Archive for May, 2009

May-15-2009

ကျနော် လူမှုဝန်ထမ်းနဲ. The leprosy Mission International နဲ့ပူးပေါင်းပြီး
မသန်စွမ်းသူများ အတွက် Survey ကောက်ရန် ကယားပြည်နယ် လွိုင်ကော် ဒီမောဆိုး မြို.များကို သွား
ရောက်တော့ပါမယ်။
တစ်လ နှစ်လခန်. ကြာမှာဖြစ်လို. Blog မရေးနိုင်တော့ပါ။
တစ်လလောက်ခွင့်ပေးပါနော် ကျနော်ဘလောလေးဆီလာလည်သူများကို အထူးကျေးဇူးတင်ပါတယ်
ကယားက ပြန်လာရင် လက်ဆောင်ပိုစ်တွေ အများကြီးရေး ဖြစ်မယ်ထင်ပါတယ်။
အခုတင်တဲ့ ပိုစ်တွေက အကြံကုန်လို. ဆားချက်ထားတာပါ အားလုံးကိုကျေးဇူးပါနော်။
BYE BYE

May-15-2009

Buddhists are increasingly blunt about affirming the primacy of this present world rather than being “world denying,” to use Albert Schweitzer’s old phrase. Among Chinese Buddhists, this idea is connected most commonly to the reformer Taixu (d. 1947) who expressed it as Buddhism for human life (jensheng fojiao). More recently it is linked to the  [ Read More ]

May-15-2009

There are moments in my life I do not feel like doing anything,
but just to be still,
not even writing something like this (but it comes).
You see someone
and feel how wonderful that person is, going about his business.
May his pains and wishes not blur out the joy that is his life,
May he see the beauty of  [ Read More ]

May-15-2009

ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တယ်ဗျာ။ အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။
“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန် လုပ်မယ်ကွာ”၊
“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊
“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊
“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။
“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊
“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊
“ဟ မင်းဟာက အမှုတွေ များလှချည်လား၊  [ Read More ]

