Author Archive

Mar-18-2010

လောကကြီးရဲ့မောင်းနှင်အား
ဘာသားရေး စာပေတွေနဲ့ ပတ်သက်ရင် ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး ဦးရွှေအောင်ပဲ ဖြစ်ပါတယ် တစ်နေ့ ကိုဌက်(ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား) သီချင်းနားထောင်ရင် သတိရ စဉ်စား မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဆရာကြီးပြောဖူးတဲ့ ကတညုတ မျက်စီနဲ့ လောကကြီးကို ကျေးဇူး တင်ရမယ် ကျေးဇူးရှိတယ်လို့ မြင်ရမယ်ဆိုတာလေးပါ။ ဆရာကြီးက လောကအပေါ် တကယ်တမ်း အနစ်နာခံချင်စိတ်ကို မွေးမြူချင်တယ်ဆိုရင် ပထမဦးစွာ လောကကြီးကို ချစ်တတ်တဲ့စိတ်မွေးဖို့ လိုပါတယ် ချစ်တဲ့ စိတ်မွေးပြီးတာနဲ့ လောကကြီးအတွက် အနစ်နာခံချင်စိတ်ဆိုတာ အသင်္ခါရိက အနေဖြင့် သူအလိုလို ပေါ်လာလိမ်မယ်လို့် ဘ၀မြင်သစ် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ထူးအိမ်သင်ရဲ့ လောကကြီရဲ့မောင်းနှင်အား ဆိုတဲ့ သူချင်းလေးက လောကကြီးကို ချစ်တတ်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ ဒါကြောင့်လည်း  [ Read More ]

Mar-18-2010

ပေါက်ကရအတွေးများ
တစ်နေ့ က ထိုင်းကနေပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ကြတယ်။ သူက သူထိုင်းသွားခဲ့ရတဲ့ အတွေအကြုံ တွေကို ကျွန်တော်ကိုပြောပြပါတယ် နောက်ပြောရင်းနဲ့ ထိုင်းမိတ်ဆွေတစ်ဦးပြောတဲ့ စကားတစ်ခုကို သူစိတ်ထဲ ဘ၀င်မကျကြောင်း ပြောတယ်။
ထိုင်းမိတ်ဆွေက သူကို မင်းတို့ နိုင်ငံက ရွှေတိဂုံဘုရားက ရွှေတွေက ထိုင်းနိုင်ငံရွှေတွေဖြစ်ကြောင်း မြန်မာနိုင်ငံအနံတလျားက ဘုရားတွေကရွှေငွေရတနာတွေက ထိုင်းနိုင်ငံကရတာဖြစ်ကြောင်း မင်းတို့ မြန်မာဘုရင်တွေက စစ်နိုင်တော့  တို့ဆီက ရွှေတွေရတနာတွေယူသွားတာတဲ့
ဒီလိုပြောတော့ သူငယ်ချင်းက မခံနိုင်ဘူး ပြန်ပြောရအောင်ကလည်း အကြောင်းရှာမရတော့ ဒီအတိုင်းလေး ငြိမ်ပြီး ဘာမှပြန်မပြောပဲ နေခဲ့ရတာ စိတ်ထဲ အခုထိအခဲမကျေဖြစ်နေတယ်ဆိုတာကို ကျွန်တော်ကို ရင်ဖွင့်ပြောပြတယ်။
ရှေးက စစ်တိုက်တဲ့က နိုင်သူစားကြေး တောတွင်းဥပဒေကြီးစီုးလေတော့ နိုင်သူက ရှုံးသူဆီက ရသမျှမောင်ပိုင် စီးတာ ထုံးစံပါ။ ဒါပေမယ် မတရားယူလာတဲ့ ရွှေတွေကို လောကီ စည်းစိမ်တွေမဟုတ်တဲ့နေရာ  [ Read More ]

