Archive for the ‘anti-consumerism’ Category

Sep-17-2009

လာပြန်ပြီလား ဒီစားသုံးသူဝါဒ လို့တော့မပြောလိုက်ပါနဲ့ဗျာ။ တကယ် အရေးကြီးလို့ ပြောနေတာပါ။ ကျနော်တို့တွေ သတိရှိရင် အသိရှိရင် ဘာလာလာကြောက်စရာ မလိုပါဘူး။ အခုဟာလည်း သတိရှိဖို့ အသိရှိဖို့ ပြောနေရတာပါ။ ဆရာကြီးလုပ်တယ်လည်း မထင်ပါနဲ့ဗျာ။ သိထားတာလေးတွေ ဝေမျှရုံ သက် သက်ပါ။
ကျနော်တို့ ရန်ကုန်က ရွှေတိဂုံဘုရားကိုသွားလိုက်ပါ စောင်းတန်းတိုင်းတက်သွားလိုက် ဈေးသည်တွေ ဈေးရောင်းနေတာကို တွေ့မှာပါ ရွှေတိဂုံရောက်သူတိုင်းမြင်ဖူးကြမှာပါ။ ဗေဒင်ယတြာအဆောင် ပစ္စည်း တွေ ဆင်းတုတော်တွေ ပုတီးတွေ မင်္ဂလာရှိတယ်ဆိုတဲ့ ပစ္စည်းတွေ အများကြီးရောင်းချနေပါတယ်။ ဒါ မထူးခြားပါဘူး ယနေ့ခေတ် ကိုးကွယ်ယုံကြည်မှုဟာ မင်္ဂလာရှိတဲ့ အတိတ်ကောင်းနမိတ်ကောင်း အရာ တွေကို ၀ယ်ယူကိုးကွယ်နေကြတာ ထူးခြားတာ။ ကိုးကွယ်ယုံကြည်မှုဆိုတာ ဘာသာတရားရဲ့ သွန် သင် ဆုံးမတဲ့အချက်တွေကို လက်တွေ့ဘ၀မှာ အသုံးချတာပဲမှတ်လား အခုတော့ဒီလိုမဟုတ်ပဲ အထွဋ်  [ Read More ]

Sep-1-2009

ဘောဂဗေဒ၏ ခေါင်းကိုင်ဖခင်ကြီး အဒမ်စမစ်ကစပြီး ဘောဂဗေဒပညာရှင်တိုင်းလိုလို အဓိက စီးပွားရေးရဲ့မောင်းနှင်အားဟာ လူသားတို.ရဲ့လောဘလို. တစ်ညီတစ်ညွှတ်တည်းလက်ခံကြတယ်။ ဒါဗုဒ္ဓရဲ့အဆုံးမကို ဖောင့်ဖောင့်ကြီးဆန့်ကျင့်နေတာပဲ။ ကျနော်တို.တွေ ငယ်ငယ်တည်းက စားသုံးလာကြ တယ် များများကောင်းကောင်း စားသုံးနိုင်သူဟာဂုဏ်ရှိတယ်ဆိုပြီး လူအဖွဲ့အစည်းကနေ ကျနော်တို့ကို လောဘတွေ များလာအောင်ရှိလာအောင် သိမ့်သိမ့်မွေ့မွေ့သင်ပေးနေကြတယ်။ကျနော်တို.ကလည်း သင်ယူလို.သင်ယူနေမှန်းမသိပဲ သင်ယူမိတယ်။ တစ်နေက ဆရာခင်မောင်သန်း(စိတ်ပညာ)ရဲ့ စာအုပ်တစ်အုပ်မှာ Nike ဖိနပ်တစ်ရံ အတွက်လူသတ်တဲ့ ဆယ်ကျော်သက်လူငယ်လေး တစ်ယောက် အကြောင်းပါ။ ဖိနပ်တစ်ရံအတွက်လူသတ်တယ်တဲ့။ကြားလို့မှကောင်းကြသေးရဲ့လားဗျာ။ ကျနော်တို. ဆီ ဒီစာသုံးသူပဓာန၀ါဒကြီးက တစ်ကမ္ဘာလုံးကြောက်လန့်နေပါပြီ။ ဆရာမတစ်ယောက်က စာသုံးသူဝါဒ ဆိုတာ ကုန်ပစ္စည်းတွေနဲ့ အရည်ခြုံထားတဲ့ နယ်ချဲ့စနစ်တစ်ခုပါတဲ့ သူကိုကျနော်တို. သတိထားသင့်နေပါ ပြီ။