May-15-2009

စပါးပြီးယာ၊ယာပြီးစပါး
အားချိန်မဲ့၊နားချိန်မဲ့
ချို.တဲ့ဘ၀များ၊ ပြတ်သားပီပြင်
မျက်ဝါးထင်ထင်၊မြင်ရ
တွေဆုံ.ကြမှ၊ဲမြို.ပြယဉ်ကျေးမှု
အမှောင်ထုအောက်က
ပိနေကြတိုတတွေ
စာနာ နားလည်နိုင်ပါစေ။
ဒီရွာကလေး
မြို.နဲ.၂၀မိုင်ဝေး
ပညာသင်ရာ
ကျောင်းတော်သာကင်း
မိုးတွင်းမှာဆို
ချောင်းကိုကျော်ဖြတ်
လယ်စပ်ဝေးဝေး
ခရီးတာဝေး
ကျောင်းတော်လေးအထိ
ရေပြည့်လယ်ကွက်
ဗွက်နက်နက်မှာ
ကျောင်းသွားကျောင်းလာ
ဒုက္ခမသေးလှဘူးဗျ။
EM ဆိုတာ၊ချိုနဲ.လားဟင်
ပိုးသတ်ဆေးပုံး၊လုံးသလားပြားသလား
ဘိုကာချီ ဆိုတာ ၊ချိုသလား ခါးသလား
စိုက်ပျိုးပညာ ပြည်ရွာဖွံဖြိုး
တိုးတက်စေဖို.
ကြိုးစားဖို.လိုကြောင်း
မမေ့ကောင်းဘူးဗျ။
တရွာလုံးဖွေကာကြည်.
ကျောင်းနေသက်တမ်း
ဦးရေစစ်တမ်းကောက်ရင်
လက်၁၀ချောင်းမပြည့်
၉တန်းဟာအမြင်.ဆုံး
အမှောင်ဖုံးသောပညာရေး
ပေးကာပေး၏မရ
သွေးကားသွေး၏ မမြ။
ပညာရေး၊စီးပွားရေး
လူမှုရေး၊ကျန်းမားရေး
လေးချက်ပဲတွက်တွက်
ဆက်စပ်မှုရှိတာ
တွေကြမှာပါဗျာ။
ရပ်ရွာလူထုစံပြုစရာ
အိမ်သာတစ်လုံး
တစ်ရွာလုံးတော.ရှိသင်တယ်။
ဆေးဝါးအတု၊သမားအတု
Drရမ်းကုဘေး၊လွတ်မြောက်ရေးအတွက်
ဆေးပေးခန်းတော.ရှိသင့်တယ်။
နီးနီးနားနား၊ကျောင်းသွားကျောင်းပြန်
အချိန်မှန်စေဖို.၊၀ိုင်းဝန်းပံ့ပိုး
စာသင်ကျောင်းလေးလည်းရှိသင့်တယ်။
ရပ်ကျိုးရွာကျိုး၊သယ်ပိုးရွက်ဆောင်
ထက်သန်စိတ်ဓာတ်
ပညာတတ်များလည်းရှိရမယ်။
သူငယ်ချင်း၊ဒီရွာလေးမှာ
BEER မရှိ၊TV မရှိ
Message Room, မရှိပေမဲ.
မင်းမပျင်းရိနဲ.
သူတို.ရဲ.ပေါကြွယ်တဲ့စေတနာ
တွေကမင်းကိုမျက်ရည်တွေဖြာသွားစေမယ်။
မရှိပေမဲ့ ရှိသူများ၊ရှိပေမဲ့မရှိသူများ
နှစ်ဖက်ကြားမှာ၊တို.ဟာတွေဝေ
ရပ်လျက်နေလျင်
ရာဇ၀င်ကလှောင်ပြောင်လိမ်.မယ်။
အမှောင်ခွင်းဖြို၊မီးအိမ်အိုလေးဖြစ်ပါစေ
အမှောင်နစ်နေသူများဆီ
ရောင်ခြည်တကွက်၊ပေးဆပ်နိုင်မယ်ဆို
ရှိနေမီးဇာ၊ပြာကျပါစေကွာ
ထွန်းလင်းပါရစေခင်ဗျာ။

May-12-2009

မြန်မာပြည်ရဲ့ လူဦးရေအနည်းဆုံးဒေသ ပုံပြင်ဒဏ္ဏာရီ များအများဆုံးပေါ်ထွက်ရာ
ရာသီဥတုနှစ်မျိုးလောက်ရှိတဲ့နေရာဒေသ တစ်ခုကို အလုပ်ကိစ္စတစ်ခု နှင့် ခရီးထွက်ရပါမယ်။
ပြန်လာရင် ဒီဒေသက အကြောင်းအရာတွေ ဓာတ်ပုံတွေ အများကြီးတင်ဖြစ်ပါမယ်။
ဒီဒေသအကြောင်းရေးဖြစ်ပါမယ်။
တစ်လခွဲလောက်ကြာမယ် မသွားခင်နိုင်သလောက်တော့ရေးပါမယ်။

May-12-2009

ကျနောကမ္ဘာကြီးစိမ်းလန်းဖို.
သစ်ပင်လေးစိုက်မယ်ကြံတုန်း
မေမေက
သစ်တောအုပ်လေးကို
လက်ဝါးထဲတည်.ထားတယ်။
ကျနော် ကိုလံဘတ်ကိုအားကျပြီး
ဘ၀ကိုရွက်လွင့်မဲ့အချိန်မှာ
မေမေမေတ္တာတွေ့က သမုဒ္ဒရာလေးစင်းမက။
ကျနော်လောကကြီးနဲ့ ရန်ဖြစ်နေချိန်မှာ
မေမေ က အိုနာသေ စကြ၀ဠာတောကြီးကို
သီလ သမာဓိ ပညာ ဓားသုံးလက်နဲ့
ခုတ်ထွင်ရှင်လင်းနေရဲ့။
p.s: မေမေ သစ္စာအလင်း အတွက်အမေနေ့မှာရေးတာပါ မအားလို. အခုမှပဲတင်ဖြစ်တယ်

