25 Jul, 2009  |  Written by Mg Ogga  |  under feeling, poem

မိုးကောင်းကင် တိမ်များထဲ ချိတ်ဆွဲထားတဲ့

ငါ့နှလုံးသားမီးထောက်

ဘယ်သူလက်လှမ်းမှီမလဲ

လူသူမရောက်တဲ့နက္ခတ်တစ်စင်း

မင်းကိုလမ်းပြမဲ့ အတ္တမဲ့အလင်း

အစွန်းထင်းကင်းမဲ့လှ

ဟိုးကအမှောင်ထုကိုဖြိုချလိုက်တော့…………

မင်းအတွက် ပေးဆပ်ခဲ့တဲ့ငါနှလုံးသွေးစက်တွေ

မြေပြင်ပေါ်ကျလာတိုင်း ပန်းတစ်ပွင့်ပွင်ခဲ့ပေါ့

ဟိုရှေ့ကမိုးကုတ်စက်ဝိုင်း

မြေလွာကိုနင်း နေမင်းရှိရာ

ငါဦးတည်လာပြီ မင်းဆီ

နှလုံးသွေးက စိမ့်ထွက်လာတဲ့

ယောကျာင်္းတစ်ယောက်ရဲ.ခြင်ဆီ

အချစ်တွက်ပူဇော်သည်။

22 Jul, 2009  |  Written by Mg Ogga  |  under poem

တစိမ်းတရံတွေရှေ့မှာ

တာ ပြုံးနေနိုင်မယ်ဆိုတာ

ကျနော်သိတယ်။

လောကရဲ့အမှောင်ချထားတဲ့

ကျားကွက်တွေကြား တာ

ရှိးရှိးသားသားကစားနိုင်မယ်လို.

ကျနော်ယုံတယ်။

ကိုယ်ကောင်းရင်ခေါင်းမရွှေ့ဆိုတဲ့စကား

ရှိသားပဲ တာ။

ကြိုးစားထား တာ အားတင်းပါ

ယုံကြည်ရာရွက်လွင် တနေ.တော့

ပန်းတိုင်ရောက်မပေါ့

ဘယ်သူမှာဘေးနားမရှိတောင်

အထီကျန်မဆန်စေရဘူး တာ

အားတင်းထား တာ

ပန်းတိုင်ရောက်လုပြီ။

အမှောင်ပြီးရင်အလင်းလာမယ်မဟုတ်လား

အားတင်းထား တာ……..

တောင်တန်းပြာပြာလေးတွေကိုနောက်ခံထားထားပြီးလှချင်တိုင်းလှပနေတဲ.ထိုင်းနိုင်ငံချင်းမိုင်မြို.လေးကနေ တစ်နာရီကျော်ကျော်လောက်ကားလေးမောင်းပြီးတောင်ကုန်းပေါ်က မန်ကျည်းတောအုပ်သေးသေးလေးကိုဖြတ်သန်ကာလှပသေသပ်ပြီးချစ်စရာကောင်းတဲ.ရွှံအိမ်လေးများရှိရာခြံကလေးဆီသို.ကျွန်မတို.ရောက်လာကြတယ်။

ခြံထဲ ကိုဝင်လိုက်တာနဲ.ရင်ထဲအေးပြီး အမောအပန်းတွေဘယ်ပျောက်သွားလဲ မသိတော့ပါဘူး။ပထမဆုံးတွေတဲ့ ရွှံအိမ်လေးထဲ မှာခဏနားနေတုန်းမှာပဲ အင်္ကျီနွမ်းနွမ်းဝတ်ထားတဲ့ ထိုင်းအမျိုးသားကြီးတစ်ယောက်ဟာ လတ်ဆတ်တဲ့ အပြုံးကိုဆင်ယင်ပြီး ကျမတို.ဆီ ခပ်ခပ်သွက်သွက်လျှောက်လာခဲ့တယ်။ပြီးတော့ ရွှံ့ခုံလေးမှာ သူလွယ်အိပ်ဟောင်းလေးကိုတင်ပြီး ရယ်မောဖော်ရွှေစွာ နှုတ်ဆက်စကားပြောကြတယ်။နောက်တောင်ကုန်း လေးပေါ်က သူ့အိမ်လေးဆီသွားဖို.ဖိတ်ခေါ်တယ်။