Mar-12-2010

လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင်းတာ လုပ်တဲ့ သူလို့ ဓမ္မအသုံးအရ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ ဒါပေမယ့် တခါတလေတော့ လောကသဘော လက်ခံထားကြတာရယ် ဓမ္မသဘောရယ် ကွဲလွဲနေသလားလို့ကြာတော့ ခံစားမိတယ်။ ဒီလိုခံစား ဖြစ်သွားအောင် လက်တွေ့ လူမှုဘ၀ကြီးက ပြောနေသလိုပဲ ဒီပုံပြင်လေးက အသိဥာဏ်ပေးလို့ ဝေမျှ ဖောက်သည်ချလိုက်သဗျ။
ဟိုးတိုတိုတုန်းက ဘာပြည်ကြီးက ညာသူဌေးကြီးတစ်ဦးဆီမှာ အလုပ်လုပ်တဲ့ အခိုင်းအစေ သူဆင်းရဲ အလုပ်သမားလေး တစ်ယောက်ရှိသတဲ့ အဲဒီ သူဆင်းရဲလေးဟာ ညာသူဌေးကြီးပိုင်တဲ့ ခြံဝိုင်းထဲမှာ ရွှံ့နဲ့ ဆောက်ထားတဲ့ သက်ကယ်မိုး  တဲလေးမှာနေထိုင်ရပြီး အလွန်ဆင်းရဲလှသူဖြစ်ပါတယ်။
တစ်နေ့မှာတော့ အဲဒီအလုပ်သမားရဲ့တဲအနားကို ပညာရှိဆိုသူတစ်ဦး ရောက်လာပါတယ်။ ဒီအခါ  [ Read More ]

Mar-12-2010

စိတ်ဓာတ်တွေက တက်ကြွတုန်းတော့
ဟုန်းဟုန်းထ
ကောက်ရိုးမီးက အချိန်ကြာသေး
ကြမ်းပေါ်က ဓာတ်ဆီကွက် မီးထတောက်ယုံပ။
ကိုယ်ကျိုးတွေ စိမ်းစိမ်းစို
လောဘ အမြဲစိမ်းတောတွေ ဒီမြေမှာ ဖြစ်ထွန်း
မှော်ဆရာကြီးပြောသလို့
အတ္တနဲ့ ဆန္ဒကို မီးပုံရှို့မဲ့သူရှားပါး
သမိုင်းတော့ ခါးတော့မယ်။
တက်ကြွခြင်း ပုရစ်ဖူးတို့ရေ
မောဟနဲ့မေ့လျော့ခြင်းတွေကြောင့်
အကြွေမစောစေနဲ့ သတိရှိစေကွယ့်။
နွမ်းလျလျနွေ ခပ်နွမ်းနွမ်းနေတွေမှာ
ကိုယ်ကိုကိုယ် အနစ်မွန်းမခံနဲ့
မောဟစေခိုင်းမှုနောက် ဆက်မလျှောက်နဲ့တော့
မေတ္တာမိုးနည်း ရပ်ဝန်းမှာ
ထွန်ယက်စိုက်ပျိုးပေးသူ မရှိပေမဲ့
ပွရောင်းရောင်း ပတ်ဝန်းကျင်နဲ့
ပူပေါင်းဦးနှောက်နဲ့သူတွေ ဟာ ကနဲဖြစ်သွားအောင်
နေရောင် ပြင်းပြင်းအောက်မှာ
ငါတို့တွေ နုပျို လန်းဆန်းပြီး အခါခါ ဖူးပွင့် ရအောင်ကွာ။

Mar-8-2010

မွေးနေ့ မင်္ဂလာပါ မိရွှေပရေ
နင်က ငါ့ သူငယ်ချင်းလည်း ဟုတ်တယ် ငါ့ဆရာမလည်း ဟုတ်တယ် င့ါ အစ်မဆိုလည်း ဟုတ်တယ် ဒီနေ့ နင်မွေးနေ့ ဒီနေမနက် ငါတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားခဲ့ တယ် နင်မွေးနေကို နင်ကို ချစ်တဲ့ သူငယ်ချင်းတွေ နဲ့ ပြီးဆုံးခဲ့တယ်နော် ငါတို့ ခင်မင်ခဲ့ကြတာ ၃နှစ်ပဲ ရှိပေမဲ့ ငါတို့တွေက စိတ်တူကိုယ်တူ ရည်မှန်းရာ တူကြတဲ့ အတွက် ငယ်ပေါင်းကြီးဖော်လို့ပဲ ခင်ကြတယ်နော် နောက် တစ်နောက်လိုအပ်တာ တစ်ယောက်ဖြည့် တစ်ယောက်အားငယ်ရင် တစ်ယောက်အားပေးရင် ဖွံဖြိုးရေး လမ်းမပေါ် အတူလျှောက်ခဲ့ကြတယ် ဆရာမောင်ချောနွယ်ပြောသလို လမ်းချင်းတူလို့ လူချင်းတွေခဲ့ကြတယ်။နောက် ဆရာအောင်ချိမ့်ပြော သလို့
လမ်းတူသွားတဲ့ သူအချင်းချင်းသာ ဒဏ်ရာကိုပြုစု သွေးတိတ်အောင်ကုသလို့ တို့ နောက် လူတွေ လည်းသတိရနေအုံးမယ်
သတဲ့။ငါ  [ Read More ]

