31 Aug, 2009  |  Written by Mg Ogga  |  under personal

ဘလော့ဒေးအထိမ်းအမှတ်အဖြစ်ရေးသည်။

fri

In this photo: Nyein Nyein Aye, ʍɐʎʞ əᴓʎɥɗ, Nhin Pwint, Phoophoo Lay, Phoe Thu Taw, BarNyar Kwi Kwi, Zaw Zaw Myo Lwin, Sai Naung, Thi Han, Thet Htoo, Kyaw Nyo Thaway, ဇောင်း Zaung (photos), Soe Zeya Tun (photos), Mg Ogga (photos | remove tag), Thet Paing Kha (photos), ပင့်ဂိုလ်း Pinkgold (photos), Ka Kha Ga, Tar Tar Lay, Nang Nyi, Thar Phyo, Prize Wai, Yay Kel Yay, Kyaw Zay Ya, Papa Poem

ကျနော်ဘလော့စရေးတာ ဘယ်တုန်းကလဲ ပြန်စဉ်းစားမိတယ်။အင်တာနက်စသုံးတာ ကိုစပြောရ မယ် ထင်တယ်။၂၀၀၃ခုနှစ်လောက်ကပေါ့ ကျနော်၁၀တန်း ဖြေအပြီးမှာ တောင်မရောက်မြောက်မရောက် ဖြစ်နေတုန်း ကွန်ပြုတာသင်တန်းစတက်ဖြစ်တယ်။ နောက်သင်တန်းဆင်းတော့ သူငယ်ချင်းတွေက အင်တာနက်သုံးကြတယ်။နောက်သူတို.တွေဆီက ပြန်သင်ရတယ်။အဲဒီတုန်းက အင်တာနက်ဆိုင်ဆိုလို့ မနလေး မှာနှစ်ဆိုင်ပဲရှိတယ်။တစ်ခုက ဂျပန်အင်တာနက် နောက်တစ်ခုက ဆိုင်ဘာဝါး ရတနာပုံဈေးအပေါ်က လေ။နောက် အဖေကဂျီမေးအကောင်ဖွင့်ပေးတယ်။ကျနော်ဘယ်လောက် တုံးလဲဆိုတော့ ဂျီမေးအကောင့်ရှိရင် ဂျီတော့ပြောလို.ရတယ်ဆိုတာမသိဘူးလေ။အဲဒီလောက် ပိန်းတာ။
Continue Reading ->

စိတ္တေနနီယတိလောကော၊စိတ္တေန ပရိကဿိ။စိတ္တေဿ ဧကဓမ္မဿသဗ္ဗ၀ ၀သံအနွဂူတိ။ (သံယုတ္တနိကာယ် ၁၊၃၉)

