Archive for April, 2009

Apr-29-2009

အလင်းပေးတဲ့ မီးရောင်ကိုသာ
ကျေးဇူးတင်နေသူ
အမှောင်ထဲကမီအိမ်ရှင်ကို မေ့နေပြီလား
အသဲနှလုံးတွေညှိုးနွမ်းနေရဲ့
အနင်းခံမြေကြီး အတွက် ပန်းပွင်တွေ
ကြွေကျပေးဆပ်ခဲ့
အမည်မဖော်နိုင်တဲ့နေရက်တွေကို
စိတ်နဲ.ရေတွက်
ဘ၀ရဲ့ ခါးခါးသီးသီးအတွေ.အထိက
ပင်အိုကြီးတွေလို
ခိုင်ခိုင်မြဲမြဲ ရင်မှာခိုဝင်
တခါတလေ ပဲတင်သံက
မူလအသံကိုပြက်ရယ်ပြုနေတာမျိုး
ဖြစ်တတ်ရဲ့
လူအဖွဲ့အစည်းနဲ့
ပျင်းရိစွာငြင်းဆိုပြီး
စိတ်ရှည်စွာအသက်ရှင်နေထိုင်တော့မယ်သူ။
သူကသူရဲကောင်းတောသူရဲကောင်းပဲ
ဒါပေမယ်
သူရဲကြောက်တယ်။

Apr-22-2009

ကျနော်အတွက် တိရ စ္ဆာန်ထဲမှာ ခွေး၊နွားပြီးရင် စတင်သိခဲ့တာ ပုရွတ်ဆိတ်ပါ
မူလတန်းအစ သူငယ်တန်းအင်္ဂလိပ်စာ ဖတ်စာအုပ်ရဲ့ ပထမစာမျက်နှာမှာ
Ant( အန်.)ပုရွတ်ဆိတ်ဟုအော်ကျက်ခဲ့ရဘူးသည်။ကျနော် နေမကောင်းလို.
ဆေးထိုးခံရတော့မယ် ဆိုရင် သားရယ်ပုရွတ်ဆိတ်ကိုက်သလောက်ပါ
ပဲဆိုပြီး အမေအားပေးတတ်တယ်။ နောက်မြန်မာစာမှာ ပုရွတ်ဆိတ်နဲ့
နှံကောင်ပုံပြင်အကြောင်းသင်တော့လည်း ဆရာမက ပုရွတ်ဆိတ်လို.အလုပ်ကြိုးစား
ဖို.ဆုံးမဖူးသည်။
ပုရွတ်ဆိတ်တွေ ကကျနော်အတွက်တော့စိတ်ဝင်စားစရာပါ။ သူတို့ဆီက နေပြီးကျနော်တို.တွေ အတူယူစရာတွေ အများကြီးပါ။သူတို.ဟာ ခန္ခာကိုယ်သေးငယ် သော်လည်း ကြံခိုင်မှုကမနိမ့်ပါဘူး။အမြင့်ကနေချ
ကြည့်ပါ သူတို. ဘာမှမဖြစ်ပဲနေလိမ့်မည်။ခန္ခာကိုယ်အလေးချိန် က ဧရိဟာထက်စာရင် အလွန်
ပေါ့ပါးတာကြောင့် စက္ကူတရွက်လို လေက ပင်တင်ပေးထားနိုင်ပါတယ်။ဒါကြောင့်ဘယ်အမြင့်
ကကျကျ သူတို.ကတော့အေးဆေးပဲ။

Apr-22-2009

Socially Engage Buddhism ဆိုတာ မဟာယာနဗုဒ္ဓဘာသာရဲ.
အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ စပြီးဖော်ထုတ်ခဲ့သူ က ဗီယက်နမ်
ကဇင်ဘုန်းကြီးဆရာတော်ကြီး သစ်နက်ဟန် ဖြစ်ပါတယ်။
Socially Engage Buddhism ရဲ့ အဓိပ္ဖါယ်ကတော့
Buddhist practices + social activism=ဗုဒ္ဓကျင့်စဉ်များကို
လူမှုရေးလုပ်ငန်းတွေ မှာအသုံးပြုပါမယ်လို.
Engaged=ကတိထား၊သစ္စာပြု၊ပါဝင်ဆောင်ရွက်သည်.
Buddhism=ဗုဒ္ဓဓမ္မ
လူလောကထဲမှာ ပါဝင်ဆောက်ရွက်နေတဲ့ ဗုဒ္ဓဘာသာ
Socially engage Buddhists တွေဟာ ငြိမ်းချမ်းသော
ရွှင်လန်းကျန်းမာပြီး တရားမျှတသော လောကကြီးတည်ဆောက်ဖို.
စစ်ပွဲတွေ၊ပဋိပက္ခတွေ၊ခွဲခြားဆက်ဆံမှု၊ဖိနှိပ်မှုတွေ၊ဆင်းရဲမွဲတေမှုတွေက
လွတ်မြောက်ဖို.၊ဒေါသလောဘမောဟတွေ ဖယ်ရှားပြီး ဥာဏ်ပညာနဲ.ဂရုဏာကို
အမြဲကျင့်သုံးဖို့ ဗုဒ္ဓဓမ္မနဲ.ကမ္ဘာပြသာနာတွေကို ဖြေရှင်းနှိင်မယ်လို.ယုံကြည်ကြသူတွေ
ကျင့်သုံးကြသူတွေပဲဖြစ်ပါတယ်။

