ငိုပြီးဆိုတော့ ငိုချင်း၊ ညည်းရင်းဆိုတော့ ညည်းချင်း နောက် တျာချင်း၊ကာချင်း ဆိုပြီးတော့ရှိသား။ မြန်မာစာပေမှာ ချင်း ဆိုတာတွေများသား။ အခုဟာ ကလေးတွေ ကစားရင်းဆိုတဲ့ သီချင်းမို့ ကစားချင်းပေါ့ဗျာ။ ကစားချင်းတွေ မြန်မာပြည်မှာ အများကြီးပဲ ဘယ်သူရေးမှန်းမသိ ဘယ်အချိန်ပေါ်လာလဲ မသိတော့။ သိရင်လည်း ပြောကြပါအုံး။ အရင်ကတော့ ကစားချင်းတွေစုပြီး မြန်မာရုပ်မြင်သံကြားမှာ ဇာတ်လမ်းအစီစဉ်ပုံစံမျိုးနဲ့ လွှင့်ဖူးတယ်။ VCD၊DVD အနေနဲ့ မထွက်မလာလို့ ပြန့်နုံမှု မရှိဘူး။ ငွေကြေးတက်နိုင်တဲ့ လုပ်ငန်းရှင်တွေ ဒီမြန်မာအသံက ကစားချင်းအစီစဉ်တွေကို VCD DVD ထုတ်ရောင်းရင်ကောင်းမှာပဲ။

အဓိကပြောချင်တာကတော့ ဒီကစားချင်းတွေဟာ ကလေးတွေကြားမှာပဲ ထွက်ပေါ်လာတယ်လိုပြောရမှာပဲ။ ကျွန်တော်လည်း ငယ်ငယ်က ကစားချင်းတွေ ဆိုပြီး ကစားဖူးတယ်။ အနောက်တိုင်းက ကစားနည်းတွေကို မြန်မာမှုပြုပြီး ဆိုတာတွေလည်းရှိတယ်။ ဥပမာ ၁ ၂ ၃ နင်နောက်မှာ ဘယ်သူလဲ ဆိုတာမျိုးပေါ့။ တကယ်မြန်မာ ကစားချင်းစစ်စစ်တွေ လည်းရှိပါတယ်။ ကစားချင်းနဲ့ အလားသဏ္ဍန်တူတဲ့ ကလေးသီချင်းတွေကို မကေက သူဘလော့မှာ ကလေးမြေအောက်တေးများ ဆိုပြီးရေးဖူးပါတယ်။ သွားဖတ်ကြည့်။ ကဲ ကျွန်တော်ကြားဖူးသမျှ ကစားချင်းတေးလေးတွေ ကိုပြောပြပါမယနော်။ နောက်ဝင်ဖတ်တဲ့ သူတွေသိတဲ့ ကစားချင်းတေးတွေကိုလည်း ကော်မန့်ပေးပြီးမျှဝေပါ အုံးဗျ။ Continue Reading ->