ဒီိဂါထာ လေးကိုဗုဒ္ဓဘာသာဝင်တိုင်း နားယဉ်နေပြီးသား ဖြစ်မှာပါ။ စိတ်သည်လောကကိုဆောင်၏ စိတ်ဖြင့်လောကကိုဆွဲငင်၏။စိတ်၏အလိုသို. အရာအားလုံး အစဉ်လိုက်၏။ လူသမိုင်းတလျှောက်မှာ လူတွေရဲ့ကူးအကြံတွေ အသိမြင်တွေမြင်မားလာမှုနဲ့ အတူကမ္ဘာမြေ မျက်နှာပြင်ကို ဘယ်လိုဘယ်ပုံ ပြောင်းလဲပစ်တယ်ဆိုတာကို လူယဉ်ကျေးမှုထွန်သစ် ကာစကာလမှာ သဘာဝတရားဟာ အနှောင့်အယှက် ကင်းကင်းနဲ့ ရှိနေပါသေးတယ်။နေက်ပိုင်း စိုက်ပျိုးတတ်လာတဲ့ အခြေအနေရောက်တော့ ဆည်တွေဆောက် မြောင်းတွေဖောက် လုပ်ပြီးသဘာဝတရားဟာ ပြုပြင်စီရင် စခံရတာပါပဲ။နောက်စက်မှုတော်လှန်ရေး အပြီး မှာ အရင်းရှင်ဝါဒပေါ်ပေါက်လာပြီး သဘာဝသံယံဇာတအရင်းအမြစ်တွေကို အလွန်ကျွံထုတ်သုံးကျ တော့တယ်။ အဒမ်စမစ် ကလည်း များများထုတ်များများရောင်း မြန်မြန်စိပွားရေးတတ်ဆိုတဲ့ သီအိုရီတွေ ခေတ်စားတဲ့ကာလပေါ့။အင်္ဂလိပ်နဲ့တခြားနယ်ချဲ့နိုင်ငံတွေက ကိုလိုနီပြုထားတဲ့ နိုင်ငံတွေဆီက ကုန်ကြမ်း တွေယူပြီ ကုန်ချောထုတ်ပြီး ကိုလိုနီပြုခံရတဲ့နိုင်ငံတွေဆီပြန်ရောင်း တော့အရမ်းကို အဆင်ပြေကြတယ်။ စီပွားရေးကိန်းဂဏန်းအရ တိုးတတ်တယ်ပေါ့။ဆုပ်ယုတ်လာတတော့ သဘာဝပတ်ဝန်းကျင်ပါ။နောက်ပိုင်း နျူကလီးကာခေတ်၊အာကာသခေတ်၊IT ခေတ်ပေါ့ နည်းပညာတွေ ကုန်ပစ္စည်းတွေ တိုးတတ်လာပေမဲ့ လူသားတွေရဲ့ဦးနှောက်ဟာ လူစိတ်နှလုံးသားကို နဲ့ ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှုတွေ ကိုမျက်ကွယ်ပြုပြီး ဖွံဖြိုးကြီးထွားလာခဲ့တယ်။ အသိဥာဏ်အကြီးဆုံးသတ္တ၀ါ လူသားတွေဟာ ရုပ်ပိုင်းတိုးတတ်မှုမှာတော့ ဧရာမ တကယ်လူသန်ကြီးအသီးဖြစ်ပေမယ့် နာမ်ပိုင်းဆိုင်ရာမှာတော့ ပိန်လှီသေးကွေးတဲ့သတစ်ဦးဖြစ်နေပါပြီး။ ဒီလိုနမ်ပိုင်းဆိုင်ရာချွတ်ခြံမှုတွေ တွေကြောင့် ပြိုင်နှိုင်းလို.မရတဲ့ ညစ်ညမ်းမှုတွေ၊ဆင်းရဲမွဲတေမှုတွေ ဖြစ်ပေါ် လာအောင် လူရဲ့အလွဲသုံးစားလုပ်ဆောင်မှုတွေဟာ သဘာဝတရားရဲ့ သန့်စင်မှု၊အသစ်ဖြစ်ထွန်းမှုတွေကို ပိတ်ပင်တားစီးရာရောက်ပါတယ်။ Continue Reading ->

28 Aug, 2009  |  Written by Mg Ogga  |  under poem

ပန်းရနံတွေရဲ.အသက်ရူသံကို မပိတ်ပါဘူး

အသေးမွှားလေးတစ်ခုတောင်လက်မခံရဲဘူး

ငါရဲ.အရာရာတိုင်းဟာမင်းအတွက်ဆိုပေမဲ့

မင်းရဲ.အရာခပ်သိမ်းကတော့ ငါဖို.မဟုတ်

အထီးကျန်ဆန်တဲ့စိတ်ပျက်ခြင်း သီချင်းတစ်ပုဒ်ဟာ

ငါရာဇ၀င်မှာ ပထမဆုံးပဲ။

တစ်စစီခွဲကြေခံရတဲ့ ရင်ဘတ်တစ်ခုလုံး

လှုံဆော်နေတဲ့ အချစ်ငတ်မှုဟာ အလိုလိုနေရင်း

ဘ၀ကိုသေကျေပျက်စီးစေတယ်

ကသောင်းကနင်းနိုင်တဲ့ စည်းဝါးနရီ

ပြီတီတီနဲ့ လှောင်နေတယ်။

လှပတဲ့မင်းမျက်နှာလေးငါအသက်ရူသံ

မင်းနဲတွဲသွားတိုင်း

ဈေးကြီးကြီး အ၀တ်တည်ဝတ်ထားသလိုလုံခြုံမှုရှိတယ်

မင်းတကိုယ်လုံးကို ကာကွယ်နိုင်ဖို.