Jul-16-2009

တောင်တန်းပြာပြာလေးတွေကိုနောက်ခံထားထားပြီးလှချင်တိုင်းလှပနေတဲ.ထိုင်းနိုင်ငံချင်းမိုင်မြို.လေးကနေ တစ်နာရီကျော်ကျော်လောက်ကားလေးမောင်းပြီးတောင်ကုန်းပေါ်က မန်ကျည်းတောအုပ်သေးသေးလေးကိုဖြတ်သန်ကာလှပသေသပ်ပြီးချစ်စရာကောင်းတဲ.ရွှံအိမ်လေးများရှိရာခြံကလေးဆီသို.ကျွန်မတို.ရောက်လာကြတယ်။
ခြံထဲ ကိုဝင်လိုက်တာနဲ.ရင်ထဲအေးပြီး အမောအပန်းတွေဘယ်ပျောက်သွားလဲ မသိတော့ပါဘူး။ပထမဆုံးတွေတဲ့ ရွှံအိမ်လေးထဲ မှာခဏနားနေတုန်းမှာပဲ အင်္ကျီနွမ်းနွမ်းဝတ်ထားတဲ့ ထိုင်းအမျိုးသားကြီးတစ်ယောက်ဟာ လတ်ဆတ်တဲ့ အပြုံးကိုဆင်ယင်ပြီး ကျမတို.ဆီ ခပ်ခပ်သွက်သွက်လျှောက်လာခဲ့တယ်။ပြီးတော့ ရွှံ့ခုံလေးမှာ သူလွယ်အိပ်ဟောင်းလေးကိုတင်ပြီး ရယ်မောဖော်ရွှေစွာ နှုတ်ဆက်စကားပြောကြတယ်။နောက်တောင်ကုန်း လေးပေါ်က သူ့အိမ်လေးဆီသွားဖို.ဖိတ်ခေါ်တယ်။
မနေ့ကထဲက ဒီ ဖန်ဖန်ဆိုတဲ့ ခြံလေးအကြောင်းစကြာြးဲပီး သွားရမယ်ဆိုကတည်းက စိတ်ဝင်စားနေတာ အခုတော့တကယ်ဆုတောင်းပြည်.သွားတာပေါ။့ဒီခြံကလေးက တကယ်ကိုအေးချမ်းပြီး စိတ်ချမ်းမြေ.စရာနေရာ လေးတစ်ခုပါ။
အိမ်ရှင်ခေါ်လာလမ်းအတိုင်းတောင်းကုန်းလေးပေါ်တတ်လာရင်း ဘေးဘီကိုကြည်တော့ သီးပင်စားပင်တွေခြံရံ ခြံရံထားပြီး ချစ်စရာကောင်းလှတဲ့ နေချင်စရာရွှံ.အိမ်လေးတွေ ကိုကျမတို.အဖွဲ.ကလူတွေက ဓာတ်ပုံ           တဖျတ်ဖျတ်နဲ့ အိမ်သာပါမကျန် အားရပါရကို မှတ်တမ်းတင်ကြတာပေါ့။ကျမနဲ့အတူပါလာတဲ့ ဆရာမတစ် ယောက်ရဲ. ၄နှစ်အရွယ်မြေးမလေးက “အဘွားဘာလို.အိမ်လေးတွေကဒီလောက်လှနေတာလဲ”မေးလိုက်တော့ အိမ်ရှင်အဖိုးကြီးရဲ.မျက်နှာကပီတီအပြုံးတွေဖြာလိုပေါ့။
နောက်အိမ်လေးဆီရောက်တော့ ဒီခြံလေးအကြောင်းနဲ့သူရဲ့ဘ၀အကြောင်းတွေကို ကျမတို.ကိုပြောပြလို. စိတ်ဝင်စားဖို.ကောင်းတဲ့ ဒီဖန်ဖန်ခြံလေးနဲ. ဦးလေးကြီးအကြောင်း တစွန်းတစသိခွင့်ရခဲ့ပါတယ်။
“ကျနော်နာမည်ကဖိလှိုးပါ ထိုင်းနိုင်ငမြောက်ပိုင်းကတောရွာလေးတစ်ရွာကပါ ဟိုတုန်းထဲက ကျနော်တို.ဒေသ  [ Read More ]

Sponsors