Apr-21-2009

ဓမ္မ၀ိဟာရီ အရှင်ဥာဏ ရဲ့ကံနဲ.လူသားကဗျာလေးပါ
လူကိုလူလိုမြင်တယ်ဆိုတာလေးကို သဘောကျလိုပါ
ပြန်တင်ပေးပါတယ်။
ကံနဲ့လူသား
လူကိုမြင်လျှင်၊ လူလိုပင်၊ လူတွင် ဆက်ဆံရာ။
လူကိုကျော်တွေး၊ လူနှင့်ဝေး၊ လူရေး မလှပါ။
လူကိုဖျက်ဆီး၊ လူ့အချည်းနှီး၊ မပြီး လူ့ကိစ္စာ။
လူကျော်လူဖျက်၊ ထိုနှစ်ချက်၊ လူ့တွက် ဆင်းရဲရှာ။
လူနဲ့လူတို့၊ ချမ်းသာဘို့၊ လူတို့ ပြုရမှာ။

Apr-18-2009

ဓမ္မရသ(ကိုအောင်ဦး)၊၀ိမုတ္တိသုခ၊သစ္စာတရား၊သစ္စာအလင်းတို.စီစဉ်ကြတဲ့
ဗုဒ္ဓဘာသာနဲ့ပက်သက်သမျှ အချက်အလက်တွေအများကြီးစုပေးထားတဲ့နေရာပါ
မနေ.ကမှနှစ်သစ်ကူးအထိမ်းအမှတ်နဲ့ဖွင့်လစ်လိုက်တယ်
တရားတော်နဲ့အသံဖိုင်၊ဗီဒီယိုဖိုင်၊ဆောင်းပါများနဲ့ဓမ္မဆိုဒ်လင့်များ
ပရဟိတဆိုဒ်လင့်များ၊ပုံတော်များသာမက ဓမ္မစကားဝိုင်းတွေပါတည့်သွင်းထားလို.
သာဓုခေါ်စရာပါ သွားကြည့်ချင်ရင် ဒီမှာသွားကြည်ပါ။