အချစ်နရံပါးပါးလေးကာပေးချင်တယ်

မင်းခေါင်းလှလှလေး တိမ်တွေမစွန်းမိအောင်

နှလုံးသားသစ် ခေါင်မိုးပြာပြာလေးလိုချင်တယ်

ဒီလိုခပ်ရူးရူးအတွေတွေကြောင့်

မင်းရဲနူးညံသိမ်မွှေမှုတွေကြောင့်

ဒီကောင်ရဲ့ရင်ဘတ်ဟောင်းလောင်းကြီးထဲ

ဒဏ်ရာလက်ဆောင်တစ်ခုအဖြစ်

တစ်သက်လုံးသိမ်းထားတယ်။

24 Aug, 2009  |  Written by Mg Ogga  |  under news

ကိုညီလင်းဆက်ဆီကကူးထားတာပကျနော်တို့မြန်မာဘလော့ဂါတွေအတွက် အခက်အလက်ခိုင်ခိုင်မာမာရှိဖို.လိုနေပါပြီ ကူညီကြပါအုံးခင်ဗျာ

မန်မာပြည်မှာ အချက်အလက် အတိအကျ ရဖို့ရာ တော်တော်ခက်ပါတယ်။ အင်တာနက် အသုံးပြုသူနဲ့ ဘလော့တွေအကြောင်း ကျွန်တော်တို့ ဒီရပ်ဝန်းကလူတွေတောင် ခန့်မှန်းခြေနဲ့ပဲ ပြောနေရပါတယ်။ ခန့်မှန်းခြေ လုပ်နေရတော့ နိုင်ငံတကာက လေ့လာသူတွေ သိနိုင်ဖို့ အတိအကျရေးရာမှာ အခက်အခဲ တွေ့ကြရပါတယ်။ မြန်မာဘလော့ဂါ လောကကြီးဟာ ၂၀၀၇ နှစ်ဆန်းကစပြီး တရှိန်ထိုး တိုးတက်လာလိုက်တာ အခုဆို တော်တော်ကို ကြီးထွားစည်ပင်နေပါပြီ။ ဒါကြောင့် မြန်မာဘလော့စစ်တမ်းလေး တစ်စောင်လောက် ကောက်ကြည့်ဖို့ ကျွန်တော် ဒါလေးကို လုပ်ထားလိုက်ပါတယ်။ နိုင်ငံတော်တော်များ ဒီလို စစ်တမ်းလေးတွေ ရှိပါတယ်။ ဒီလိုရှိတဲ့အတွက် ပညာရှင်တွေအနေနဲ့ အကဲဖြတ်လို့ ရတယ်။ ခန့်မှန်းလို့ရတယ်။ အနာဂတ်ကို မျှော်ကြည့်လို့ရတယ်။ ဒါလေးကို ကူညီဖြည့်စွက်ပေးကြမယ်ဆိုရင် ကျွန်တော်တို့ ဘလော်ဂါတွေ ဘယ်လောက်ရှိတယ်၊ ဘယ်လို အရာတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်၊ ကျွန်တော်တိုပ ဘာတွေ လုပ်နေကြတယ် ဆိုတာတွေကို လေ့လာလို့ ရလာပါလိမ့်မယ်။ အားလုံးအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဘလော့ရေးတဲ့သူ မှန်သမျှ အောက်က စစ်တမ်းလေးမှာ ကူညီဖြည့်စွက်ပေးပါလို့ အလေးအနက် တောင်းပန်ချင်ပါတယ်။ အခြားသော ဘလော့ဂါများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးပါလို့ အကူအညီတောင်းပါရစေ။