Feb-25-2010
wave

စာရေးဆရာမ ခင်မြဇင်ဆို သိကြမှာပါ စာလည်းရေး ကဗျာလည်းရေး ပန်းချီလည်းဆွဲ တဲ့ ရှားရှားပါးပါးအနှပညာရှင်တစ်ဦးပါ ပန်းချီးဆွဲ ရင် အမည်အရင်း ဌေးဌေးမြင်နဲ့ ဆွဲပါတယ်။
ဆရာမရဲ့ စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါးဆိုတာ ကျွန်တော်အကြိုက်ဆုံး ၀တ္ထုတစ်ပုဒ်ပေါ့ဗျာ။
ဆရာမရဲ့ သားကတော့ ကျွန်တော်သူငယ်ချင်းကြီး ကိုအုန်းခိုင်ဇင်ပါ။ ပန်းချီကျောင်းဆင်းထားတာ မကြာသေးဘူး သို့ပေမယ့် သူလက်ရာတွေက ရိုးသားပြီးဆွဲဆောင်မှုရှိတယ်။
သားအမိ နှစ်ယောက် ပြတဲ့ ပြခန်း ပန်ချီးလောကမှာမရှိသေးဘူးထင်ပါရဲ့ သွားကြည့်သင်တဲ့ ပြပွဲတစ်ခုပါဗျာ
ပြပွဲနာမည်က Waves တဲ့
နေရာက လောကနတ်ပန်းချီပြခန်း
ပန်းချီ ချစ်သူတွေ လက်လွတ်မခံသင့်တဲ့ ပြပွဲလေးဆို မမှားပါဘူး
ကြော်ငြာမဟုတ်ဘူးနော် အသိပေး လက်တို့တာ ပြီးမှ

Feb-23-2010

ကိုယ့်ဆရာ ကိုzox က ကျွန်တော် ကဗျာကို ကွန်မန့် ရေးပြီး  ဆုတောင်းဆိုတဲ့ တဂ်ပေးပြီး အလုပ်ပေးသွားတယ်။ တဂ်ပေးတော့ ရေးရတော့ မှာပေါ့ ကို zox က ကဗျာ ဖြစ်ဖြစ် စာဖြစ်ဖြစ် တဲ့ ဒီကကောင်က ရွှေဥာဏ်တော် ကလော်တိုင်း ထွက်တာမဟုတ် သို့ပေမဲ့ ကိုယ်အစ်ကိုကြီးရေးခိုင်းတော့လည်း ရေးရမပေါ့ ဟဲ ဟဲ
ဆုတောင်း
မြတ်စွာအရှင် ဘုရား
လူလောက ကလူတွေ
လူကို လူလို့ မြင်ပါစေ
ကျေးကျွန်တွေလိုလဲ မမြင်စေချင်
အရှင်သခင်လို့လည်း မမြင်စေချင်
လူကိုလူလို မြင်ပါစေ။
လူလောက ကလူတွေ
ကွဲပြားတာတွေ ကို ခွဲခြားပြီးတော့ မမြင်တွေချင်
အစွဲထားပြီးတော့လည်း မမြင်စေချင်
မရှိကို အရှိတိုင်းမြင်ပါစေ။
လူလောက က လူတွေ
သစ်ပင်ကို သစ်ပင်လို့ပဲ မြင်ပါစေ
သစ်သားလို့လည်းမမြင်စေချင်
ဒေါ်လာတွေလို့လည်းမမြင်စေချင်
သစ်ပင်ကို သစ်ပင်လိုမြင်။
လူလောက က လူတွေ
အချင်းချင်း ချစ်ကြစေ
ရန်မီးတွေ ငြိမ်းကြလေ
အပြစ်မမြင်စေ
ချစ်ခင်ကြပါစေ
မြတ်စွာ အရှင်ဘုရား…………………..