Apr-18-2009

နေ.တစ်နေ.မွေးဖွားလာတယ်။သူအိပ်ယာကနေပုံမှန် အတိုင်းပဲနိုးလာတယ်။
တစ်အိမ်လုံးဘယ်သူမှမရှိ သူတစ်ယောက်တည်း ဒီနေ့ဘာနေလဲ့ပြက္ခဒိန်ကြည်.လိုက်တော့ တစ်နှစ်တာ
ဆယ်နှစ်လထဲ က တစ်ခုသောမြန်မာလပြည်နေ့……….
သူဘာလုပ်ရမလဲ သူမသိအလုပ်ကလည်းပိတ်တယ်။သူချစ်နေ့ရတဲ့သူကလည်း နယ်ကိုပြန်သွားတယ်။
အိမ်က သူငယ်ချင်းတွေကလည်းသူကိစ္စနဲ့သူသွားကြတယ်။အိမ်မှာဘယ်သူမှမရှိ ပျင်းပျင်းရိရိရှိ လှ၏။
ဘာလုပ်လို.ဘာကိုင်ရမလဲမသိ နောက်ဗိုက်ဆာလာလို. အိမ်အောက်က ထမင်းဆိုင်မှာ ထမင်းကြော်
နဲ့ ကိစ္စပြီး အောင် စားလိုက်တယ် စားမကောင်းဘူး။ အိမ်ရှေ့မှာဘစ်(စ်)ကားတွေ အော်သွားတာ
ကြားလိုက်ရတယ် “မြေနီကုန်း၊လစ်လမ်း၊မြောက်ဘက်မုဒ် ရွှေတိဂုံ ရွှေတိဂုံ၊ဆောက်လုပ်ရေး ဆူးလေ”
ရွှေတိဂုံဆိုပါလား မြန်မာတို.ရဲ့သင်္ကေတ၊ ဗုဒ္ဓဘာသာတွေရဲ့နှလုံးသား၊ကမ္ဘာအံ့ဖွယ်တစ်ပါး ဒီရွှေတိဂုံ
ဘုရားကို သူမရောက်ဖြစ်တာ ၁နှစ်ကြာပြီ။သူရန်ကုန်မှာအခြေစ ချကတည်းက မရောက်ဖြစ်ခဲ့တာ
တစ်နှစ်ကြာပြီ။ အရင်နယ်မှာနေတုန်းက ရန်ကုန်ကို အလည်လာရင်တခါလာ တခါတော့ရွှေတိဂုံ
ဘုရားဖူးဖြစ်သေးတယ်။ အခုရန်ကုန်မှာလာနေမှပဲ ရွှေတိဂုံကိုမဖူးဖြစ်တော့တာတစ်နှစ်ကြာပြီ
နိုင်ငံခြားက သူသူငယ်ချင်းတွေက သူကိုခဏခဏ ပြောတယ်။ ရွှေတိဂုံဘုရားနဲ့မြန်မာပြည်ကို
အလွန်လွမ်းကြောင်း မြန်မာပြည်မှာနေတဲ့သူတွေ ရွှေတိဂုံကိုတန်ဖိုးထားသင့်ကြောင်း ပြောဖူးတာ
သူပြန်ကြားယောင်မိတယ်။အင်းအခု သူဘာလုပ်ရမလဲ သိပြီ သူရွှေတိဂုံသွားဖူးမယ်။
ဟုတ်ပြီ သူအိမ်ပြန်ပြီး ရေချိုး၊အ၀တ်လဲပြီး ဘုရားသွားရမယ်။

Apr-17-2009

နှစ်သစ်မှာ ကျနော်ဘလော့ဖတ်တဲ့သူတွေကို နှစ်သစ်မှာဘာလက်ဆောင်ပေးရင်ကောင်းမလဲ စဉ်းစားတယ် အမေကိုမနေ.ကပဲ ကတိသုံးခုပေးခဲ့ရတယ်။
၁။လူများရဲ့ကျေးဇူးကိုမြင်ဖို.
၂။ကျန်းမာရေးဂရုစိုက်ဖို.
၃။ဘာသာရေးပိုလုပ်ဖို.
ဒါတွေကိုအမေကိုလုပ်ပါမယ် လိုကတိပေးလိုက်ရတယ်။ ဒီအချက်၃ချက်မှာ ကျနော်အတွက် အခက်ဆုံးက နံပါတ်တစ်အချက်ဖြစ်တဲ့လူအများရဲ့ကျေးဇူးကို မြင်ဖို.ပဲ။ကျနော်ငယ်ငယ် ကတည်းကဖတ်တဲ့စာကလက်ဝဲစာတွေများတယ်ချမ်းသာတဲ့သူဆိုရင်မုန်းတယ်လူတကာကို ဖောက်ပြန်တယ်ပဲမြင်နေတတ်တယ်လူတွေနဲ့အမြဲအဆင်မပြေဘူး။ကျနော်ကြည့်လိုရတဲ့လူ ရှားတယ်။ ဒါကြောင့်ဘယ်သူနဲ့မှမတည့်ဘူး အခုတော့အမေကိုကတိပေးပြီးသွားတော့ တည်အောင် လုပ်ရမှာပေါ့။