Click here to take Myanmar Blogger Survey 2009

Remark:
1. ဒီစစ်တမ်း ကောက်ယူမှုဟာ တစ်လတိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဩဂုတ်လကုန်မှာ ဒီစစ်တမ်း ရလာဒ်ကို Analyze လုပ်ပြီး ပြန်လည် တင်ပြပေးသွားပါမယ်။ အားချင်း လုပ်ရတာမို့ ဖြေဆိုရာမှာ အခက်အခဲနဲ့ အဆင်မပြေတာအချို့ ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ အခမဲ့ဆိုပြီး သုံးလိုက်မိတဲ့ Application က အကန့်အသတ်နဲ့ ဖြစ်နေတာမို့ Upgrade လုပ်ပေးတဲ့ ကိုမင်းကျော်ကိုလည်း ကျေးဇူးတင်ပါတယ်။

2. Data Duplication မဖြစ်အောင်က Blog Address ထည့်ပေးမှ ရမှာမို့လို့ အဲဒါလေးတော့ ထည့်ပေးကြပါလို့ အကူအညီ တောင်းလိုပါတယ်။ အဲဒါနဲ့ပဲ ကွဲပြားမှုကို တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ ဘာ Tracking မှ မပါပါဘူး။ ကိုယ်တိုင် အဲဒီမှာ အကောင့်ဖွင့်ပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ် ခင်ဗျား။

áFFFD°áFFFD°love
သမ္ဘူလရေ

၂၃နှစ်ပြည်ပြီနော် အသက်ကြီးလာတာလား

စိတ်ကြီးလာတာလား စဉ်းစားပေါ့

အသက်ကြီးရင်တော့ လူအို

စိတ်ကြီးမှ လူကြီးတဲ့

ဘ၀ရဲ့ရည်မှန်းချက်တွေဘယ်လောက်ပြည်မှီပြီလဲ

အသစ်သစ်သော အတွေ့အကြုံ့တွေ

အသစ်သစ်သော အတွေးကြံတွေနဲ့

ဘ၀ခရီးလျှောက်လှမ်းနိုင်ပါစေဗျာ။

22 Aug, 2009  |  Written by Mg Ogga  |  under feeling, novels

နောက်အတော်ကြာမှာတော့ ကိုဦးက မသီတာကို ဖွင့်ပြောလိုက်တယ်။အဲ ဒီလိုဖွင့်လိုက်တာကို မသီတာက ကိုဦးပြောတဲ့ ရည်းစားစကားကို ရည်းစားစကားလို.မထင်ပဲ။သူကိုစာသင်နေ တယ်ထင်လို.တဲ။ ကိုဦးက အဲဒီလိုကြောင်တာ။ နောက်ဒီလို ဖွင့်ပြောဖြစ်တာကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောကြတယ်။ သူငယ်ချင်းတွေအားလုံးက မအံသြကြဘူး ဘာဖြစ်လို.လည်းဆိုတော့ ကျနော်က ပုလဲတို.ကို ကြိုပြောထားတာ ကိုး။ကျနော်၊ကိုဦးနဲ့မသီတာတို.က ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတော့ ခဏခဏနယ်ထွက်ရတယ်။ ကိုဦးနဲ့ ကျနော်အဖွဲ့အစည်းချင်း မတူပေမဲ့ တချို.နေရာတွေမှာတွေရတယ်.။