May-8-2009

ကဆုန်လပြည်.နေအထိမ်းအမှတ် အဖြစ်ရေးပါတယ်။
လောကမှာအများစုဟာ အညတရတွေပါ ထူခြားတဲ့ဝိသေသပုဂ္ဂိုလ်တွေရှားပါပါတယ်။ထူခြားတဲ့ဝိသေသပုဂ္ဂိုလ်တွေကို တွေကိုကြည်ညိုဂရုစိုက်တာ ဟာ တစ်သီးပုဂ္ဂိုလဆန်ပါတယ်။
အညတရများကို ဂရုစိုက်တာ ဟာလောကအကျိုးသယ်ပိုးရာရောက်ပါတယ် လောကထဲ ကိုယ်ပါ ပါဝင်တာမို. ကိုယ်အတွက်လည်းအကျိုးများ ပါတယ်။
ဒေသနာထဲမှာ `သဒိသံ ပါကံ ဇနေတိ´လိုဆိုပါတယ်မိမိပြုတဲ့အလုပ်အတိုင် ပြန်အကျိုးပေးပါတယ်။ဒီအတိုင်းပါပဲ ကျနော်တို.တွေ သံသရာမှာ ကျင်လည်တာ
အညတရအဖြစ်ကျင်လည်တာများပါတယ်။ အညတရများကို ဂရုစိုက်မှသာ သံသရာမှာ ကျနော်တို.အညတရအဖြစ် ကျင်လည်စဉ် ကိုယ်ကို ဂရုစိုက်မယ်သူရိုပါမယ်။
အညတရ များမှာ နေရာတိုင်းမှာရှိပါတယ် ဒါကြောင့်သူတို.အပေါ် အခက်အခဲမရှိ ကောင်းမှုကုသိုလ်ပြုနိုင်ပါမယ်။ဝိသေသပုဂ္ဂိုလ်များမှာ လောကတွင်ရှားပါ သဖြင့် ကုသိုလ်ပြုရန်
မလွယ်ပါ။အလှူခံ ပုဂ္ဂိုလ် ရွှေးချယ်လှူခြင်းသည် ပါရမီမြောက်သောဒါန မဟုတ်ပါ။ ဘုရားအလောင်းဖြစ်သည် ဝေဿန္တရာမင်းကြီးသည် ဇူစကာ ပုဏ္ဏားလို. လူမျိုးကို ပင်
ကြည်ကြည်ဖြူဖြူပေးလှူနိုင်ပါတယ်။ အညတရများအပေါ် ကြည်ညိုစိတ်ရှိရင် ကောင်းမှုကုသိုလ် ကိုနှစ်နှစ်ကာကာ ပြုနိုင်ပါမယ်။ဒ၏ါမှလည်းပါရမီမြောက်ပါမယ်။
နိဗ္ဗာန်ကို လိုလာကြသော သူတော်ကောင်းတို. စစ်မှန်တဲ့ချမ်းသာကိုလိုလျှင် ပါရမီဖြည်.ကျင့်ရပါမယ်  [ Read More ]