မနေ့ကထဲက ဒီ ဖန်ဖန်ဆိုတဲ့ ခြံလေးအကြောင်းစကြာြးဲပီး သွားရမယ်ဆိုကတည်းက စိတ်ဝင်စားနေတာ အခုတော့တကယ်ဆုတောင်းပြည်.သွားတာပေါ။့ဒီခြံကလေးက တကယ်ကိုအေးချမ်းပြီး စိတ်ချမ်းမြေ.စရာနေရာ လေးတစ်ခုပါ။

အိမ်ရှင်ခေါ်လာလမ်းအတိုင်းတောင်းကုန်းလေးပေါ်တတ်လာရင်း ဘေးဘီကိုကြည်တော့ သီးပင်စားပင်တွေခြံရံ ခြံရံထားပြီး ချစ်စရာကောင်းလှတဲ့ နေချင်စရာရွှံ.အိမ်လေးတွေ ကိုကျမတို.အဖွဲ.ကလူတွေက ဓာတ်ပုံ           တဖျတ်ဖျတ်နဲ့ အိမ်သာပါမကျန် အားရပါရကို မှတ်တမ်းတင်ကြတာပေါ့။ကျမနဲ့အတူပါလာတဲ့ ဆရာမတစ် ယောက်ရဲ. ၄နှစ်အရွယ်မြေးမလေးက “အဘွားဘာလို.အိမ်လေးတွေကဒီလောက်လှနေတာလဲ”မေးလိုက်တော့ အိမ်ရှင်အဖိုးကြီးရဲ.မျက်နှာကပီတီအပြုံးတွေဖြာလိုပေါ့။

နောက်အိမ်လေးဆီရောက်တော့ ဒီခြံလေးအကြောင်းနဲ့သူရဲ့ဘ၀အကြောင်းတွေကို ကျမတို.ကိုပြောပြလို. စိတ်ဝင်စားဖို.ကောင်းတဲ့ ဒီဖန်ဖန်ခြံလေးနဲ. ဦးလေးကြီးအကြောင်း တစွန်းတစသိခွင့်ရခဲ့ပါတယ်။