ကိုဦးကိုမသီတာနဲ့ဘယ်လို.အခြေအနေရှိလဲလို.မေးတိုင်း “ငါဘက်ကဖိတ်စာ တစ်ခြမ်းရိုက်ပြီး သွားပြီ သူဘက် ကတော့ ရဲတိုင်ထားတယ်” (ဒါမှမဟုတ်ရင်) “ငါကတော့ ကလေးတောင်ရနေပြီ သူကတော့ အခုထိ သူငယ်ချင်းပဲတဲ့” ငါကတစ်ဖတ်သတ်ကြီးပါကွာလို. နောက်နောက်ပြောင်ပြောင် ပြောတတ်တယ်။ မသီတာ ကိုမေးတဲ့အခါမှတော့ သူငယ်ချင်းပဲလေ ဘာဖြစ်လို.လဲတဲ့။ကျနော်ကလည်း သူတို.နှစ်ဦး ကြာရင်တော့ နှစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ချစ်ကြမှာပဲ လို.ထင်ခဲ့မိတယ်။ Continue Reading ->

22 Aug, 2009  |  Written by Mg Ogga  |  under joke, poem

သိပ်မများဘူး

အစိတ်သားထဲပါ

ပိတ်မထားပါနဲ့

ဖွင့်ထားပေးပါ

သိပ်မများပါဘူး

အစိတ်သားထဲပါ။

21 Aug, 2009  |  Written by Mg Ogga  |  under feeling, novels

ကျနော်လေ ဒီအကြောင်းတွေ မေ့ထားပေမဲ့ မေ့မရဘူး။ အရမ်းချစ်ကြတဲ့ ကျနော်တို.သူငယ်ချင်း ၅ယောက် ထဲက သူတို.နှစ်ယောက် အကြောင်းပြောပြချင်လိုက်တာဗျာ။

ကျနော်မှာ အချစ်ဆုံးသူငယ်ချင်း ၄ယောက်ရှိတယ်။ကျနော်ပါ ပါရင် ငါးယောက်ပေါ့။ကျနော်တို.တွေ အားလုံးကျောင်းအသီးသီးဆီက ဘွဲ့ရပြီးထုံးစံအတိုင်း သင်တန်းတွေ လိမ့်တတ်ရတဲ့ အခါသူတို.ကိုတွေတာပေါ့ ဗျာ။ သုံးလအတွင်းမှာပဲ ကျနော်တို.တွေတကယ်ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။

ကျနော် သူတို.တွေထဲမှာစဦးဆုံး စခင်တာ ကိုဦးဗျ။ အဓိကပြောချင်တာလည်း သူအကြောင်းပဲ အခုတော့ သူလောကထဲမှာ မရှိတော့ပါဘူးဗျာ။ ဒါကြောင့်လည်း ဒီပို.လေးကိုစတင်တာပါ။ ကိုဦးက ကျနော်ထက် တစ်နှစ်ငယ်တယ် ဒါပေမယ်လေးစားသမှုနဲ့ ကိုဦးလို.ခေါ်တာပေါ့။ ဒီကောင်က အကုန်သိအကုန်တတ်တယ်။ ဒါပေမယ် ဘာကိုမှ သေသေချာချာမလုပ်ဘူးလို. ကျနော်တို. အတန်းဖော်အစ်မကြီးတစ်ယောက်က ပြောဖူး တယ်။ သူတကယ်လည်းတော်ပါတယ် သင်တန်းက အဆိုင်းမန့်တွေကို ကျနော်တို. အတွက် သူတစ်ယောက်ပဲ ဒိုင်ခံရေးပေးရတာ။သူက သူငယ်ချင်းတွေ အတွက်ဆို ဘယ်တော့မဆိုလုပ်ပေးတယ်။အခြား မိန်းကလေး သူငယ်ချင်း၃ယောက်ကိုလည်း သူနဲ့ခင်ပြီးမှကျနော်နဲ့ခင်တာ။နောက်တစ်ခုက သူက ဘယ်တော့မှ ကောင်း ကောင်းမွန်မွန် သတ်သတ်ရပ်ရပ် မနေတတ်ဘူး။ ရှမ်းလွယ်အိပ် ပြဲကြီးကို မြတ်မြတ်နိုးနိုး လွယ်တတ်တယ်။ သူလွယ်အိပ်ထဲမှာ အမြဲထမ်းဖတ်စရာ စာအုပ်တစ်အုပ်ရှိတယ်။ ဒီစာအုပ်ကို သူပျင်းတိုင်းထုတ်ထုတ်ဖတ်တယ်။ စာအုပ်နာမည်က Giver တဲ့။အခုသူ လူလောကမှာမရှိတော့တာ တနှစ်ပြည့်ပါပြီ။ မင်းကို ငါတို.မမေ့သေးပါဘူး ကိုဦးရာ။ Continue Reading ->

