
ရာဇ၀င်များရဲ့ သတို့သမီးတဲ့
အမိ အဖတို့ရဲ့ အသွေးအသားတို့
တသွင်သွင် စီးဆင်းနေတဲ့
ခေတ်အဆက်ဆက် တောက်ပခဲ့တဲ့
မီးအိမ်ရှင် သတို့သမီး။
တိုင်းသူပြည်သားတို့ရဲ့ ရင်နင့်သည်းချာ
ချစ်ခြင်းမေတ္တာ ဝေဆာခဲ့တဲ့
သတို့သမီး။
ဘယ်ဘက်က တစ်ဆုပ်ကြဲ
ညာဘက်က တစ်လှည်း မမျှော်လင့်ဘဲ
သုံးတန်စေတနာ ပြတ်သားခဲ့တဲ့
ဂရုဏာရှင် သတို့သမီး။
ကြွေးသစ်တို့ အတိုးချရင်း
ကြွေးဟောင်းကို ဆပ်နေတဲ့
သူကျေးဇူးကို အဖိုးမဖြတ်တန်ဖိုးတက်စေတဲ့
လမ်းပြရှေ့ဆောင် သတို့သမီး။
ရာဇ၀င်များရဲ့ ခမ်းနားတဲ့ သတို့သမီးရေ……
မိဘမေတ္တာငတ် အမွေဖြတ်ခံရတဲ့ အခါ
ထားဆဲ သစ္စာ တည်တံ့မှာလား
ထားဆဲ့ မေတ္တာ တည်ရှိအုန်းမလား
စိုးရိမ်လို့သားကွယ်။
အစိမ်းရောင် ဘက်တော်သား ကျွန်တော်သူငယ်ချင်း ကိုသိန်းစိုး(သိုးစိမ်း) မြစ်ဆုံ ရောက်ခဲ့ စဉ်က ခံစားရေးဖွဲ့ထားတာကို မျှဝေလိုက်ပါတယ် ခင်ဗျာ










