Archive for February, 2009
ဒီဟာသလေးကတော. six faces ဆိုတဲ.ဘလော.တစ်ခုမှာတွေ.လို.
ကူးပြီးတင်ပေးလိုက်တာပါ။ရယ်မောပျော်ရွှင်နိုင်းပါစေ။
Today’s Equation!
Human = eat + sleep + work + enjoy
Donkey = eat + sleep
Therefore,
Human = Donkey + work + enjoy
If, Human – enjoy = Donkey + work
In other words,
Human that don’t know enjoy = Donkey that work
Men = eat + sleep + earn money
Donkeys = eat + sleep
Therefore, Men = Donkeys [ Read More ]
င်္Forword mail တစ်ခုပါ တိုက်ဆိုင်လို.တင်လိုက်တယ် မျှဝေရုံသက်သက်ပါနော်။
လူငယ်လေးများကိုသိစေချင်လွန်းလို.ပြောပြဖြစ်တာပါ။
လောကမှာဘုရားရှင်ဟောတော်မူခဲ့တာ လူသုံးမျိုးပဲရှိပါတယ်။
၁။ ကျေးဇူးကို မသိတတ်တဲ့သူ
၂။ ကျေးဇူးကိုသိတတ်တဲ့သူ
၃။ ကျေးဇူးကိုသိပြီးပြန်ဆပ်တတ်သူ
မိမိက ဘယ်လိုလူလဲဆိုတာကိုသုံးသပ်သင့်လှပါတယ်။ သစ်ပင်ရိပ်ကို
ခိုခဲ့ရင်းတောင်သစ်ကိုင်းကို မချိုးမိအောင်
ကြိုးစားသင့်တာကတော့ကျေးဇူးသိတတ်ခြင်းရဲ့ပြယုဒ်တစ်ခုပါ။
ကောင်းသော အလုပ်ကိုလုပ်လျှင် ကောင်းကျိုးကို ရ၍ကောင်းသော အလုပ်ကို လုပ်လျှင် မကောင်းကျိုးကိုရ၏။ ဓမ္မ၏နိယာမအတိုင်း ဖြစ်၏။ဓမ္မနိယာမအတိုင်း ဖြစ်အောင် ဓမ္မက ဆောင်ရွက်သည်။သိုရာတွင် ဓမ္မနိယာမကို
ပြောင်းပြန် လုပ်သူများသည် မကောင်းသော အလုပ်ဖြင့် မကောင်းကျိုးကို ရရှိတတ်ကြသည်၏။ကောင်းသော အလုပ်ဖြင့် မကောင်းကျိုးကို ရရှိတတ်ကြ၏။
ဤဓမ္မနိယာမ ကိုပြောင်းပြန် လုပ်ခြင်းအားဖြင့် ဒုစရိုက်သမားများက ချမ်းသာကြွယ်ဝပြီး သုစရိုက်သမားများ က ဆင်းရဲကြ သည်ကို မျက်စီအောက်ပင် တွေမြင် ကြရလေရာ ဓမ္မနိယာမ ဟူသည် မှန်ကန်မှမှန် ကုန်လေရဲ. လား ဟူ၍် မေးခွန်းထုတ်တတ်လာကြ၏။ကုသိုလ် နှင်အကုသိုလ် အပေါ် သံသယ ရှိတတ်ကြ၏။
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဒီမိုကရေစီ လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ တို့အား အမှတ်ရ၊ ဂုဏ်ပြုသောအနေဖြင့် Myanmar Genius Forum တွင် ကဗျာနှင့် Essay ပြိုင်ပွဲအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ပြိုင်ပွဲတွင် ဆုရရှိမှုအား မည်သည့် Admin, Moderator တို့ကမှ ရွေးချယ်ခြင်းပြုလုပ်မည်မဟုတ်ပဲ Vote ပေးခြင်း စနစ်ဖြင့်သာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Vote ပေးရာတွင် မည်သည့် နည်းပညာပိုင်း၊ နည်းစနစ်ပိုင်းကိုမှ တင်းကြပ်ထားခြင်းမရှိပဲ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်နားလည်မှု၊ လေးစားမှုတို့ကို အလေးထားသောအားဖြင့် လွတ်လပ်စွာ ခွင့်ပြုထားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွင် ဆုရရှိသူများအတွက် ငွေကြေး၊ လက်ဆောင်များ ပေးအပ်သွားမည်မဟုတ်ပဲ [ Read More ]
ကျောက္ကာရွှေဂူနီ
ဘုရားကိုလ ဖူးမြင်ရစေလို
ဘော်ဒါတွေလွမ်းတဲ့စိတ်နဲ.
