To love, in the context of Buddhism, is above all to be there. But 
being there is not an easy thing. Some training is necessary, some
practice. If you are not there, how can you love? Being there is very
much an art, the art of meditation, because meditating is bringing
your true presence to the here and now. The question that arises is:
Do you have time to love?
I know a boy of twelve whose father asked him one day: “Son, what
would you like for your birthday present?” The boy did not know how to
answer his father, who was a very rich man, able to buy anything for
his son. But the boy did not want anything except his father’s
presence. Because the role the father played kept him very busy, he Continue Reading ->
လွင့်ပါးနေတဲ့စိတ်ကူး
ရင်မောတဲဝေဒနာ
ကာရံမညီ
စိတ်ကူးအိမ်မက်
လေထဲတည်ဆောက်
ကယ်သူမရှိနှလုံးသား
လုံးပါး ပါးမှ
ရေရာတဲ့အချစ်
ဇွတ်နှစ်ဝင်တိုး တန်ဖိုးနိမ်ကျလှတဲ့
မင်းရဲ့သံသယမြင်လွှာ
ခဏထားပါကွာ
ငါကလူထဲကလူပါ
မင်းအတွက်ငါ
အလာနောက်ကျခဲ့လား
သိမ်ငယ်နိမ့်ကျ
ခံစားရတယ်
ဒါပေမယ့်ငါ
မရဲတရဲအားခဲထားတယ်
မ၀ံတ၀ံစွန့်စားရတယ်
မယုံမဖြစ်ဇွတ်နှစ်တော့မယ်
မချိတချိသတ္တိမွေးမယ်
ဖြစ်သမျှကြုံသမျှ ခံနိုင်ရမယ်
ငါနှလုံးသွေးစက်နဲ့
မင်းအတွက်ပေးဆပ်
ဘ၀နေကွယ်တဲ့အထိ……..
ဖူး!
စာမေးပွဲဖြေပြီးသွားပြီ အလုံးကြီးတစ်ခု ကျသွားသလိုပဲ ကျောင်းကလည်းပုံမှန်မတက်တော့အတော်ကျက်ယူရတယ် အတန်းထဲက
သူငယ်ချင်တွေကျေးဇူးကြောင့် တော်တော်ဖြေနိုင်ပါတယ်။ လက်ချာတွေကို အသံသွင်းပေးထားတဲ့ ကိုစိုင်နေ၀င်းမြင့်၊လက်ချာတွေကို စာစီပြီး email
နဲ့ပိုပေးတဲ့ အစ်မကြီးမမေဦး၊ စာတူတူကျက်တဲ့ ဂျပု၊ပဲလှော်၊လုံးလုံး၊ဇေယျာ၊ဖူးဖူးတို.နဲ.အသုံးချစိတ်ပညာမှကျောင်းသားကျောင်းသူတွေအားလုံး
ဆရာဆရာမတွေအားလုံးကျေးဇူးပါ။
အမှန်တရားကို တကယ် အလိုရှိပြီး အမှန်တရားကို ရှာဖွေ ဆည်းပူးနေကြသော သူတော် ကောင်းများကို တွေ့ဘူးပါတယ်တဲ့..။ နှစ်တွေလတွေ ကြာသော် လည်း စစ်မှန်သော လွတ်မြောက် မှုကို မရပဲ မဂ္ဂင် အတု ကို မဂ္ဂင် အစစ် ထင် ကာ ကိုယ် ထင် ရာ ပုံဖော်ပြီး အစွဲ ဝင် ကာ ပျော်ရွှင် ကြတာ ကို လည်းတွေ့ ဘူးပါတယ် တဲ့..။အမှန်ကို မသိသေးသမျှ အမှားပေါ်မှာ ပင် အမှန်ထင်ကာ ပျော်ရွှင်တတ်သော ကြောင့် ဘယ် သူ့ကို မှ အပြစ်တင် ပြောဆိုနေစရာ မလိုပါဘူး၊ ကိုယ် တိုင်သာ မှန် သထက် မှန်အောင် ကြိုးစားဘို့ ကျွန်မ အားဆုံးမ လိုက်ပါတယ်..။
အခုရေးသားမျှဝေနေတာ တွေကို ပြန်ပြီး စုစည်းရလျင်..
