ပိုစ့်၁၀၀ပြည့်

Posted by Mg Ogga On December - 4 - 2009 3 Comments

ကျွန်တော်ပိုစ့်ပေါင်း ၁၀၀ ပြည့်သွားပါပြီ ရေးခဲ့သမျှမှာ အရည်မရ အဖတ်မရစာ တွေလည်းပါသလို အကျိုးရှိ မယ်ထင်တဲ့ စာလေးတွေလည်းပါမယ်လို့ထင်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်ဘလော့ရေးရတာကို ချစ်လာတယ်။ တစ်ပတ်လောက် မရေးဖြစ်ရင် နေလိုထိုင်လို့ မရတော့ဘူးလေ။ လူမှဝင်ရဲ့လား စိုးရိမ်လာတက်ပါပြီ။ ဘယ်လိုဟာမျိုးကိုမှ ဘလော့ဂါကိုခေါ်တယ် ဆိုတာမသိပေမဲ့ ကျွန်တော်ကိုယ်ကျွန်တော် ဘလော့ဂါဖြစ်ရတာပျော်နေပါပြီ။ သိထား၊တတ်ထား၊မြင်ထား၊ကြားထား ရတာတွေ မျှဝေချင်တဲ့စိတ်နဲ့ ဘလော့စရေးတာ ဆိုပေမဲ့ အစပိုင်းမှာ အရည်မရအဖတ်မရ ကိုယ်ရေးကိုယ်တာတွေ ရေးခဲ့တာကိုခွင့်လွတ်ပါ။ အခုတော့ ကျွန်တော်နားလည်ပါပြီ။ ကျွန်တော်အိမ်လေးကို အလှည်မကြာခဏလာပြီး ကွန့်မန်တွေ ရေးကြတဲ့ သူတွေဟာ အချိန်ကုန်ခံ ဖတ်ရပြီး မကျိုးမရှိမှာကို ကျွန်တော်ကြောက်လာပါပြီ။

နောက်မြန်မာစလုံးပေါင်းမှားနေတာတွေ ကိုလည်းဆင်ခြင်ပါတော့မယ်။ အကျိုးရှိစေမဲ့၊ စာဖတ်သူ တွေးစရာ တစ်ခုခုရစေမဲ့ စာမျိုးတွေပဲ ရေးပါတော့မယ်။ အဲဒီလိုမှမဟုတ်ရင် စာဖတ်သူကို မလေးစားသလို ဖြစ်နေမှာ၊ ဒီတော့ ကျွန်တော် အကျိုးရှိတာတွေပဲ ရေးပါတော့မယ်။

နောက်တစ်ခုက ဘလော့ရေးတဲ့လမ်းကြောင်းပါ တခြားနောင်တော်ကြီးတွေလို့ နည်းပညာပိုင်းကတော့ ကျွန်တော်ခပ်အအပဲ၊ ဘာသာရေးအကြောင်းရေးမလားဆိုတော့ အကျင့်သီလသိပ်မပြည့်စုံ စာဖတ် အားနည်းသေးတော့ များများမရေးနိုင်၊ စီပွားရေးအကြောင်းရေးရအောင်လည်း သိပ်မသိတော့ ရောင်ချာချာဘလော့ပေါ့ဗျာ။အပျော်လာနောက်ကျေးဇူးတင်ရမယ့်သူတွေ ကတော့ ကျွန်တော်လို ဘာမှမဟုတ်တဲ့ ဘလော့ဂါပေါက်စကို fully access ပေးခဲ့တဲ့ MMG က ကိုဘလက်တို့တွေ၊ ကွန့်မန့်တွေရေးပြီး လမ်းကြောင်းမှန်အောင် မေတ္တာနဲ့ ဆုံးမပေးတဲ့ ဘုန်းဘုန်းဦးလောကနာထ၊ စာလုံးပေါင်းမှာတာတွေကို သတိပေး ကျွန်တော်နယ်ရောက်နေရင် ပိုစ့်တွေ အမြဲတင်ပေးနေတဲ့ မေမေသစ္စာအလင်း၊ ဘလော့လာကြည်ကြတဲ့ MMG ရေးဖော်တွေ၊ ဘလော့ကြည့်ပြီး အပြင်မှာ အကြံပေးကြတဲ့ ချစ်သူငယ်ချင်းတွေ အားလုံးအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။

Popularity: 11% [?]

  • No Related Post

3 Responses so far.

  1. ပို့စ်၁၀၀ပြည့်ကနေ တစ်ထောင်ပြည့် တစ်သောင်းပြည့် တစ်သိန်းပြည့် တစ်သန်းပြည့်.. ဟိုးမရေမတွက်နိုင်တဲ့အထိရေးနိုင်ပါစေ။ ဒါနဲ့ စာလုံးပေါင်းမှာနေတာတွေကို ဆင်ခြင်ပါမယ်လို့ ရေးမှ စာလုံးပေါင်းက မှားနေတယ်.. :)

  2. yamin says:

    ပိုစ့်တွေ များများရေးနိုင်တာထက် အရည်အသွေးကောင်းတွေ များများ ထွက်ပေါ်လာပါပြီး ဘလောက်ရပ်ဝန်းမှာ အများအကျိုးအတွက် သယ်ပိုးနိုင်ပါစေလို့ မျှော်လင့်နေမိပါတယ်။

  3. ဖိုးဂျယ် says:

    ပိုစ့် ၁၀၀ မှသည် ထောင်ပေါင်းများစွာသော ပိုစ့်မှသည် အရည်အတွက်နိုင်အောင်များပြားစွာ ရေးသားနိုင်ပါစေဗျာ

    ခင်မင်လျှက်
    ဖိုးဂျယ်

Leave a Reply





Sponsors