“ကျနော်နာမည်ကဖိလှိုးပါ ထိုင်းနိုင်ငမြောက်ပိုင်းကတောရွာလေးတစ်ရွာကပါ ဟိုတုန်းထဲက ကျနော်တို.ဒေသ မှာလုပ်ကိုင်စားသောက်နိုင်ပြီဆိုရင် ပိုကောင်းတဲ့ဘ၀တစ်ခုရဖို.အတွက်ဘန်ကောက်တက် အလုပ်လုပ်လေ့ရှိကြ တယ်ဗျ။ကျနော်လည်း လူပျိုပေါက်ဖြစ်တော့ ရောရာတဲ့ ရည်မှန်းချက်လည်းမရှိတော့သူငယ်ချင်းတွေနဲ့အတူ ရောယောင်ပြီး ဘန်ကောက်တက်အလုပ်လုပ်ကြတာပေါ့ဗျာ။ဘန်ကောက်ဆိုတာကလည်းသိတဲ့အတိုင်းပဲ ကျနော်တို.လို.တောသားတွေက တစ်နေ.ကို အနည်းဆုံး ၈နာရီ ကနေ အများဆုံး၂၄နာရီလောက်အလုပ်လုပ်ရ တယ်။ဒီလိုလုပ်ရလို.ထမင်းကောင်းကောင်းစားရသလားဆိုတော့လည်း ခေါက်ဆွဲပြုတ်နဲ့နှစ်ပါးသွားရတာများ တာပဲ။နေစရာကလည်းဗျာ ကျနော်တို.လို.တောသားလေးတွေ စုပြီးငှားထားတဲ့ တိုက်ခန်းကျဉ့်းကျဉ်းလေးမှာ ကျောတစ်နေရာစာရအောင်မနည်းနေတာဗျ။နောက်ကျနော်တို.လိုတောသားအများစုက အပြင်မှာဆိုရင် ကိုယ်ရဲ.တိုင်းရင်းဘာသာစကားကို မပြောဘူး ထုင်းစကားကိုဘန်ကောက်လေသံနဲ့တမင်လုပ်ပြောာကတယ်ဗျ။ ကျနော်ကတော့စကားလည်းသိပ်မပီတော့ တော်ရုံတန်ရုံလူတွေနဲ့စကားသိပ်မပြောဘူး။အရင်ကတော ဘန်ကောက်ဆိုတာ ပျော်စရာနေရာသုခဘုံလို.ထင်မှတ်ထားတာဗျ။အဒြီအချိန်မှာကျနော်ရဲ. ဘ၀အဓိပွါယ် ပျောက်ဆုံးနေတာပေါ့ဗျာ။နောက်ကျနော်စိတ်ညစ်တာနဲ့ရွာကိုပြန်လာခဲ့တယ်။မိဘဆွေမျိုးတွေရှိတဲ့ရွာမှာ အေးအေးချမ်းချမ်း နေမယ်ဆိုတဲ့အတွေးနဲ့ပေါ့။ဒါပေမယ်လည်းဗျာနေပူပူအောက်မှာကျောပူအောင်လုပ်ရတဲ့ တောင်သူလယ်သမားဘ၀က ကျနော်ကိုဒုတိယအကြိမ် ဘန်ကောက်ဆီတွန်းပို.ပြန်တယ်။ဘန်ကောက်မှာ သမာရိုးကျပုံစံအတိုင်းပဲ အလုပ်လုပ်လိုက်ဈေးဝယ်လိုက်အိပ်လိုက်စားလိုက်ပေါ့။ကျနော်ဒီဘ၀ကြီးကိုအတော် စိတ်ပျက်စေတယ်ဗျ။ဒီတခါတော့ဘ၀ရဲ.အေးချမ်းပျော်ရွှင်မှုအတွက်ပဲ အသက်ရှင်နေထိုင်မယ်ဆိုပြီး သေသေချာချာဆုံဖြတ်လိုက်တယ်။ပြီးတော့ရွာကိုပြန်လာပြီး စုထားတဲ့ငွေလေးနဲ့ခြံတခြံဝယ်ပြီးစနစ်တကျ ခြံစိုက်တယ် အားတဲ့အချိန်မှာရွာထဲကကလေးတွေနဲ့ကစားတယ်။တချို.လူတွေက ကျနော်အကြောင်းအတင်း ပြောကြတယ် ဒါသူတို.ပြဿနာပဲကျနော်ပြဿနာမဟုတ်မလားဗျ။သူများတွေက ဒီလို.ရွှံ့အိမ်လေးတွေဆောက် တာကောင်းတော့ကျနော်ကိုခေါ်ဆောက်ခိုင်းကြတယ်။ပြီးတော့ ကျနော်ပိုက်ဆံမလိုဘူးဆို.ပြီးမပေးကြဘူး ဒါသူတို.ပြဿနာပဲကျနော်ပြဿနာမဟုတ်ဘူး ဒါကျနော်လက်သုံးစကားဗျ။ တကယ်လည်းကျနော်ပိုက်ဆံ မလိုပါဘူဗျာ။စားစရာက ခြံထဲကရတယ် နေစရာက ဒီလိုရွှံအိမ်လေးတွေဆောက်ရတာခဏလေးနဲ့ဘာမှမခက် ဘူး။ကျနော် သူငယ်ချင်းကျောင်းဆရာတစ်ယောက် ဆိုရင် အိမ်တစ်လုံးရဖို.အတွက်အစိုးရဆီကပိုက်ဆံချေး တာနှစ်ပေါင်း၃၀လောက်လုပ်ဆပ်ရမယ်လို.ပြောတယ်။ကျနော်ကတော့လူဘ၀တိုတိုလေးအတွင်းမှာ ရုပ်ဝတ္ထုပစည်းတွေအတွက် အချိန်ကိုအလဟာသ မကုန်စေချင်ပါဘူးဗျာ။ကျနော်အခုအင်္ကျီဝယ်မ၀တ်တာ အတော်ကြာပြီ ခင်ဗျားတို.လိုလာလည်တဲ့လူတွေက လက်ဆောင်အင်္ကျီတွေပေးသွားကြတယ်။အခုဝတ်ထား တာကလည်းလက်ဆောင်ရထားတာ။ဒီအ၀တ်တွေကိုသန့်သန့်ရှင်းရှင်းလျှော်ဝတ်ရင်ရတာပဲဗျာကျန်းမာရေးနဲ့လည်းညီညွတ်နေပြီလေ။ကျနော်တို.ခန္ခာမှာလိုအပ်တာဒါပဲမှလား။ တချို့လူတွေဆီမှအ၀တ်အစားဗီရိုအပြည်.ရှိ ကြတယ်။ကျနော်အတွက်တော့ဒါအပိုပစ္စည်းတွေပဲ။အဲဒီအတွက် အခုခေတ်လူတွေအလုပ်ရူပ်နေကြတာ မဟုတ်လားကျနော်တို. ဗုဒ္ဓမြတ်စွာကရောင့်ရဲခြိုးခြံ နေထိုင်ဖို.ဆုံးမခဲ့သားပဲဗျ။လိုချင်မှုကိစ္စတေနည်းနိုင်သမျှ နည်းအောင်နေရမယ်လေ။အမှန်တကယ် လိုအပ်တာနဲ့လိုချင်တာကွဲနိုင်ရမယ် မဟုတ်လား။ ကျနော်အထင်အရ ကမ္ဘာမြေကြီးက ကျနော်တို.လိုအပ်သလောက်ထုတ်ပေးနိုင်တယ် ဒါပေမယ်ကျနော်တို.ရဲ့အတောမသတ်နိုင်တဲ့ လိုချင်မှုတွေ အတွက်တော့သူခမျာလည်းမစွမ်းနိုင်ဘူး။အဲဒါကိုက