ထည့်ထည့်တွေးခြင်းကြောင့် ဖြစ်ပေါ်လာ မည့် မိစ္ဆာ ဒိဋ္ဌိ ကို ရှောင်ကျဉ် ပြီး ၊ တည့်တည့် တွေးခြင်းဖြင့် သမ္မာဒိဋ္ဌိ အမြင်မှန် ကို ဖြစ်စေပါတယ်..သမ္မာဒိဋ္ဌိ ၅မျိုးကို ရှေ့ မှာေ ဖ်ါပြခဲ့ပါတယ်..။ ပထမဆုံးသော သမ္မာ ဒိဋ္ဌိ ဖြစ်တဲ့ ကမ္မ သကတ သမ္မာဒိဋ္ဌိ ဖြစ်ဘို့ရာ မှာ ကျွန်မတို့ ကုသိုလ် အကုသိုလ် ကို နားလည်ရပါလိမ့်မယ်..။ ကုသိုလ်၊အကုသိုလ် ကို ခွဲ ခြားနိုင်ဘို့ရာ..
လက္ခဏ၊ရသ၊ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် အချက် လေးချက် နဲ့ စိစစ်ရပါမယ်.. ပထမ အချက် ဖြစ်တဲ့ လက္ခဏာ ကို ဖော်ပြခဲ့ ပြီး ဖြစ်လို့ အခု Post မှာ ဒုတိယ အချက် ဖြစ်တဲ့ ရသ ကို ပြော ပြပါမယ်..။
Continue Reading ->

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။
(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်
ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့
မပေးမိအောင် သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ
Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။ Continue Reading ->
မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။
“အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။
“ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။
ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှ မရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့ မရှိကြောင်း စမ်းချောင်းသား တဦးက ပြောသည်။
“ပန်းခြံထဲမှာ ပိုက်ဆံတောင်းတဲ့ ကလေးတချို့ ညဘက်အိပ်လေ့ရှိတယ်” ဟု ပဒုမ္မာ ပန်းခြံအနီး နေသူတဦးက ပြောသည်။
မတ်လ (၃) ရက်နေ့ ည (၁၁) နာရီကျော်တွင် လှည်းတန်း မီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲဆောင် အနီး ပန်းခြံထဲတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားကြောင်း လှည်းတန်း မီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် နေထိုင်သူတဦးက ပြောသည်။
“ဗုံးပေါက်တယ်လည်းပြောရော ချက်ချင်းရောက်လာကြတယ်။ ရဲတွေပေါ့ဗျာ။ ပြီးတော့ သည်းသည်းလှုပ်ပြီး ပန်းခြံထဲကို ဘယ်သူမှ မ၀င်ရ ဆိုပြီး ပိတ်တယ်။ အဲဒီပန်းခြံကို ဘယ်သူမှ ၀င်ပြီး အပန်းမဖြေဘူး အဲဒါအသေ အချာပဲ၊ ဗုံးပေါက်တဲ့ ပန်းခြံဟာ ယာဉ်ထိန်းရဲတွေနဲ့ နီးတဲ့နေရာပဲ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူ မရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။
Ref: ခေတ်ပြိုင်
ကျနော် အခု စာမေးပွဲနီးလာပြီ စာမရ ကျောင်းပျက် စာမရှိတာကြောင့် စာကျက်ရအောင် ဘလော့ရေးခြင်းကို ခဏ နားပါမယ် ၃ပတ်လောက်ပါပဲ စာတွေကို ကျနော်တို.ကျောင်းက မမေဦးကျေးဇူးနဲ့စုံပါပြီ အခုမီးကပျက်ပဲပျက်နေတယ်။
အရင်က ကျနော် co.cc domain နဲ့ရေးပါတယ် ဒါပေမယ် ftp က အဆင်မပြေ conettion ကမကောင်း လို. myanmar genius ကပေးတဲ့အငေ့်နဲ့စတင်ရေးပါမယ် အားပေးကြပါအုံးနော်