Apr-16-2009

ကိုညီလင်းဆက်ဆီမှာတင်ထားလိုပြန်တင်လိုက်တာပါ။
Bijli ဘိဂျလိလို့ နာမည်ရတဲ့ မုန်တိုင်းတစ်လုံး မြန်မာပြည်ထဲ ဝင်ပါဦးမယ်။ ခန့်မှန်းချက်တွေအရ ရန်ကုန်ကတော့ လွတ်တယ်။ ရခိုင်၊ ချင်းနဲ့၊ မြန်မာပြည် အလယ်ပိုင်းကတော့ မုန်တိုင်း ရိုက်ခတ်တာ ခံရနိုင်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာပြည်ထဲကို မနက်ဖြန် မြန်မာနှစ်သစ်ကူးနေ့မှာ စတင်ချဉ်းနင်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မုန်တိုင်းဟာ နာဂစ်လို အင်အား အရမ်းကြီး ပြင်းထန်လွန်းတဲ့ မုန်တိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လေတိုက်နှုန်း တစ်နာရီကို ၃၉-၇၃ မိုင်နှုန်းရှိတဲ့ Tropical Storm အဆင့် ဖြစ်ပါတယ်။ Reuter နဲ့ AlertNet ကတော့ ဒီအချက်အလက်တွေဟာ ခန့်မှန်းချက်မျှသာ ဖြစ်ကြောင်း။ မုန်တိုင်းဝင်မယ့် ဒေသကလူတွေ အနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထားဖို့ လိုကြောင်း ပြောထားပါတယ်။   [ Read More ]

Apr-11-2009

ငါအား ပတ်ပတ်လည် ၀ိုင်းထားတဲ့ဘ၀ရဲ.
သမုဒ္ဒရာ ထာဝရ လှိုင်းလုံးတွေ
ဖြစ်တည်ခြင်း ပင်လယ် မှာပုတ်ခက်
ရင်ခုန်အသက်ရူနေသော ရေပြင်ပေါ်မှာ
ရှင်သန်နေထိုင်ရင်း လေ့လာ သင်ယူု
နောင်မှ သိခဲ့ရ
ဘ၀ရဲ. လှပတင့်တယ်မှု တွေအောက်
ဖောက်ပြန်ပျက်စီးမှုဟာ နေရာအစုံမှာ
မျှော်လင့်ခြင်းတွေ ရင်တလှပ်လှပ် ခုန်နေတဲ့
ဘ၀ရဲ. နောက်ကွယ် ရှောင်မနိုင်တိမ်းမရ တဲ့
စက်ဆုပ် မုန်းတီးဖွယ် သေခြင်း မရဏ ရှိနေတယ်
ချမ်းသာလို ချမ်းသာငြားဘ၀ထဲ ၀င်ရှာ
ရေအများ ငါးမတွေ့ ဘူး
ကောက်ကျစ်ခြင်း စစ်တလင်းသာဖြစ်တဲ့ လောက
ဆိုးသွမ်းတဲ့ လောက
ဂရုဏာ သက်ဖွယ် ဆင်းရဲဒုက္ခတွေကို
ရှင်သန် အောင် ပြုပြင်ပေးတဲ့ လောကကို ဖန်တီးသူသည်
ဘုရားသခင် မဟုတ် နတ်မိစ္ဆာသာဖြစ်ရမယ်။

Apr-7-2009

၁၉၅၀ ခုနှစ်များမှ စ၍ စီးပွားရေးဖွံ့ဖြိုးရန်နှင့် အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အလို့ငှာ ဖွံ့ဖြိုးရေးအေဂျင်စီများနှင့် ဖွံ့ဖြိုးရေးအစီအမံများ အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့ကြပါတယ်။ မွန်မြတ်သော ရည်မှန်းချက်များထားကာ ကြိုးစားအားထုတ်ခဲ့သော်လဲ ဒီအေဂျင်စီများရဲ. ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ မအောင်မမြင် ဖြစ်ခဲ့ရတယ်။ဒီကာလအတွင်း ဖွံ့ဖြိုးရေးနှင့်ဆိုင်သော လေ့လာမှုနယ်ပယ်တွေမှာ သီအိုရီပေါင်းများစွာ ပေါ်ပေါက်ခဲ့ပြီး ၎င်းသီအိုရီ တစ်ခုစီတိုင်းမှာလဲ ၎င်းတို့၏ ကိုယ်ပိုင်ရှုမြင်မှုများ၊ အကြောင်းပြချက်များ အသီးသီးရှိကြတယ်။ ယနေ့အချိန်ထိ အသုံးဝင်၊ အသုံးပြုနေကြသည့် အခြေခံသည်အိုရီ တစ်ချို့ကို ဆွေးနွေးရအောင်။ ထိုမျှမက လူသား၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုတာ ယနေ့အချိန်အခါအတွက် ဘယ်လို အဓိပ္ပာယ်သက်ရောက်လဲကြည်ရအောင်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများ၏ ခြေရာအတိုင်း တစ်သဝေမသိမ်း လိုက်လျောက်ရမည်ဟူသော ယုံကြည်ခံယူချက်အပေါ်မှာ ဒီအဆိုကို အခြေခံထားခြင်းပဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆတာ  [ Read More ]

Sponsors