14 Jul, 2009  |  Written by Mg Ogga  |  under poem

လူပြိန်းတွေရင်ခုန်ဖို.

နှလုံးသားကို မိတ်ကပ်မလိမ်ကြနဲ့

ကြည်.တတ်မြင်တတ်တန်ဖိုးထားတတ်မှ

နှလုံးသားအလှကိုမြင်မယ်

အမှန်းတရားနဲ.

ဆုံးပါးသွားတဲ့ လူတွေမနည်း

ကဲ သတိထားကြ

သတိထားတာ

အသိတရားရဲ.ကိုယ်ရံတော်

အရှိတရားကို ကြည့်မမှားစေဖို.

သိထားရမယ်။

14 Jul, 2009  |  Written by Mg Ogga  |  under Uncategorized


အခင်းအကျင်း

မြန်မာပြည်အလယ်ပိုင်း ရွာတစ်ရွာအစွန်မှာ ရှိတဲ့ အိမ်လေးနှစ်အိမ်ကြားအတွင်း မြေလွတ်လပ်လေးရှိ တယ်။ဒီမြေကွက်လပ်လေးမှာ ကလေးများ ဘောလုံးကန် ကြရာနေရာလေးလည်းရှိတယ်။

အိမ်၁

အင်း တိမ်တွေကြည်.ရတာ မိုးရွာတွေမဲ့ အရိပ်ရောင်ပဲ မနက်ဖြန်မိုးရွာရင်ကောင်းမှာပဲ မိုးရွာတာနဲ့ ပျိုးကြဲလို.               ရပြီ မိုးရွာမယ်ထင်ပါတယ်။မိုးရွာပါစေဗျာ။

အိမ်၂

မိုးသားတွေကြည်.ရတာရွာမဲ့ပုံမပေါ်ဘူး အင်း မိုးမရွာမှဖြစ်မယ် မိုးရွာရင် စပါးတွေရေစိုကုန်မှာ မိုးမရွာမှ စပါးလှန်းပြီးကြိတ်ရ မယ်။မိုးမရွာဘူးထင်ပါရဲ.။မိုးမရွာပါစေနဲ.ဗျာ။

အိမ်၂အိမ်ကလူနှစ်ယောက်ဟာ အိမ်ရှေ့  ကွပ်ပစ်လေးပေါ်ထိုင်ပြီး အတွေးကိုယ်စီနဲ.တစ်ယောက်ကကွမ်းဝါး တစ်ယောက်က ပြောင်းဖူးဖက်ဆေးလိပ်ကြီးဖွါ လို. ကိုယ်အတွေနဲ့ကိုယ်ရှိနေချိန်မှာ