ကြိတ်၍သာငို
ကျမျက်ရည်စိုရွှဲ
ပျော်ရွှင်စွာဘော်ဒါတွေနဲ.
ကဲချင် လှတယ်
ကျောင်းဘယ်တော.
ဖွင့်မလဲ။
ကျောက္ကာဦး မှာ သောက်ခါအမြဲ
မှောက်ကာလဲပြီး လျှောက်ပါဆဲ
ကမြင်းကျောထ တဲ့ရက်တွေကို
စိတ်ဝယ် သတိရ
မန်းတောင်မြေ အရပ်တပါးဆီက
တမာမြေတို့ တက္ကသိုလ်ကို မျှော်မိတိုင်းလွမ်းလှတယ်လေး။
ps:မုံရွာ မှာကျောင်းတက် တုန်းက ရေးထားတာ ပါ ကျောင်းပိတ်ရင် ဘော်ဒါတွေလွမ်းလိုလေ မန္တလေး မှာတုန်းက ရေးထားတာ
ပထမနှစ် ကျောင်းပိတ်တုန်းက ပေါ့
စံပယ်ဖြူ နိုဝင်ဘာလထွက်ပြီး ဆက်မထွက်တော့ပဲ နေနေတယ် ကျနော် ကတော့ စံပယ်ဖြူပျက်ပြီလား ထုတ်ဝေခွင့်ပဲ မပြုတောတာလား
စိတ်ပူစိုးရိမ်နေတာ အခုမှပဲ အလုံးကြီးကျတော့တယ် စံပယ်ဖြူမဂ္ဂဇင်း အမှတ်(၁)ဇန်န၀ါရီ၊၂၀၀၉ထွက်လာပါပြီ။မျက်နှာဖုံးမှာ တခြားအဆို
အမိန့်တွေ နဲ့မဟုတ်ဘူး စံပယ်ဖြူရဲ့ပင်ကို ဆောင်ပုဒ်ဖြစ်တဲ့ ပုဂ္ဂလအရည်အသွေးမြင့်မာမှုမှသည် လူမှုဘ၀ကောင်းမျာဆီသို.ဆို.တဲ့
စကားပဲပါတယ်။ စာအုပ်က အရင်ကထက်ထူတယ် ဒီလ အတွက် special-themes ကတော့ သွေးနှင့်ချွေးနဲ့ရင်းခဲ့ရသည့် အာရှ၏
သမိုင်းသင်ခန်းစာများနှင့် အမျိုသား ခေါင်းဆောင်ကြီးများ အကြောင်းဗျ ဆရာ စိုးဌေး ဘာသာပြန်တယ်လေ။နောက်
Special pagesfor youth မှာလည်း
ဖျော်ဖြေပညာပေးခြင်း၏သက်ရောက်မှု၊ဆွန်ယက်ဆင်၏ပညာရေးငယ်ဘ၀၊သချာင်္ဖြင့်ကမ္ဘ္ဘာဂြိုလ်ကိုဆင်ခြင်ခြင်း၊
အတ]္တနယ်စပ်မျဉ်း၊အပြုသဘောဆောင်သောစည်းကမ်း၊ယနေ့ အင်ဒိုနီးရှား = ၁၆ရာစု ဥရောပ၊ကလေးနဲ့တီဗီ စတဲ့ စတဲ့ ဆောင်းပါတွေ
အများကြီးပါတယ်။
စံပယ်ဖြူရနံ ထာဝရကြိုင်လှိုင်နိုင်ပါစေ……..
ဘလော့ဂ်နာကျ လေပွသောခါ။
ကီးဘုတ်ကိုဆွဲ၊ စိတ်အားကို ခဲကာ။
ရှည်ကြာထိုင်လစ်၊ ပို့စ်အသစ် ထွက်မလာ
မုဒ်ပျောက်စိတ်ထွေ၊ ဝေလေလေ.