May-7-2009

တခါ က ရွာနှစ်ရွာကြားထဲမှာ မေ့ပင်တပင်ပေါက်နေတယ် ဘယ်အချိန်ကစပေါက်သလဲဘယ်သူမှမသိကြဘူး။ မေ့ပင်ကြီးက အသီးသီးဖို.မေ့နေတယ်။ဒါပေမယ်
ရှင်သန်ကြီးထွားဖို.မမေ့ပဲ ရှင်သန်ကြီးထွားလာတယ်။ အနီးနားရွာနှစ်ရွာက လူတွေက မေ့ပင်ကြီးကို ဘာအပင်မှန်းမသိကြဘူး။ တရွာတစ်ရွာက ကောင်မလေးနဲ့
တစ်ဖက်ရွာကချစ်သူနှစ်ယောက်ဟာမေ့ပင်ကြီးအောက်မှာချိန်တွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကိုစောင့်နေရင်း ကောင်မလေးကိုသူချစ်သူဆိုတာမေ့သွားတယ်။တခါ
ကုန်သည်တွေကရွာနှစ်ရွာဆီ ကုန်ရောင်းဖို.လာကြရာ မေ့ပင်ကြီးအောက်မှာ နားနေကြပြီး သူတို.ကုန်ပစ္စည်းတွေကိုဘယ်လို.အမြတ်ထုတ်ရမလဲဆိုတာမေ့သွားတယ်။
ပြီတော့ကုန်ပစ္စည်းတွေကိုရွာနှစ်ရွာက လူတွေကိုအလကားပေးလိုက်ကြတယ်။ နောက်တခါ ဓမြတွေကရွာနှစ်ရွာကို ဒမြတိုက်ဖို. မေ့ပင်ကြီးအောက်မှာ အစီအစဉ်ဆွဲ ကြတယ်
ဒါပေမယ့် သူတို.ရဲ့ လက်နက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာမေ့သွားတယ်။လက်နက် တွေကိုစွန်ပစ်ခဲ့ပြီး နေရပ်ကို ပြန်သွားကြတယ်။
ကျနော်လည်းမေ့ပင်ကြီဆီသွားချင်ပါတယ် အရာရာကိုမေ့ပစ်ချင်လို.မေ့ပင်ကြီးတည်ရှိရာကို မေ့ပင်ကြီးအောက်ရောက် ဖူးတဲ့သူတွေမေးကြည်ပါတယ်။ သူတို.လည်း မေံ့ ပင်ကြီး
တည်ရှိရာကို မေ့နေကြ တယ်။ ခင်ဗျာတို.လည်းမေ့ပင်ကြီးရှိရာနေရာကို သိရင်ပြေဲာပပါနော်။
p.s:စတိုင်သစ်လား စပယ်ဖြူလားမမျတ်မိတော့ပါ ဘယ်သူရေးလည်းမမှတ်မိတောပါ့။ ဒီအက်ဆေးလေးကို ကြိုက်လွန်းလို. မေ့မရလို.မျှသေလိုက်ပါတယ်။

May-1-2009

မနေ.ကအင်းဝစာအုပ်ဆိုင်မှာ ကမ္ဘာအရေး၊Globalizationအကြောင်းတွေအများဆုံးရေးတဲ့ ဆရာကျော်ဝင်းတို.ရဲ့wave မဂ္ဂဇင်း၃နှစ်စာလောက်ကို တစုတစည်းတည်းစုပြီ
ebookလုပ်ထားတဲ့ CD လေးတွေ.လို.၀ယ်လိုက်တယ် တထောင်ပဲပေးရတယ်။ စုစုစည်းစည်းဖတ်ချင်သူအတွက်အဆင်ပြေတာပေါ့။ကျနော်ကြိုက်တဲ့  စံပယ်ဖြုကိုလည်း ဒီလို.
လုပ်ပေးရင်ကောင်းမယ်။wave က ထွက်တချက်မထွက်ဆို.တော တစ်နှစ်ကို ၁၂အုပ်တော့မဟုတ်ဘူး ထွက်သလောက်ပေါ.လိုချင်ရင် ဒီမှာယူလို.ရသဗျ။
Wave မဂ္ဂဇင်း အောင်မြင်ပါစေ။
ဆရာကျော်ဝင်းရေကြော်ညာပေးတယ်နော်မုန့်ကျွေးရမယ်ဗျ 
လိုချင်ရင်ယူနော်ဒီမှာရှိတယ်။

Sponsors