ရှေ့ကွင်းပြင်တွင်

ကလေးတွေဘောလုံးကန်ရန်တာစူနေကြပြီ ရွာသားကလေးတွေဆိုပြီး အထင်မသေးနဲ့ဗျ နိုင်ငံတကာဘောလုံးပွဲတွေလို မြောက်ပန်းလှန်ပြီး ကွင်းနဲ့ဘောလုံး ဘယ်သူယူမလဲလုပ်နေကြတယ် အခုခေတ်ကြီး က အကြွေစေ့ရှားလာပြီ တောမှာဘိုးဘွားတွေစုထားတဲ့ အကြွေစေ့တွေကလည်း မြို.ကလူတွေ လာလာဝယ်ကြလို. အခုခေတ်ကလေးတွေမြင်တောင်မမြင်ဖူးကြတော့ဘူး ဒီတော ကျောက်ခဲအပြားလေးကို တံတွေးစွပ်လိုက် ပြီးမြောက်ပန်းလှန်ကြတယ် ခေါင်းနဲ.ပန်း နေရာမှာ အစိုနဲ့ အခြောက်ပေါ့ဗျာ ပြီးတော့ ကိုယ်ရွှေးတဲ့ဘက် ကျအောင် ဂါထာတွေဘာတွေရွတ်ကြတယ်

မိုးရွာလို.စိုပါစေ မိုးရွာလိုစိုပါစေ

နေပူလို.ခြောက်ပါစေ နေပူလို.ခြောက်ပါစေ

ဒီအချိန်အိမ်နှစ်အိမ် အတွေးကိုယ်စီနဲ.လူနှစ်ယောက်ကအတွေးစပျက်ပြီးပြိုင်တူအော်မိကြတယ်။

ဟာဒီကလေးတွေကတော့ကွာ သွားသွားအိမ်ရှေ့မှာလာမကစားနဲ့သွားကြစမ်းကွာ

ကလေးတွေမှာ ဘာအပြစ်ရှိလို.လဲဗျာ သူတို.ကိုထောက်ခံနေတာပဲ ဟာကို……………

14 Jul, 2009  |  Written by Mg Ogga  |  under dhamma, poem

သူငယ်ချင်း

မင်းလုပ်သမျှအဆင်ပြေ

ပျော်စရာပဲကြုံတွေလဲ

ပျော်စရာထဲ မရစ်မှုးမနေနဲ့

နှလုံးသွင်းပါ သင့်တင်စွာ

ယောနိသောမနာသီကာ။

သူငယ်ချင်း

မင်းလုပ်သမျှအဆင်မပြေ

စိတ်ညစ်စရာတွေ

တွေကြုံနေ စိတ်မညစ်ပဲ

နှလုံးသွင်းပါ

ယောနိသောမနာသိကာရာ။

စေတနာထားကာလုပ်ဆောင်ပါ

ဝေဒနာဖြစ်တဲ့အခါ

ဥပက္ခာပြုပါ ငြိမ်းအေးစွာ

ယောနိသောမနသ်ကာရာ။

ဂုဏ်ကြက်သရေ နဲ့နာမည်ကောင်းတွေကို

တရားမ၀င်မှောင်ခိုလုပ်ထား တဲ့

လူကြီးလူကောင်းလူသူတော်ကောင်းကြီးသည်

အမှားများကို အမှန်နေရာသို.ခိုးယူတင်ပို.နေကြသည်

ငွေရောင်အောက်မှာ အမှန်တရားအစစ် တိပ်ဆိပ်နေတတ်သည်

အမှန်တရားရဲ.ဘက်တော်သားများသည်

အဓမကိုပေရာလကန်ပြုပြီး

ဧကစာရီကျင့်ကြံနေထိုင်ကြသည်

သူတို.ယုံကြည်ရာတွေဟာ

စကားလုံးဖြစ်တည်မှုနဲ.လူဘောင်မှာ

မမောမပန်းကူးသန်းနေကြသည်

နိဗာန်ကို တံတားထိုးထားတဲ့

တရားကြိုးတန်းပေါ်မှာ

အဓမ္မကို မဖျက်နိုင်ပဲ

လှုပ်လီလှုပ်လဲနဲ. ငုတ်တုတ်မေ့နေရဲ့……………

ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။

တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥသြစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် ရထားဘီးလိမ့်သံကြားရတယ် ဟုတ်………ဟုတ်..ဟုတ်..ဟုတ်..ဟုတ် နဲ့ ရထားအရိုန်စယူတဲ့ အသံပေါ့ဗျာ နောက်အရိုန်လေးလည်းရလာရော ဟုတ်ဟုတ် ………မဟုတ်ဟုတ် ဟုတ်….ဟုတ်ဟုတ် မဟုတ်ဟုတ်လုပ် တဲ့ဗျ ဒီလိုနဲ့ပဲ ကျနော်လည်းခရီးဆုံးရောက်သွားတာပေါ့ ဒါပေမဲ့ နားထဲမှာ ရထားသံက မထွက်ဘူး ဟုတ်ဟုတ်…ဟုတ်ဟုတ်မဟုတ်ဟုတ်လုပ်တဲ့ဗျ 

