မိစုမရေ…မနက်ဖြန်ဆိုရင် ညည်း(၁၇)နှစ်တောင် မှပြည့ှ်ပြီနော်။ လွန်ခဲ့တဲ့(၁၇)နှစ်တုန်းက ပေါ့ဟာ ငါ့သူငယ်ချင်းတွေက ညီမလေးတစ်ယောက် စရလာတော့ ယောက်ဖဆိုပြီး အခေါ်ခံရတယ်။ ငါကလည်း(၅)နှစ်ဘယ်သိအုန်းမလဲ။ ယောက်ဖလို့အခေါ်ခံရရင် စိတ်ဆိုးရမယ်ဆိုတာတော.သိသားဟ။ ယောက်ဖဆိုတဲ့အဓိပ္ပာယ်ကို သေချာမသိခဲ့ပေမယ့် ကိုယ့်သွေးသားကို ကာကွယ်ရမယ်ဆိုတဲ. အသိစိတ်လေး တစ်ခုတော့စရခဲ့တာပေါ့ဟာ။ အဲအချိန်ကတည်းက ညည်းကငါတို့ဘ၀ထဲ စ၀င်လာတာလေ။
ညည်းကိုမွေးမယ့်နေ့က တနင်္လာနေ့ဖြစ်နေတယ်။ ဒါပေမယ့် တနင်္လာနေ့အကျော်(၁၅)မိနစ်မှ မွေးတာသိလား။ ညည်းငယ်ငယ်တည်းက အရမ်းရုပ်ဆိုးတာ သိလား။ဒါပေမယ် အလှအပကလည်း အခုလိုအရမ်းကြိုက် လှချင်လိုက်တာမှ နင့်ထက်အပြင် နှစ်ယောက်မရှိဘူး။ ညည်းကို ငါက နဖူးမောက်တယ်လို့ပြောရင် ညည်းက ကြမ်းပြင်နဲ့ ဆောင့်ဆောင့်ပြီး နဖူးကိုမမောက်အောင်လုပ်တယ်။ နောက်ညည်းမူကြိုရောက်တော့ နေနံတွေအလိုက် ဘယ်လိုနာမည်ပေးလဲဆိုတကို စသင်ပေးတယ် ညည်းက ပညာကို လက်တည့်စမ်းချင်တော့ မူကြိုကျောင်းကို အသွား မူကြိုက နင်သူငယ်ချင်းကောင်လေးကို ဟဲ့ နင်ဘာနေ့သားလည်းမေးဖူးတာ သတိရရဲ့ ညီမလေးရယ်။ နောက်အင်းစိန်ကဦးဗေလုဝ နင်ဆိုနေတဲ့ ကလေးသီချင်းတွေရေးတဲ့စာရေးဆရာဆိုင်မှာ နင်ထိန်းမနိုင်သိမ်းမနိုင်နဲ့ အီးအီးတွေပါချလိုက်တာလည်း သတိရသေးလား အဲဒီတုန်းက နင်တော်တော်ဆိုးတာမိစုမရဲ့။ ငယ်ငယ်လေးတည်းက နင်ကဆရာမညည်ပါတယ်ဟ မျက်နှာသုပ်ပ၀ါကြီးကိုခေါင်းမှာ ဆံပင်ရှည်ပုံစံနဲ့ပတ် ကြိမ်လုံတစ်ချောင်းယူပြီး ငါကို နင်တပည့်ပုံစံသဘောထားပြီး စာသင်သေးတယ်။အခုထိလည်း နင်ဆရာမကြီးလုပ်တုန်း တခါတလေ နင်ကအကြီးလား ငါကအကြီးလားဆိုပြီးပြန်မေးရသေး။ နောက်ညည်းကံကောင်းပါတယ်။ ငါထက်လူချစ်လူခင် ပေါတယ်။ ငါကတော့ ကြီးလာတည်းက လူတွေနဲ့သိပ်မတည့်လှဘူး သူပုန်စိတ်ရှိတယ်လို့ ငါဆရာတစ်ယေက်ပြောဘူးတယ်။ လူချစ်လူခင်ပေါတာ ငါညီမလေးက