ရေသာသောက်၍ အိပ်သည်နှင့်လေး။ ။
ဂူဂယ်လ်ရီဒါ၊ ပို့စ်သစ်တွေ တက်လာ
သူများတကာရေးပုံ၊ နည်းစုံကြည့်ကာ
ငါလည်း ဒီတစ်ခါ၊ အဟုတ်တကယ်ရေးမှာ
လုပ်မယ်တကယ်ဟ၊ အားမာန်ပြ
နွမ်းလျစိတ်လေ၊ ပို့စ်မရချေ
လိပ်ခွေနုံးလျက်၊ ဂျီတော့ခ်မှာချက်
လက်သာညောင်း၍ အိပ်သည်နှင့်လေး။ ။
စာရွက်ပေါ်ဝယ်၊ အသွယ်သွယ်ရေးခါ
သုတရသ၊ နည်းပညာခွဲရာ
ဝမ်းသာအားရ၊ ရေးပြမည်လေ
စိတ်မထွေတမ်း၊ မရမကဖမ်း
ပွဲကြမ်းသည်ကြောင့်၊ မုဒ်ပြန်ပျောက်
စားပွဲပေါ်မှောက်၍ အိပ်သည်နှင့်လေး။ ။
ယူကျူဘ်ဝင်ချက်၊ ပို့စ်သစ်တွက်ရှာ
ဆားချက်မည်ပေါ့၊ စိတ်ဖော့ထားခါ
နားထောင်လေရာ၊ သီချင်းထောင်တစ်ရာ
ခေါင်းတွင်တွင်ကုတ်၊ ပို့စ်ထုတ်မရပါ
စွေ့စွေ့ကယ်ခုန် လူတောင်တုန်
ရှိသမျှ ဘရောက်ဇာ၊ ပိတ်ခါသိမ်းတော့မည်…
ပြီးလျှင် စောင်ခြုံကာ၊ ထွေးခါအိပ်တော့မည်…
(မော်ဒန်တျာချင်း … ကန်ယို)
ကိုရန်အောင်ရဲ့ ဘလော့က ကူးယူပါသည် ရီရတယ်နော်။
အဒမ်စမစ်(၁၇၂၃-၁၇၉၀) က စကော.လူမျိုးဒသနပညာရှင်တစ်ယောက်ပါ။ ဘယ်လိုရောင်လည်လည် နဲ့ဘောဂဗေဒပညာရှင်ဖြစ်လာလဲမသိဘူးဗျ။ သူကိုကျောင်းကဆရာသမားတွေကတော.ဘောဂဗေဒရဲ့ဖခင်လို.ပြောကြတာပဲဗျ။
သူရဲ.အတွေးအခေါ်ကလူတစ်ဦးချင်းကောင်းအောင်လုပ်နောက်လူအဖွဲ.အစည်းလိုက်ကောင်းလာမယ်လို.
ယူဆတယ်။လူအဖွဲ.စည်းလိုက်ကောင်းဖို.ထက်တဦးချင်းကောင်းအောင်လုပ်တာပိုလွယ်တယ်လို.ဆိုပါတယ်။ လူတွေရဲ.အတ္တဟာစီးပွားရေးတိုးတက်ဖို.ရဲ.အဓိကမောင်းနှင်အားဆိုပဲ။
စီပွားရေးမှာ အစိုးရအပါအ၀င် ဘယ်အင်အားစုမှ၊၀င်ပြီးမစွက်ဖက်သင့်ဈေးကွက်ကိုဇီးကွက်နဲ့ (နောက်တာ)ဈေးကွက်ထားတာ အကောင်းဆုံးဝယ်လိုအားနဲ့ရောင်းအားကအဆင်ပြေအောင် ချိန်ညို ပေးမယ်လို.ပြောခဲ့တယ်။ဈေးကွက်ကိုလွတ်လွတ်လပ်လပ်ထားတာအကောင်းဆုံးသတဲ့ဗျ။
မုံရွာကျောင်းမှာသူပုံနဲ့ T-shirt ထုတ်တော.အတော်ရောင်းရတယ်။သူကျေးဇူးတွေကျနော်ပေါ်ရှိပါ တယ်