ကျေးဇူးရှိသူတွေကို ကျေးဇူးတင်တာ မင်္ဂလာတစ်ပါးပါ။

အခုကျနော်တို.ရဲ.ခရီးစဉ်မှာကျေးဇူးရှိသောပုဂ္ဂိုလ်များကတော့—–

TLMI မှ မစ္စတာမိုက်၊

ခရီးလိုက်ပါဖို့စီစဉ်ပေးတဲ့ ဖေဖေ၊

အဝေးကနေအမြဲ မေတ္တာပို့နေတဲ့မေမေ၊

ဘလော့ရေးဖို့ အမြဲတိုက်တွန်းတဲ့ ဘုန်းဘုန်းဦးလောကနာထ၊ကိုဂျေ၊ကိုလင်းရမ္မာ

အတူတူခရီးထွက်ကြတဲ့ ရဲဘော်ပဲလှော်၊

ချစ်ရတဲ့ သမ္ဗူလ၊

ကယားပြည်နယ်ဒီမောဆို လွိုင်ကော်မှ အပင်ပန်းခံလိုက်ကူညီပေးတဲ့ ဆရာဦးမြင့်ဇော်(လူမှုဝန်ထမ်းပြည်နယ်ဦးစီး)၊

အိပ်စရာနေရာပေးတဲ့ဆရာမဒေါ်စိန်စိန်မော်(နေကလေးထိန်းကျောင်းအုပ်)၊

ဆိုင်ကယ်နဲ.မအားတဲ့ကြားကကူညီပေးတဲ့ ညီလေးမျိုးမြတ်(မဇ္ဈိမနှလုံးသား BY)၊

ရွာတွေမှာ အကူညီးပေးတဲ့ ဆရာမဒဲမြာ(ကယာဖူးနှစ်ခြင်းအသင်းတော် ဓမ္မတာဝန်ခံ)၊

ကယားစကားသင်ပေးတဲ့ ဆရာမ အိုင်းရစ်(စေတမန် ရိုမန်ကသလစ်)၊

ကယားပြည်နယ်အကြောင်း တွေရှင်းပြတဲ့ ဦးအိုက်ဆဲ (ဗိုလ်ပျန်သား)၊

ဗြဟ္မာစိုရ်ဘာသာအကြောင်းရှင်းပြတဲ့ ဦးကျော်ဝင်းနဲဗြဟ္မာစိုရ်မိသားစု

ကယားမှာ နာမည်ယူသုံးပြီးအကူအညီးတောင်းရတဲ့ ဆရာဘိုဘိုလွင်၊

ပြန်တဲ့အထိအကူအညီပေးတဲ့ ကိုစော်ရယ်။

နောက်အစစအရာရာ ကူညီကြတဲ့ ခရစ်ယာန်ညီအကိုများ၊ရွာသူရွာသားများ၊ကျေးရွာခေါင်းဆောင်များ၊ရယက၊
မယက၊ပယက တာဝန်ရှိသူများ၊

ရပ်ရွာအဖွဲအစည်းများ၊လူမှုရေးအဖွဲ.အစည်း ဘာသာရေးအစည်းများအားလုံးကယားပြည်နယ်ဒေသခံများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ကဗွီးတထလေး၊တရီဘာနမ်း၊

8 Jul, 2009  |  Written by Mg Ogga  |  under news

ကျနော်ဒီနေပဲရန်ကုန်ကို ပြနမ်ရောက်တယ်ဗျ။ လွိုင်ကော်၊ဒီမောဆို၊ရပ်စောက် နောက် နောက်ဆက်တွဲ မုံရွာ၊ယင်းမာပင်၊ရေစကြို

ပြဲပြဲစင်  သွားခဲ့ရတယ် ခင်ဗျားတို.အတွက် လက်ဆောင်လား ပါခဲ့တယ် ပိုစ်အများကြီး ရေးရမယ်ဗျအခုတော့ ကျနော်ခဏ နားပါရစေ

ဗျာ။ပိုစ်အတွက်စာတွေကခေါင်းထဲမှာပဲရှိတယ် စာမရိုက်ရသေးလို.နော်