လွန်ခဲ့တဲ့ ငါးနှစ်လောက်က နယ်မြို.လေးတစ်မှာ နာမည်ကြီး စာရေးဆရာတစ်ဦးရဲ့ စာပေဟောပြောပွဲကို ကျနော်သွားရောက်နားထောင်ခဲ့ ရပါတယ်။ဆရာကြီးက ဘာခေါင်းစဉ်နဲ.ဟောပြောသွားတယ် ဆိုတာ ကျနော် မမှတ်မိတော့။သူစပြောလိုက်တာက“ကျနော် မြတ်စွာဘုရားလောက် လောဘမကြီးဘူး ဘာဖြစ်လို.လဲဆိုတော့ မြတ်စွာဘုရားက သဗ္မုညုတဥာဏ်တော်ကြီးကို လိုချင်တယ် ကျနော်ကမလိုချင်ဘူး” တဲ့လေ ပရိတ်သတ် အားလုံး တဟားဟားနဲ့ လက်ခုတ်တွေတီးကြတာ ဆူညံသွားတာပဲ။ အဲဒီ လက်ခုပ်တီးတဲ့သူ တွေအထဲ ကျနော်လည်း ပါတယ်။ အဲဒီတုန်းက ကျနော်က ဖြစ်တည်မှုပဓာန၀ါဒတို. ကမှုးတို. ဆတ်တို.ကို အရူးအမှုးကြိုက်နေတဲ့ ကာလကိုး။အဲဒီတုန်းက ကျနော်စကားလုံးတိုင်းက အနီနံကလည်း သင်းနေတာပဲ။ Continue Reading ->

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ ICT နည်းပညာများကို လိုက်စားကြသော မြန်မာလူငယ်များအတွင်းတွင် သုသေသနပြုခြင်း နှင့် တီထွင် ဖန်တီးခြင်းများပိုမိုတိုးတက်လာစေရန်၊ အကျိုးရှိသော အသုံးဝင်သော ပြည်တွင်းဖြစ် ICT ဆိုင်ရာ tool များ product များပိုမို ပေါ်ထွက်လာစေရန်အတွက် အားပေးကူညီရန်၊ မြန်မာစာကို ICT နယ်ပယ်တွင် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနိုင်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ခြောက်လကာလတာ Project-based Contest တစ်ခုပြုလုပ်ရန်ရှိပါသည်။ Contest ၏အမည်မှာ MCPA Challenge ဖြစ်ပြီး ယှဉ်ပြိုင်ရမည့် အကြောင်းအရာသည် Myanmar Search Engine ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် MCPA Challenge အကြောင်း ရှင်းလင်းပြောကြားပြီးနောက် Myanmar Search Engine နှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာများကို သြဂုတ်လ(၁၅)ရက် (စနေနေ့) နံနက် (၉:၃၀) နာရီ မှ (၁၂း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ ConferenceHall တွင် ဒေါက်တာဒေါ်မြင့်မြင့်သန်း (ဒါရိုက်တာ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်)၊ ဦးရဲမြတ်သူ (ဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(မန္တလေး))၊ ဦးညီလင်းဆက် (အလုပ် အမှုဆောင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း) များမှ ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA Challenge ကို ပါဝင်ယှဉ်ပြိုင်ကြမည့် သူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆ သို့ဆက်သွယ် စုံစမ်းနိုင်သည်။