးအမတွေအပေါ်မှုတည်နေကြပါတယ်။ တချို့ မြန်မာဓလေ့ များကို လည်းဗုဒ္ဓဘာသာအယူအဆအဖြင့် ရောထွေးတက်ကြတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်မိရင်းပြောဖြစ်ကြတယ်။ သူက ၀ါတွင်း အိမ်မပြောင်းရတာ အိမ်ထောင်ပြုလို့ မရတာတွေက လုံးဝအဓိပ္ပာယ်မရှိတဲ့ အကြောင်းသူကစပြောပါတယ်။ ၀ါတွင်းဆိုတာ ရဟန်းသံဃာတွေအတွက်ပဲ ဗုဒ္ဓပညတ်ခဲ့တာ လူတွေမပါဘူးပေါ့ လူတွေကသက်သက် အရှုးထတာလို့ သူကပြင်းပြင်းထန်ထန်ကိုပြောတယ်။ ပြင်းထန်မှာပေါ့ သူ့ကောင်မလေးနဲ့ လက်ထက်ဖို့ ၃လတောင်စောင့်နေရတာကိုး ဟီး…ဟီး။

Dec-17-2009

မနေ့ကပဲ ဓမ္မမိတ်ဆွေတစ်ယောက်ပေးတဲ့ စာအုပ်ငယ်လေးတစ်အုပ်ရလိုက်တယ်။ အရှင် ဓမ္မဘေရီ(တောင်စွန်း) ရေးတဲ့ စာအုပ်လေးပါ ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ ဘုန်းဘုန်း ရဝေနွယ်(အင်းမ)တို့ ဗောဓိတစ်ထောင်ဘုရား ဓာတ်လှေကားပေါ်ကနေပြုတ်ကျတဲ့  အကြောင်းကို အတွေးစချဲ့ပြီးရေး ထားတာ မာန်နတ်မင်းကိုအံတုသူများတဲ့ အတော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ဒီအထဲက အကြောင်းအရာ တော်တော်များများကို သဘောကျ မိတယ်။
ကျွန်တော်တို့ ပရဟိတလုပ်သားတွေဟာ အများကောင်းဖို့ သက်သက် အလုပ်လုပ်နေကြတာပါ။ အဲဒီ အချိန်မှာ အခက်ခဲတွေ တွေ့ကြုံရတယ်။ တခြားအခက်အခဲတွေကို ကျော်လွှားနိုင်ပေမဲ့  အပြစ်ပြောခံရတာ ကိုတော့ ပုထုစဉ်ပီပီ မခံနိုင်ဘူးဗျ။ အရင်က မန္တလေးမှာနေတော့ ဘာမှအလုပ်မရှိအကိုင်မရှိ ၁၀၉/၁၁၀ စားလိုက်သောက်လိုက်နဲ့နေတုန်းက ဘယ်သူမျလည်း အပြစ်မဆို ဘယ်သူမှလည်း အပြစ်မပြောကြဘူး။ အေးအေးဆေးဆေးပဲ။ နောက်ပိုင်း ဒေသဖွံဖြိုးရေးအလုပ်တွေလုပ်မယ် အများအကျိုးဆောင်မယ် ဆိုပြီး စိတ်ရူးပေါက်ပြီး  ရန်ကုန်ဆင်းခဲ့တယ်။ အဲဒီမှာစတွေတာပေါ့ ဟိုလူပြောဒီလူပြောနဲ့  [ Read More ]

Dec-4-2009

နာဂစ်ဖြစ်ပြီး ၈လလောက်အကြာမှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တယ်ဗျ။ သူငယ်ချင်းက နာဂစ်ဒေသက မိဘမဲ့ကလေးတွေကို ဘာသာခြားအဖွဲ့အစည်းတွေက ခေါ်ယူမွေးစားကြတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ကျွန်တော်က “အေးလေ ကောင်းတာပေါ့” လို့ ပြန်ပြောမိလိုက်တော့ သူက မကျေမနပ်နဲ့ “ဟင်း ဒါလား အမျိုးဘာသာသာသနာကို စောင့်ရှောက်တာ ဒါလား ဗုဒ္ဓဘာသာလူငယ်” ဆိုပြီး ထောပနာပြုသဗျ။
ကျွန်တော် သူကို ပြန်မေးလိုက်ပါတယ် ခင်ဗျားက ကလေးတွေ အဆင်ပြေစေချင်တာလား ဗုဒ္ဓဘာသာဝင် တိုးပွားစေချင်တာလားလို့ မေးလိုက်တော့ သူဘာမှပြန်မဖြေပါ။ နာဂစ်ဒေသက ခိုကိုးရာမဲ့တဲ့ ကလေးတွေ ကိုခေါ်ယူစောင့်ရှောက်တာ ကောင်းတဲ့အလုပ်ပါ ဗမာ လုပ်မှကောင်းတာမဟုတ်ပါဘူး ဘယ်ဘာသာ လုပ်လုပ် ဘယ်လူမျိုးလုပ်လုပ် ကောင်းတဲ့အလုပ်ပါ။ ဘာလို့ ငြူစူစောင်းမြောင်းနေတာလဲ။ ပြောကြပါတယ် ဘာသာပျောက်တယ် လူမျိုးပျောက်တယ်တဲ့ အဲဒီလိုပြောနေတဲ့ သူတွေကော ဘုရားရဲ့သာသနာ (အဆုံးအမ)ကို အပြည့်အ၀  [ Read More ]