ချစ်စရာကောင်းလို့ပေါ့။ နင်၆တန်းနှစ်တုန်းက အိမ်ကိုဖုန်းဆက်ပြီးနင်ကိုမေးတယ် ငါကသူအကို ဘာပြောပေးရမလဲပြောတော့ ငါကို ဘာမှပြောစရာမရှိပါဘူး ယောက်ဖကြီးရယ်လို့ပြောတော့ ငါ ကျွဲမြီးတိုရသေးတယ်။ ငါမှာလည်းသိတဲ့ အတိုင်းပဲ အားနည်းချက်ဆိုလို့ ရုပ်ချော တာလေးတစ်ခုရှိတာ ဟီးဟီး J J J
ငါညီမလေးက စိတ်ကောင်းရှိတယ်။ မဟုတ်တာမလုပ်ဘူး။ သူငယ်ချင်းတွေ ဆွေမျိုးတွေက ငါ့ညီမကို ချစ်ကြတာပဲမဟုတ်လား။ ငါညီမကလည်း သူငယ်ချင်းတွေကိုချစ်တာပဲ ညီမလေးသူငယ်ချင်း သန့်မေမီဇော်(သမီးချစ်)ဆုံးသွားတော့ငိုလိုက်တာမှာ လွန်ရောသူအကြောင်းတွေကို စာအုပ်တစ်အုပ်စာ တောင်ရေးထားတယ်။ အေးလေ သူကလည်းမသေသင့်ပဲသေးလိုက်ရတာကိုး။ နင်တရားစခန်းတွေ ၀င်တိုင်လည်း သူအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးနေတာပဲလေ။ မရဏတရားက ငယ်သူကြီးသူမခွဲ ဆင်းရဲချမ်းသာမခွဲ ကြုံတွေရတတ်တာပဲမှလား တရားနဲ့ဖြေပေါ့ ညီမလေးရယ်။နောက်မန္တလေးမှာ သင်္ကြန်ငဥတို့အိမ်သွားအိပ်လို့ငါစိတ်ပူရသေးတယ်။ ငါမုံရွာမှာကျောင်းတက်တော့ အရမ်းသတိရတာ မန္တလေးမြီးရှည်နဲ့ နင်ကိုလေ။ ဒါတောင်တူတူနေတော့ ငါတိုနှစ်ယောက်မတည့်ကြဘူးနော် မတည့်အတူနေ မမြင်ရချောင်းကြည်ဆိုတာ ဒါမျိုးပဲထင်တယ်ဟ။ နောက်နင့်ဆယ်တန်း ငါနဲ့ မနီတာနဲ့မန္တလေးကို ခဏလာတဲ့ အချိန်မှာ နင်ကျောင်းပြေးပြီး စစ်ကိုင်းသွားကြသေးတယ်။ ဆိုင်ကယ်လိုင်စင်စစ်တော့ မနီတာနဲ့နင် ယာဉ်ထိန်းရဲကို ချုပ်လိုက်တာ ဒဏ်ငွေတောင်မဆောင်ရဘူးမလား။ ကစားချင်ကဲချင်လဲလွန်ရော ပြီးတော့မှ စာကျက်ရအုံးမယ်လေးဘာလေးနဲ့ စိတ်နှစ်ခုလိုင်းပူးနေတဲ့ အရူးမလေး။ အရုပ်တွေကြိုက်လိုက်တာလဲ လွန်မှလွန် အိမ်မှာအရုပ်တွေအများကြီးရှိတာကို မကျေနပ်သေးဘူး ငါကိုထပ်ဝယ်ခိုင်းသေး။ နောက်တော်ရုံအရုပ်ဆိုတော်သေး ကြီးကြီးကျယ်ကျယ် Disney land မှတဲ့ ငါနင်ကိုဘူဇွာမလို့ခေါ်တာလွန်လား။ Continue Reading ->