Feb-23-2010

ကျွန်တော် ဘလော့ရေးသားတာ တစ်နှစ်ဆိုတဲ့အချိန်ကိုကျော်လွန်ပြီးတော့ တစ်လပင် စွန်းချေပြီ။ ဘလော့ စတင်ရေးဖြစ်တာ မုံရွာက ဂျီးတော်လေး အေသင်(စိတ်ပညာ) မြောက်ပေးလို့ Multiply မှာ ကိုဂငယ်အမည်နဲ့ စတင်ရေးခဲ့ပါတယ်။ နောက် ကိုသင်္ကြန်တို့ ရဲ့ mmwordpress ကိုဝင်ကြည့်ပြီး wordpress နဲ့ ရေးချင်စိတ်တွေ ပေါ်လာတာကြောင့် အလကားရတဲ့ co.cc နဲ့ Mg Ogga’s Notes ဆိုပြီး ရေးခဲ့ပါတယ်။ဒီလိုရေးနေချိန်မှာပဲ co.cc က အလကားမရတော့ဘူး ဆိုတာသိရတော့ ကိုဘလက်တို့ ရဲ့ mmgenius ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာစကားမှာ သုံးကျောင်းပြောင်းတဲ့ရှင် သုံးလင်ပြောင်းတဲ့ မိန်းမ ကျော့ကွင်းက သုံးကြိမ်လွှတ်ဖူးတဲ့ ငှက် ဟာမယာများတက်တယ်လို့ ဆိုပြီးရှိတယ်။ ကျွန်တော်ကတော့ မယာများလို့မဟုတ် အခြေအနေ အကြောင်းတရား အမျိုးမျိုးကြောင် တစ်နှစ်ကျော်အတွင်း  [ Read More ]

Feb-19-2010

ကျောက်တုံးကြီးတစ်တုံး တွန်းတယ် မရွှေ့ဘူး
ကျွန်တော်တို့ တွန်းတယ်မရွှေ့ဘူး တွန်းတယ်
ဒါပေမယ့် မရွှေ့ဘူးဗျာ
ကျွန်တော်တို့တွေ သိပ်ကြီးတဲ့ ကျောက်တုံးကြီးတွေကို တွန်းနေပါတယ်
မရွှေ့ဘူးဗျ။
ရူပဗေဒသမားတွေက  ကျွန်တော်တို့ကို အလုပ်မဖြစ်ဘူးတဲ့
အလကားကောင်တွေတဲ့။
တရုပ်ပုံပြင်တစ်ခုကြားဖူးတယ် အဘိုးကြီးက တောင်ကြီးတစ်တောင်ကို ဖြိုဖို့ ပေါက်တူးတဲ့ တူးနေသတဲ့ အဘိုးကြီးကို လူတွေက ဟားတိုက်ကြတယ် မဖြစ်နိုင်တာကို လုပ်တယ်ပေါ့ဆိုပြီး ဟားတိုက်ရယ်မော ကြတယ်။ အဘိုးအိုက ပြန်ပြောလိုက်တာကို ကျွန်တော်သဘောကျမိတယ်။ ကျုပ် တောင်ကိုဖြိုမယ် မပြီးရင် ကျုပ်သား ဖြိုမယ် ကျုပ်သား ဖြိုတာမပြီးရင် ကျုပ် မြေးဖြိုမယ် ကျုပ်မြေးဖြိုတာ မပြီးရင် ကျုပ်မြစ်ဖြိုမယ်။ ဒီလိုပဲ သားစဉ်မြေဆက် လက်ဆင့်ကမ်း ဖြိုသွားရင် တနေ့တော့ ဖြိုပြီး မပေါ့ တဲ့ လေ။
ဒီလိုပဲ ကျွန်တော်တို့တွေ လူအဖွဲ့အစည်းကို ပြောင်းလဲဖို့ ကြိုးစားနေတယ်။ လူတွေကြားရင် ရီကြမပေါ့။ တကယ် ရူးမိုက်တဲ့  [ Read More ]

Feb-17-2010

ကျွန်တော်တို့ ပတ်ဝန်းကျင် လူအဖွဲ့အစည်းမှာ ပဋိပက္ခဆိုတာ အမြဲတွေနေကြပါတယ်။ ဘယ်သူက ပဋိပက္ခ မဖြစ်ချင်ကြဘူး ဒါပေမယ့် ပဋိပက္ခကို လူသားတိုင်းတွေကြုံခံစားနေကြတယ်။ ပဋိပက္ခလို့ ကြားလိုက်တာနဲ့ ကြောက်မိတယ် လန့်မိတယ် မတွေဆုံချင်ကြဘူး သဗ္ဗေ သင်္ခါရ ဒုက္ခဆိုသလို့ ကျွန်တော်တို့ ဘ၀တွေမှာ ပဋိပက္ခဟာ အမြဲ သက်ဝင် လှုပ်ရှားနေတယ်။
ပဋိပက္ခဟာ ကျွန်တော်တို့ တွေကို ထက်မြက်အောင် သင်ကြားပေးနေတယ်။ ရှောင်လွဲလို့ မရပေမဲ့ ကျော်လွှားလို့ ရပါတယ်။ ပတ်ဝန်းကျင်မှာရျိသမျှ ပဋိပက္ခတွေကိုကြည်ရင် အကျဉ်းအားဖြင့် ၄မျိုးပဲ ရှိတယ်။

Sponsors