Sep-6-2009

တော်လှန်သောဆိုတာနဲ့မလန့်ပါနဲ့ အများနဲ့မတူ တစ်မှုထူးတဲ့ဟာကိုဆိုလိုတာပါ။ကျနော်ငယ်ငယ်က ဖတ်ဖူးတဲ့ သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ ဖတ်ပြီးတော့ အရမ်းကြိုက်ပါတယ်။ ဒီစာအုပ်ထဲမှာ တော်လှန်သောဆိုတဲ့ စကားလုံးကိုတော်တော်လေးသုံးထားတယ်။ ဒီစကားလုံးကိုကြိုက်လိုပါ တမျိုး မထင် ပါနဲ့နော်
အရင်တစ်ပတ်က စိတ်ညစ်ညမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးကြပုံကို ပြောဖူးတယ်ဗျ။ အခု ဟာအဆက်ပေါ့။ စိတ်ညစ်ညမ်းတာတွေပျောက်သွားဖို. စိတ်ကျင်စဉ် တစ်ခုလိုအပ်ပါတယ် ဒါက ၀ိပဿနာပါ။ စိတ်ကျင့်စဉ် ဆိုပေမဲ့ အနောက်တိုင်းက နားလည်ထားတဲ့ ယောဂနဲ့ စိတ်ဖြေလျော့နည်းတွေ လို.မဟုတ်ပါဘူး။ ဒါကြောင့်လည်း တော်လှန်သောဝိပဿနာလို. ခေါ်တာပေါ့။

Sep-1-2009

ဘောဂဗေဒ၏ ခေါင်းကိုင်ဖခင်ကြီး အဒမ်စမစ်ကစပြီး ဘောဂဗေဒပညာရှင်တိုင်းလိုလို အဓိက စီးပွားရေးရဲ့မောင်းနှင်အားဟာ လူသားတို.ရဲ့လောဘလို. တစ်ညီတစ်ညွှတ်တည်းလက်ခံကြတယ်။ ဒါဗုဒ္ဓရဲ့အဆုံးမကို ဖောင့်ဖောင့်ကြီးဆန့်ကျင့်နေတာပဲ။ ကျနော်တို.တွေ ငယ်ငယ်တည်းက စားသုံးလာကြ တယ် များများကောင်းကောင်း စားသုံးနိုင်သူဟာဂုဏ်ရှိတယ်ဆိုပြီး လူအဖွဲ့အစည်းကနေ ကျနော်တို့ကို လောဘတွေ များလာအောင်ရှိလာအောင် သိမ့်သိမ့်မွေ့မွေ့သင်ပေးနေကြတယ်။ကျနော်တို.ကလည်း သင်ယူလို.သင်ယူနေမှန်းမသိပဲ သင်ယူမိတယ်။ တစ်နေက ဆရာခင်မောင်သန်း(စိတ်ပညာ)ရဲ့ စာအုပ်တစ်အုပ်မှာ Nike ဖိနပ်တစ်ရံ အတွက်လူသတ်တဲ့ ဆယ်ကျော်သက်လူငယ်လေး တစ်ယောက် အကြောင်းပါ။ ဖိနပ်တစ်ရံအတွက်လူသတ်တယ်တဲ့။ကြားလို့မှကောင်းကြသေးရဲ့လားဗျာ။ ကျနော်တို. ဆီ ဒီစာသုံးသူပဓာန၀ါဒကြီးက တစ်ကမ္ဘာလုံးကြောက်လန့်နေပါပြီ။ ဆရာမတစ်ယောက်က စာသုံးသူဝါဒ ဆိုတာ ကုန်ပစ္စည်းတွေနဲ့ အရည်ခြုံထားတဲ့ နယ်ချဲ့စနစ်တစ်ခုပါတဲ့ သူကိုကျနော်တို. သတိထားသင့်နေပါ ပြီ။

Sep-1-2009

ဥာဏ်အလင်းရဖို. ကျနော်ဘယ်မှာရှာရမယ်
အခု ပစ္စုပ္ဗန်ထဲမှာရှာကြည့်ကွယ်။
ဘယ်အချိန်ဆို ဥာဏ်အလင်းရမလဲ
အခုပဲဖြစ်မယ် လုပ်ကြည့်ကွယ်။
ဘာဖြစ်လို.ကျနော် ဥာဏ်အလင်းမရလဲ
မင်းမလုပ်ကြည့်လိုမရတာကွယ်။
ဒါဆိုဘာကိုလုပ်ရမလဲ
အရိုအတိုင်းကြည့်ပေးပါ သိလာမှာ။
တစ်ခုခုလုပ်စရာ လိုသလားဗျာ
မလိုဘူးကွာ သတိလေးနဲ့သိပေးပါ။
ဘယ်ဥစ္စာကို သိရမှာ
ပစ္စုန်ပ္ပန်ကိုသိရမှာ ပစ္စုပ္ပန်ကိုကြည့်ရမှာ
ရှာကြည့်ကွာ တွေ့ရမှာ။
Ref: One Minute Windom by Anthony De Mello.S,J

Aug-31-2009

စိတ္တေနနီယတိလောကော၊စိတ္တေန ပရိကဿိ။စိတ္တေဿ ဧကဓမ္မဿသဗ္ဗ၀ ၀သံအနွဂူတိ။ ၃ (သံယုတ္တနိကာယ် ၁၊၃၉)
ဒီိဂါထာ လေးကိုဗုဒ္ဓဘာသာဝင်တိုင်း နားယဉ်နေပြီးသား ဖြစ်မှာပါ။ “စိတ်သည်လောကကိုဆောင်၏ စိတ်ဖြင့်လောကကိုဆွဲငင်၏။စိတ်၏အလိုသို. အရာအားလုံး အစဉ်လိုက်၏။” လူသမိုင်းတလျှောက်မှာ လူတွေရဲ့ကူးအကြံတွေ အသိမြင်တွေမြင်မားလာမှုနဲ့ အတူကမ္ဘာမြေ မျက်နှာပြင်ကို ဘယ်လိုဘယ်ပုံ ပြောင်းလဲပစ်တယ်ဆိုတာကို လူယဉ်ကျေးမှုထွန်သစ် ကာစကာလမှာ သဘာဝတရားဟာ အနှောင့်အယှက် ကင်းကင်းနဲ့ ရှိနေပါသေးတယ်။နေက်ပိုင်း စိုက်ပျိုးတတ်လာတဲ့ အခြေအနေရောက်တော့ ဆည်တွေဆောက် မြောင်းတွေဖောက် လုပ်ပြီးသဘာဝတရားဟာ ပြုပြင်စီရင် စခံရတာပါပဲ။နောက်စက်မှုတော်လှန်ရေး အပြီး မှာ အရင်းရှင်ဝါဒပေါ်ပေါက်လာပြီး သဘာဝသံယံဇာတအရင်းအမြစ်တွေကို အလွန်ကျွံထုတ်သုံးကျ တော့တယ်။ အဒမ်စမစ် ကလည်း များများထုတ်များများရောင်း မြန်မြန်စိပွားရေးတတ်ဆိုတဲ့ သီအိုရီတွေ ခေတ်စားတဲ့ကာလပေါ့။အင်္ဂလိပ်နဲ့တခြားနယ်ချဲ့နိုင်ငံတွေက ကိုလိုနီပြုထားတဲ့ နိုင်ငံတွေဆီက ကုန်ကြမ်း တွေယူပြီ ကုန်ချောထုတ်ပြီး ကိုလိုနီပြုခံရတဲ့နိုင်ငံတွေဆီပြန်ရောင်း တော့အရမ်းကို အဆင်ပြေကြတယ်။ စီပွားရေးကိန်းဂဏန်းအရ  [ Read More ]

Aug-14-2009

လွန်ခဲ့တဲ့ ငါးနှစ်လောက်က နယ်မြို.လေးတစ်မှာ နာမည်ကြီး စာရေးဆရာတစ်ဦးရဲ့ စာပေဟောပြောပွဲကို ကျနော်သွားရောက်နားထောင်ခဲ့ ရပါတယ်။ဆရာကြီးက ဘာခေါင်းစဉ်နဲ.ဟောပြောသွားတယ် ဆိုတာ ကျနော် မမှတ်မိတော့။သူစပြောလိုက်တာက“ကျနော် မြတ်စွာဘုရားလောက် လောဘမကြီးဘူး ဘာဖြစ်လို.လဲဆိုတော့ မြတ်စွာဘုရားက သဗ္မုညုတဥာဏ်တော်ကြီးကို လိုချင်တယ် ကျနော်ကမလိုချင်ဘူး” တဲ့လေ ပရိတ်သတ် အားလုံး တဟားဟားနဲ့ လက်ခုတ်တွေတီးကြတာ ဆူညံသွားတာပဲ။ အဲဒီ လက်ခုပ်တီးတဲ့သူ တွေအထဲ ကျနော်လည်း ပါတယ်။ အဲဒီတုန်းက ကျနော်က ဖြစ်တည်မှုပဓာန၀ါဒတို. ကမှုးတို. ဆတ်တို.ကို အရူးအမှုးကြိုက်နေတဲ့ ကာလကိုး။အဲဒီတုန်းက ကျနော်စကားလုံးတိုင်းက အနီနံကလည်း သင်းနေတာပဲ။

Sponsors